ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ကမ္ဘာ့ဖလား Mascot အရုပ်ကြီးတွေဝတ်ပြီး လက်ကြီးသမား မူးယစ်ဆေးဝါးတရားခံကို ဖမ်းဆီးတဲ့ ပီရူးရဲတပ်ဖွဲ့

Dawei Watch

June 20, 2026

ပီရူးရဲတပ်ဖွဲ့ဝင် နှစ်ယောက်ဟာ ကမ္ဘာ့ဖလား Mascot လာဘ်ကောင်ရုပ်တွေဖြစ်တဲ့ “ကလပ်ချ် (Clutch)” နဲ့ “မေပယ် (Maple)” အရုပ်ဝတ်စုံတွေကို ရုပ်ဖျက်ဝတ်ဆင်ပြီး ပီရူးနိုင်ငံ၊ လီမာရဲ့ လက်ကြီးသမား မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်း ချသူလို့ သံသယရှိသူတစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါဟာ ပီရူးနိုင်ငံမှာ သာမကဘဲ ကမ္ဘာ့ဘောလုံးရပ်ဝန်းမှာပါ ထူးခြားတဲ့သတင်းတစ်ပုဒ်ဖြစ်သွားခဲ့ပါတယ်။ အခြေခံရာဇဝတ်မှုတွေကို နှိမ်နင်းရတဲ့ Green Squadron တပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ ကာလော့စ် အယ်လ်ကန်တာရာရဲ့ ပြောကြားချက်အရ မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ ကစားတဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ အသက် ၄၈ နှစ်အရွယ်ရှိတဲ့ တရားခံ ကာလော့စ် ကာဘရီရာ ကို အသွင်ယူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အကူအညီနဲ့ ဖမ်းဆီးနိုင်ခဲ့တာလို့ ပြောပါတယ်။ ရဲအရာရှိ အယ်လ်ကန်တာရာ က “ထောက်လှမ်းရေးအချက်အလက်တွေအရ ဒီတရားခံဟာ […]

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ အပစ်ရပ်

Dawei Watch

June 20, 2026

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးသည် ဇွန်လ ၁၉ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် စတင်အသက်ဝင်ခဲ့ကြောင်း အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ “ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပါပြီ” ဟု အမည်မဖော်လိုသည့် အဆိုပါ အမေရိကန်အရာရှိက ဆိုသည်။ အဆိုပါ အပစ်ရပ်သဘောတူညီချက်ရရှိရန် အမေရိကန်နှင့် ကာတာဘက်မှ စေ့စပ်ညှိနှိုင်းရေးမှူးများက အီရန်၏ အကူအညီဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။ ဟစ်ဇ်ဘိုလာနှင့် အပစ်ရပ်သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦးကလည်း အတည်ပြုပြောဆိုခဲ့သည်။ “ကျွန်တော်တို့ အပစ်ရပ်အခြေအနေမှာ ရှိနေပါတယ်။ ဟစ်ဇ်ဘိုလာဘက်ကသာ ကျွန်တော်တို့ကို မတိုက်ခိုက်ဘူးဆိုရင် ကျွန်တော်တို့ဟာ စစ်ပွဲကာလထဲ ရောက်နေတာ မဟုတ်တော့ပါဘူး” ဟု အဆိုပါ အစ္စရေးအရာရှိက ပြောကြားခဲ့သည်။ သို့ရာတွင် […]

မက်ဆီရဲ့ ဖခင် ကျန်းမာရေး တိုးတက်လာပြီ၊ မဟုတ်မမှန် မပြောကြဖို့နဲ့ လူသားချင်းစာနာမှုရှိဖို့ မိသားစု တောင်းဆို

Dawei Watch

June 19, 2026

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ ဖခင် ဂျော့ချ် မက်ဆီရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာတွေထက်မှာ ကောလာဟလတွေနဲ့ အခြေအမြစ်မရှိတဲ့ ခန့်မှန်းပြောဆိုမှုတွေ၊ သတင်းဖြန့်ဝေနေတာတွေကို အခုချက်ချင်း ရပ်လိုက်ဖို့ မက်ဆီတို့မိသားစုက အသိပေးလိုက်ပါတယ်။ မက်ဆီတို့မိသားစုဘက်ကနေ တရားဝင် သတင်းကြေညာချက်ကို အမြန်ဆုံး ထုတ်ပြန်လိုက်ရုံသာမကဘဲ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အားလုံးအနေနဲ့ “တာဝန်သိဖို့၊ သတိပညာရှိကြဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု ရှိကြဖို့” ပြတ်ပြတ်သားသား တောင်းဆိုလိုက်ပါတယ်။ မိသားစုရဲ့ အတည်ပြုချက်အရ လောလောဆယ်မှာ မက်ဆီရဲ့ဖခင်ဖြစ်သူ ဂျော့ချ် က ဆေးဘက်ဆိုင်ရာလုပ်ငန်းစည် စောင့်ကြည့်မှုအောက်မှာ ရှိနေပြီး ကျန်းမာရေးအခြေအနေဟာ ပြန်လည်ကောင်းမွန် တိုးတက်လာနေပြီ လို့ သိရပါတယ်။ “အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေ၊ ကောလာဟလတွေနဲ့ စိတ်ကူးယဉ် ခန့်မှန်းချက်တွေကို မယုံကြည်ပါနဲ့။ ဒါဟာ မိသားစုနဲ့သာ သက်ဆိုင်တဲ့ […]

ထိုင်းတွင် ဖမ်းဆီးခံရသော နိုင်ငံခြားသားများကို ချက်ချင်းပြန်ပို့ရန် ဥပဒေပြင်ဆင်မည်

Dawei Watch

June 19, 2026

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာနိုင်ငံသို့ ချက်ချင်းပြန်ပို့နိုင်ရန် ဥပဒေပြင်ဆင်ရေးဆွဲမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် Pakorn Nilprapunt က ယနေ့တွင် ပြောသည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ အွန်လိုင်းငွေလိမ်မှု၊ အမည်ခံစီးပွားရေးလုပ်ငန်းများ၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ စသော နိုင်ငံခြားသားများ ကျူးလွန်နေသော ရာဇဝတ်မှုများကို ဖြိုခွင်းနှိမ်နှင်းရေးနှင့် ပတ်သက်၍ ယနေ့ ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေးတွင် ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ဥပဒေပြင်ဆင်ရေးဆွဲရန် ညွှန်ကြားခဲ့ကြောင်း ၎င်းက ဆိုသည်။ လက်ရှိ ဥပဒေအရ နိုင်ငံခြားသားများကို ဖမ်းဆီးနောက် ဥပဒေအရ အရေးယူပြီးပါကလည်း နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်များမှာ ကြန့်ကြာနေသေးကြောင်း ဒုဝန်ကြီးချုပ်က ပြောဆိုသည်။ နိုင်ငံခြားသားများသည် နေရပ်ပြန်ရန်အတွက် ၎င်းတို့ကိုယ်တိုင် ကုန်ကျစရိတ်များကို ကျခံနေရကာ လက်ရှိတွင် မတတ်နိုင်ကြသဖြင့် နှောင့်နှေးမှုများရှိနေဆဲဖြစ်ကြောင်း ၎င်းက […]

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဘန်ကောက်က မြန်မာသံရုံးရှေ့ နှင်းဆီပန်းဝေသော မြန်မာအချို့ကို ရဲတပ်ဖွဲ့ ခေါ်စစ်

Dawei Watch

June 19, 2026

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် နှင်းဆီပန်း ဝေနေသော မြန်မာနိုင်ငံသားအချို့ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်လိုက်ကြောင်း ကိုယ်တိုင်စစ်ဆေးခံရသည့် ကာယကံရှင်တစ်ဦးက ပြောသည်။ ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရအနေဖြင့် မြန်မာနိုင်ငံသားများက လမ်းသွားလမ်းလာများအား နှင်းဆီပန်း ဝေခဲ့ကြောင်း ၎င်းဆိုသည်။ မြန်မာနိုင်ငံသားများ နှင်းဆီပန်းဝေနေစဉ် ကြိုတင်ရောက်ရှိနေသော ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ ခေါ်ယူခဲ့ကြောင်း ပြောဆိုသည်။ စစ်ဆေးမေးမြန်းပြီးနောက် သုံးနာရီခန့်အကြာတွင် မြန်မာနိုင်ငံသားများကို ပြန်လွှတ်လိုက်ကြောင်း ကိုယ်တိုင်စစ်ဆေးခံရသော ကိုဇေက ပြောသည်။ “ကျွန်တော်တို့က နှင်းဆီပန်းဝေဖို့ သွားတာပါ။ အဲဒါ ရဲတွေကတော့ ကြိုရောက်နေတာပေါ့နော်။ ကျွန်တော်တို့ ဝေနေတုန်း စစ်ဆေးမေးမြန်းဖို့ဆိုပြီး […]

အီရန်နှင့် ဆွေးနွေးမည့် ခရီးစဉ် ကန်ဒုသမ္မတ ဖျက်သိမ်း

Dawei Watch

June 19, 2026

စစ်ပွဲအဆုံးသတ်ရေး အချက် ၁၄ ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲအတွက် ဆွစ်ဇာလန်နိုင်ငံတွင် အီရန်တာဝန်ရှိသူများနှင့် တွေ့ဆုံမည့် ခရီးစဉ်ကို အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဖျက်သိမ်းလိုက်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။ အမေရိကန် – အီရန် သဘောတူညီချက်အတွက် တရားဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့တွင် နှစ်နိုင်ငံသမ္မတများ လက်မှတ်ရေးထိုးပြီးဖြစ်၍ တရားဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနား မလိုအပ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ နောက်ထပ်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မစတင်မီ အမေရိကန်အနေဖြင့် ယာယီသဘောတူညီချက်ကို အကောင်အထည်ဖော်သည့် လက္ခဏာများ ဖော်ပြရန် အီရန်ဘက်က လိုလားကြောင်း အီရန်မီဒီယာTasnim သတင်းတွင် ဖော်ပြသည်။ အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် အီရန်ကိုယ်စားလှယ်အဖွဲ့ ဆွစ်ဇာလန်နိုင်ငံ ၊ ဂျီနီဗာမြို့သို့ သွားရောက်ရန် […]

ဒီအာရ်ကွန်ဂိုအသင်းကို ကျောက်ရုပ်လို အားပေးတဲ့ပရိသတ် အမေရိကန် ဗီဇာရပြီ

Dawei Watch

June 19, 2026

ဒီအာရ်ကွန်ဂိုအသင်းရဲ့ ပွဲစဉ်တိုင်းမှာ ပွဲအစကနေ အဆုံးအထိ တစ်နေရာတည်းမှာ တစ်ပုံစံတည်း ကျောက်ရုပ်လို မတ်တပ်ရပ်ပြီး အားပေးလေ့ရှိတဲ့ ကမ္ဘာကျော် ပရိသတ်တစ်ယောက် ရှိပါတယ်။ သူ့ရဲ့နာမည်က မိုင်ချယ်လ် ကူကာ ဘိုလာဒင်ဂါ ပါ။ အဲ့ဒီနာမည်ကြီး ပရိသတ်ဟာ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် ဗီဇာ အငြင်းခံခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ကွန်ဂိုနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ပွဲစဉ်ကို ကွင်းထဲလာရောက်ပြီး သူ ကြည့်ခွင့် မရလိုက်ပါဘူး။ ဒါဟာ သူ့အတွက် ၆ နှစ်တာကာလအတွင်း ဒီအာရ်ကွန်ဂိုရဲ့ပွဲကို ပထမဆုံးအကြိမ် ပွဲလွဲချော်လိုက်ရတာလည်း ဖြစ်ပါတယ်။ ဒီအာရ်ကွန်ဂိုအသင်းရဲ့ ကစားသမားတွေဟာ ကစားသမားအတော်များများနဲ့ ပူးပေါင်းပြီး အဲ့ဒီပရိသတ် ကွင်းထဲကို ပြန်လည်ဝင်ရောက် အားပေးနိုင်ဖို့အတွက် အမေရိကန်အစိုးရရဲ့ ဗီဇာငြင်းပယ်မှု ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ပေးခဲ့ကြပါတယ်။ ကစားသမားတွေက “သူဟာ ပွဲတိုင်းမှာ […]

ဖူးခက်တွင် မြန်မာပရဟိတသမားကို ရဲတပ်ဖွဲ့ ခေါ်ယူစစ်ဆေးပြီး နေ့ချင်းပြန်လွှတ်

Dawei Watch

June 18, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဖူးခက် ဘန်ထောင် ပရဟိတအဖွဲ့က ကိုဇာနည်ကို ရဲတပ်ဖွဲ့က ယနေ့ (ဇွန်လ ၁၈) ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ချက်ချင်း ပြန်လွှတ်လိုက်ကြောင်း ကိုဇာနည်က ပြောသည်။ ဖူးခက်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦးသည် သေနတ် ကိုင်ထားသော ဓာတ်ပုံကို ဆိုရှယ်မီဒီယာတွင် တင်ထားပြီး ၎င်းဝတ်ဆင်ထားသော ပရဟိတ အဝတ်အစားသည်လည်း ထိုင်းအာဏာပိုင်များ ဝတ်ဆင်သော အဝတ်အစားများနှင့် ဆင်တူနေသည်ဟု Phuket Times သတင်းဌာနက ယနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် ဖော်ပြသည်။ အဆိုပါ မြန်မာနိုင်ငံသားသည် အခြားမြန်မာနိုင်ငံသားများထံက ငွေကြေးများ ကောက်ခံနေသည်ဟုဆိုကာ စစ်ဆေးပေးရန် သတင်းတွင် ရေးသားထားသည်။ သတင်းတွင် ဖော်ပြခံရသူမှာ ဖူးခက်မြို့တွင် ပရဟိတနှင့် မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသော ကိုဇာနည်ဖြစ်ပြီး ယနေ့တွင် […]