ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ကတိကဝတ်ပျက်ပါက အီရန်ကို အပြတ်ရှင်းပစ်မည်ဟု ထရမ့် ပြော

Dawei Watch

June 18, 2026

စစ်ပွဲအဆုံးသတ်ရေးအတွက် နှစ်နိုင်ငံသမ္မတများ လက်မှတ်ရေးထိုးခဲ့ကြသည့် ယာယီသဘောတူညီချက်စာသားကို အမေရိကန်နှင့် အီရန်တို့က ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်သည်။ တချိန်တည်းမှာပင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်ပါက တိုက်ခိုက်မှုများ ပြန်စတင်ပြီး အီရန်အရာရှိများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ “သဘောတူညီချက်ကို သူတို့ ချိုးဖောက်ရင် သူတို့ကို ကျွန်တော်တို့ ဗုံးကြဲပြီး အပြတ်ရှင်းမှာပါ”ဟု အီရန်နှင့်ပတ်သက်၍ သမ္မတထရမ့်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ အီရန်အနေဖြင့် ပဲ့ထိန်းဒုံးကျည်များ မပိုင်ဆိုင်ထားလျှင် မတရားရာရောက်မည်ဟု သမ္မတထရမ့်က ပြောသည်။ ယင်းမှာ အီရန်ကို အမေရိကန်က ဦးစွာပထမ တိုက်ခိုက်ခဲ့ရသည့် ၎င်း၏ အကြောင်းပြချက်များအနက်မှ တစ်ချက်ကို ပြန်ရုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။ အီရန်၏ ပဲ့ထိန်းဒုံးကျည်များကို အမြစ်ပြတ်ချေမှုန်းပစ်မည်ဟု သမ္မတထရမ့်က ယခင်က ကတိပြုပြောဆိုခဲ့ဖူးသည်။ အမေရိကန်နှင့် […]

ဂိုးသမား ဗိုဇင်ညာရဲ့မိခင် ကမ္ဘာ့ဖလားပွဲလာကြည့်နိုင်ဖို့ အမေရိကန်အစိုးရ အရေးပေါ်စီစဉ်ပေး

Dawei Watch

June 18, 2026

ငွေကြေးမတတ်နိုင်လို့ ဗီဇာအာမခံကြေး မပေးနိုင်တဲ့ ဗိုဇင်ညာရဲ့အမေကို အမေရိကန်အစိုးရက အထူးစနစ်နဲ့ ကင်းလွတ်ခွင့်ပေးပြီး ပြည်ဝင်ခွင့်ရအောင် စီမံပေးဖို့ လုပ်ဆောင်လိုက်တာပဲဖြစ်ပါတယ်။

“မက်ဆီ ကို အနီကတ်ပြရဲတဲ့ဒိုင်လူကြီး မရှိတော့ဘူးလား”လို့ မေးခွန်းထုတ်နေကြပြီ

Dawei Watch

June 18, 2026

မက်ဆီရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာဖြစ်ပေမဲ့ အခုလိုအခြေအနေမှာတော့ ဥပဒေအရ အရေးယူတာမျိုးပဲ မြင်ချင်မိတယ်လို့ ထောက်ပြတာတွေလည်း တွေ့နေရပါတယ်။

ကမ္ဘာ့ဖလားရဲ့ ရေသောက်ရပ်နားချိန် ဘယ်သူ့အကျိုးစီးပွားအတွက်လဲ

Dawei Watch

June 18, 2026

သေချာနေတာကတော့ ရေသောက်ရပ်နားချိန်မှာ စီးပွားရေးကြော်ငြာတွေ ထည့်သွင်းပြသဖို့ ဖီဖာနဲ့ တာဝန်ရှိသူတွေက စပွန်ဆာစာချုပ်ကြီးတွေ ချုပ်ထားပြီးပြီဖြစ်တဲ့အတွက် ရေသောက်ရပ်နားချိန်ဟာ လိုအပ်လည်းနား၊ မလိုအပ်လည်းနား ဖြစ်လာတော့တာပါပဲ။

အေအိုင်ကြောင့် တရုတ်တက္ကသိုလ် မေဂျာပေါင်း ၁၂၀၀၀ ကျော် ဖျက်သိမ်း

Dawei Watch

June 17, 2026

အေအိုင်နည်းပညာကြောင့် အလုပ်အကိုင်ဈေးကွက် အလျင်အမြန်ပြောင်းလဲလျက်ရှိသည့် တရုတ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တက္ကသိုလ်နှင့် ကောလိပ်များ၌ ဘွဲ့ကြိုဒီဂရီသင်တန်းပေါင်း ၁၂,၂၀၀ ကို ပယ်ဖျက်ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ ယင်းသို့ ပယ်ဖျက်ဆိုင်းငံ့ပြီး ဘွဲ့ကြိုဒီဂရီသင်တန်းသစ်ပေါင်း ၁၀,၂၀၀ ကို စတင်မိတ်ဆက်ပြဋ္ဌာန်းခဲ့ကြောင်း တရုတ်အစိုးရပညာရေးဝန်ကြီးဌာနကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ ယင်းမှာ တရုတ်နိုင်ငံအတွင်း တက္ကသိုလ်နှင့် ကောလိပ် သင်တန်းအစီအစဉ်များ၏ ၃၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ပြင်ဆင်မွမ်းခံခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ပယ်ဖျက်ဆိုင်းငံ့ခံလိုက်ရသည့်အထဲ ဝိဇ္ဇာဘာသာရပ်များ၊ လူမှုအခြေပြုပညာဘာသာရပ်များ၊ နိုင်ငံခြားဘာသာစကားနှင့် စီမံခန့်ခွဲမှုဘာသာရပ်များ အဓိကပါဝင်ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် ယင်းဘာသာရပ်နယ်ပယ်များကို ခေတ်မမီတော့ခြင်း သို့မဟုတ် လိုအပ်သည်ထက် ပိုမိုများပြားလွန်းနေသည်ဟု ရှုမြင်ခံရမှု ပိုမိုတိုးပွားလာနေသည်။ တရုတ်နိုင်ငံတွင် […]

ထိုင်းတွင် နိုင်ငံရေးသမားနှင့် အနုပညာရှင်များ ပါဝင်နိုင်သော Forex ငွေလိမ်ကွန်ရက်ကို ရဲတပ်ဖွဲ့ ဖြိုခွင်း

Dawei Watch

June 17, 2026

ထိုင်းနိုင်ငံတွင် နိုင်ငံရေးသမားများနှင့် အနုပညာရှင်များ ပါဝင်နိုင်သော Forex အမည်ရှိ ငွေ‌ကြေးလိမ်လည်နေသော ကွန်ရက်တစ်ခုလုံးကို ရဲတပ်ဖွဲ့က ဖြိုခွင်းနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အထူးစုံစမ်းရေးဌာန (DSI)၊ အွန်လိုင်းရာဇဝတ်မှု စုံစမ်းရေးဗျူရို (CCIB)၊ တရားရေးဝန်ကြီးဌာနနှင့် ထိုင်းဗဟိုဘဏ်တို့က “Shutdown the Laundering” အမည်ရှိ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးစီမံချက်ကို ဇွန်လ ၁၆ရက်တွင် လုပ်ဆောင်ခဲ့သည်။ နိုင်ငံအတွင်း စီးပွားရေး ရာဇဝတ်မှုများကို နှိမ်နှင်းရန်၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိခိုက်ပျက်စီးမှုမှ ကာကွယ်နိုင်ရန်၊ စီးပွားရေးနှင့် ငွေကြေးစနစ်တစ်ခုလုံးကို ပြည်သူများ ပိုမိုယုံကြည်မှုရှိလာရန် ယင်းစီမံချက်ကို လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။ ဘန်ကောက်၊ နွန်ထဘူလီ၊ ပထုံဌာနီ၊ စမွတ်စခွန်၊ စမွတ်ပရကန် စသော ခရိုင်များရှိ နေရာပေါင်း ၂၄ နေရာက Forex အမည်ရှိ ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ဆိုင်သော […]

ထိုင်းထီရောင်းနေသော မြန်မာနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

June 17, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် လမ်းဘေးတစ်နေရာတွင် ထီရောင်းနေသော မြန်မာနိုင်ငံသားနှစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ ချွန်ဘူရီမြို့ လမ်းတစ်လျှောက်တွင် နိုင်ငံခြားသားများ ထီရောင်းနေကြောင်း တိုင်ကြားလာသဖြင့် ဇွန်လ ၁၆ ရက်နေ့က အလုပ်သမားရုံး တာဝန်ရှိသူများနှင့် အာဏာပိုင်များက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ လမ်းတစ်လျှောက်စစ်ဆေးစဉ် မြန်မာနိုင်ငံသားနှစ်ဦး ထီရောင်းချနေသည်ကို တွေ့ရသဖြင့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေမှုဖြင့် ဖမ်းဆီးခဲ့ဟုဆိုသည်။ ၎င်းတို့နှစ်ဦးနှင့်အတူ ဘတ် လေးသောင်းကျော်တန်ဖိုးရှိ ထီလက်မှတ် ၅၀၀ ကျော်ကိုလည်း သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသားနှစ်ဦးကလည်း ထီလက်မှတ်များကို အခြားသူထံမှ ယူ၍ ရောင်းချခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံထားသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှစ်ဦးကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန် ချွန်ဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး အလုပ်ရှင်နှင့် ဆက်စပ်နေသူများကို ရှာဖွေဖော်ထုတ်၍ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းတွင် […]