အီရန်စစ်ပွဲ ရပ်တန့်ပြီး တပ်ဖွဲ့ဝင်များပြန်ရုတ်သိမ်းရန် အမေရိကန်အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်
Dawei Watch
June 4, 2026အီရန်စစ်ပွဲကို ရပ်တန့်ပြီး အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်ရုတ်သိမ်းရေး အဆိုပြုချက်ကို အောက်လွှတ်တော်အမတ်များက ပထမအကြိမ် မဲခွဲ၍ အတည်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီလမှစ၍ အီရန်ကိုတိုက်နေသည့် စစ်ဆင်ရေးများ လျှော့ချ၍ တပ်ဖွဲ့ဝင်များကို ပြန်ရုတ်သိမ်းရေးအဆိုကို ဇွန်လ ၃ ရက်နေ့က အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၁၅ မဲနှင့် ကန့်ကွက်မဲ ၂၀၈ မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ “လုံလောက်ပါပြီ။ သမ္မတက မှန်တဲ့အရာတွေ လုပ်ဖို့ အချိန်တန်ပြီ။ သူ့ရဲ့ စစ်တိုက်ဖို့ ရွေးချယ်မှုကနေ ပြည်သူတွေက ဆီကိစ္စနဲ့တင် တော်တော် ခံစားနေကြရပြီ” ဟု ဒီမိုကရက်တစ်အမတ်တစ်ဦးက ပြောသည်။ စစ်ပွဲရပ်ရေး အဆိုပြုချက်ကို မဲပေးရာတွင် သမ္မတ ဒေါ်နယ်ထရမ့်၏ ရီပတ်ဘလင်ကန်အမတ် ၄ ဦးကလည်း ဒီမိုကရက်တစ်အမတ်များနှင့်အတူ ထောက်ခံမဲပေးခဲ့ခြင်းဖြစ်သည်။ […]


