ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန်၏ ထိုင်ဝမ်မူဝါဒ မပြောင်းလဲဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

June 3, 2026

Photo - Rubio: no change in US policy on Taiwan | Reuters

ထိုင်ဝမ်နှင့် ပတ်သက်၍ အမေရိကန်၏ မူဝါဒ အပြောင်းအလဲမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဇွန်လ ၂ ရက်နေ့က ပြောကြားလိုက်သည်။

ထိုင်ဝမ်ကို လက်ရှိအခြေအနေအတိုင်းသာ ဆက်ရှိနေသည်ကို အမေရိကန်အစိုးရအနေဖြင့် မြင်လိုကြောင်း ၎င်းက ဆိုသည်။

“နားလည်ထားဖို့ အရေးကြီးဆုံးအချက်ကတော့ ကျွန်တော်တို့အနေနဲ့ လက်ရှိအချိန်မှာ (ထိုင်ဝမ်ကို) ရှိရင်းစွဲအနေအထားအတိုင်း ဆက်ရှိနေတာကိုပဲ မြင်တွေ့ချင်တာ ဖြစ်ပါတယ်” ဟု မာကိုရူဘီယိုက အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ကြားနာပွဲတစ်ခုတွင် ပြောသည်။

“ဒါက ကျွန်တော်တို့ရဲ့ မူဝါဒဖြစ်ပါတယ်။ ဒါကိုပဲ ကျွန်တော်တို့ ပြောခဲ့တာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း ဒါကိုပဲ ပြောနေပါမယ်” ဟု ၎င်းက ဆိုသည်။

“ဒါဟာ ကိုင်တွယ်ရတာ အင်မတန်သိမ်မွေ့ခက်ခဲတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်အပေါ်ထားရှိတဲ့ ကျွန်တော်တို့ရဲ့ မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်လက တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းတွင် ကျင်းပခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ထိပ်သီးအစည်းအဝေးသည် ထိုင်ဝမ်ကျွန်းကာကွယ်ရေးအတွက် အမေရိကန်၏ ကတိကဝတ်ပြုမှုအပေါ် ထိုင်ဝမ်အစိုးရဘက်မှ စိုးရိမ်ပူပန်မှု မြင့်တက်စေခဲ့သည်။

Source: Reuters