ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ထိုင်းတော်ဝင် မင်းသမီး နတ်ရွာစံ

Dawei Watch

June 12, 2026

ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး Bajrakitiyabha Narendiradebyavati သည် သက်တော် ၄၇ နှစ်အရွယ်တွင် နတ်ရွာစံသွားကြောင်း ထိုင်းဘုရင်နန်းတော်က သတင်းထုတ်ပြန်သည်။ တော်ဝင်မင်းသမီးသည် ဇွန်လ ၁၁ ရက် ည ၇ နာရီ ၄၈ မိနစ်တွင် ဘန်ကောက်မြို့ ချူလာလောင်ကွန်းဆေးရုံတွင် နတ်ရွာစံခဲ့ခြင်းဖြစ်သည်။ တော်ဝင်မင်းသမီးသည် နှလုံးရောဂါကြောင့် သတိလစ်မေ့မြောနေသည့် အခြေအနေဖြင့် လွန်ခဲ့သော ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ချူလာလောင်ကွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ ယခုနှစ် မေလ ၂၁ ရက်နေ့မှစ၍ မင်းသမီးသည် အူမကြီး ရောင်ရမ်းခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်းနှင့် သွေးခဲခြင်းများကြောင့် အခြေအနေ ပိုမို ဆိုးရွားလာခဲ့ပြီးနောက် ယမန်နေ့ညတွင် နတ်ရွာစံခဲ့ခြင်းဖြစ်သည်။ တော်ဝင်မင်းသမီး Bajrakitiyabha သည် ထိုင်းဘုရင် ဝချီရာ‌ လောင်ကွန်း၏ […]

ဖွင့်ပွဲကို သုံးနေရာခွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား

Dawei Watch

June 11, 2026

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သမိုင်းတစ်လျှောက် မကြုံစဖူး ထူးခြားတဲ့ပုံစံနဲ့ စတင်တော့မှာပါ။ နိုင်ငံ ၃ ခုက ပူးတွဲအိမ်ရှင်ဖြစ်ခွင့်ရတာဖြစ်လို့ ဖွင့်ပွဲအခမ်းအနားကို တစ်နေရာတည်းမှာမဟုတ်ဘဲ ၃ နေရာ ခွဲပြီး ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ဇွန်လ ၁၁ ရက် ကြာသပတေးနေ့၊ မက္ကဆီကိုစီးတီးမှာ ကစားမယ့် မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ရဲ့ အဖွင့်ပွဲစဉ်မတိုင်မီ ကမ္ဘာကျော်အဆိုတော် ရှာကီရာ နဲ့ ဘာနာဘွိုင်း တို့က ၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်းဖြစ်တဲ့ “Dai Dai” ကို ကမ္ဘာ့ဖလားဖွင့်ပွဲစင်မြင့်ထက်မှာ သီဆိုဖျော်ဖြေပြီး ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန်အရ ဖွင့်ပွဲအခမ်းအနားဟာ ဇွန်လ ၁၂ ရက်၊ မနက် ၁ နာရီခွဲ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ဖွင့်ပွဲအဖြစ် […]

ထိုင်းတွင် ကမ္ဘာ့ဖလားကို Monomax ရုပ်သံလိုင်းတွင် ပြသမည်

Dawei Watch

June 11, 2026

ထိုင်းစံတော်ချိန် မနက်ဖြန်(ဇွန် ၁၂)မနက် ၂ နာရီတွင် စတင်မည့် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို ထိုင်းရုပ်သံလိုင်းဖြစ်သော Monomax တွင် ပြသသွားမည်ဖြစ်သည်။ ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပွဲများ မစတင်မီ နာရီပိုင်းအလိုတွင် Jasmine International Plc (JAS) ကုမ္ပဏီက ရုပ်သံထုတ်လွှင့်ခွင့်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ဖလား ဘောလုံးပွဲပေါင်း ၁၀၄ ပွဲကို Monomax ရုပ်သံလိုင်းနှင့် အက်ပလီကေးရှင်းတွင် ပြသသွားမည်ဖြစ်ပြီး ပုံမှန်လစဉ်ကြေးဖြင့် ဝယ်ယူထားသူများအားလုံး ကြည့်ရှုခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ နောက်ထပ် ကမ္ဘာ့ဖလား ဖွင့်ပွဲများနှင့် ဗိုလ်လုပွဲစဉ်များ အပါအဝင် ပွဲစဉ် တစ်ဝက်ကိုလည်း အခမဲ့ ရုပ်သံလိုင်းများတွင် ပြသနိုင်ရေး ညှိနှိုင်းပြီးလျှင် ထုတ်ပြန်ပေးမည်ဟုဆိုသည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို နိုင်ငံပေါင်း ၄၈ […]

ဘန်ကောက်အနီး တစ်လ တန် ၃၀ထုတ်နေသည့် လိုင်စင်မဲ့ အသားလုံးစက်ရုံ အာဏာပိုင်များဝင်ဖမ်း

Dawei Watch

June 10, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် တရားဝင်ခွင့်ပြုချက် မရှိဘဲ တစ်လလျှင် အသားလုံး တန် ၃၀ ခန့် ထုတ်လုပ်နေသော အသားလုံး (လုချင်း) စက်ရုံကို အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးလိုက်သည်။ ပထုံဌာနီခရိုင် လမ်လုကာဒေသရှိ အသားလုံးစက်ရုံကို FDA အဖွဲ့အပါအဝင် CIB နှင့် စားသုံးသူဦးစီးဌာနက ဇွန်လ ၉ ရက်တွင် ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ စားသုံးသူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မှတ်ပုံတင်အထောက်အထားဆိုင်ရာ ဥပဒေများကို ချိုးဖောက်ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း ဆိုသည်။ အထူးသဖြင့် စက်ရုံထဲရှိ ပစ္စည်းများသည် FDA ထောက်ခံချက် မရှိခြင်း၊ သက်တမ်းကုန်ဆုံးနေခြင်း၊ အချို့ပစ္စည်းများတွင် ထောက်ခံချက်နံပါတ် အတုများကို အသုံးပြုထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။ စက်ရုံသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက ထုတ်လုပ်မှု […]

ကွန်ဂိုတွင် အီဘိုလာကူးစက်ခံရသည့် အတည်ပြုလူနာ ၆၀၀ နီးပါး ရှိလာ

Dawei Watch

June 10, 2026

ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် မိမိကိုယ်ကိုယ် ဘေးကင်းစေရန်နှင့် ရောဂါထပ်မံပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် အခြေခံအသုံးအဆောင်ပစ္စည်းများ ရရှိရန်ပင် ရုန်းကန်နေရဟုဆိုသည်။

အီရန်ကို အမေရိကန် ထပ်မံတိုက်ခိုက်

Dawei Watch

June 10, 2026

ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်အပါချီရဟတ်ယာဉ်တစ်စင်းကို အီရန်ဘက်က ပစ်ချခဲ့သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် အမေရိကန်စစ်တပ်၏ အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

မဲဆောက်တွင် ဆိုင်ကယ်များ ခိုးပြီး ပြန်ရောင်းနေသည်ဆိုသော မြန်မာနှစ်ဦးကို ဖမ်းဆီး

Dawei Watch

June 9, 2026

ဆိုင်ကယ်ခိုးယူမှုတွင် ပါဝင်သူ ၂၀ မှ ၃၀ ခန့်အထိ ရှိနိုင်ပြီး မဲဆောက်နှင့် အနီးဝန်းကျင်တွင် လှုပ်ရှားနေသည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။

ချွန်ဘူရီတွင် ဆေးကုခွင့်မရဘဲ သေဆုံးခဲ့သော မြန်မာလုပ်သား နစ်နာကြေး ဘတ် ခုနစ်သိန်းကျော်ရ

Dawei Watch

June 9, 2026

မိသားစုဝင်များ၏ ခွင့်ပြုချက်မပါဘဲ အလောင်းကို အလုပ်ရှင်ဘက်က မီးသင်္ဂြိုဟ်
ခဲ့သည်ဟုဆိုသည်။