ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

“မက်ဆီ ကို အနီကတ်ပြရဲတဲ့ဒိုင်လူကြီး မရှိတော့ဘူးလား”လို့ မေးခွန်းထုတ်နေကြပြီ

June 18, 2026

အာဂျင်တီးနားက အယ်လ်ဂျီးရီးယားကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ မက်ဆီရဲ့ ဘောလုံးဖျက်ထုတ်မှုတစ်ခုအတွက် အဝါ ဒါမှမဟုတ် အနီကတ်မပြခဲ့တဲ့အပေါ် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။

မန်စီးတီးနောက်ခံလူဟောင်း အိုနူအိုဟာ အပါအဝင် ပရိသတ်တွေက မက်ဆီဟာ အနီကတ်ထိခဲ့သင့်တယ်လို့ ယူဆကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။

မက်ဆီဟာ အယ်လ်ဂျီးရီးယားကစားသမားဆီက ဘောလုံးပြန်လုဖို့ ကြိုးစားချိန်မှာ အနောက်ကနေ ခြေထောက်နဲ့ တက်နင်းသလိုဖြစ်ခဲ့တာပါ။

စည်းမျဉ်းတွေအရ ဒါဟာ အနီကတ်အထိ ပြသခံခဲ့ရသင့်တယ်လို့ ထောက်ပြနေကြပြီး မက်ဆီကို အနိမ့်ဆုံးအဆင့် အဝါကတ်တောင် မပြခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ မေးခွန်းထုတ်စရာပါပဲလို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

တချို့သောပရိသတ်တွေက ‘မက်ဆီကို အနီကတ်ပြရဲတဲ့ ဒိုင်လူကြီး မရှိတော့ဘူးလား” လို့ မှတ်ချက်တွေ ပေးနေကြတဲ့အပြင် တစ်ဖက်မှာ မက်ဆီရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာဖြစ်ပေမဲ့ အခုလိုအခြေအနေမှာတော့ ဥပဒေအရ အရေးယူတာမျိုးပဲ မြင်ချင်မိတယ်လို့ ထောက်ပြတာတွေလည်း တွေ့နေရပါတယ်။