ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

“သရေတစ်မှတ် ရခဲ့ပေမဲ့ ရှုံးသလိုပဲ ခံစားရတယ်” လို့ ဝန်ခံသွားခဲ့တဲ့ မန်ယူနည်းပြ ကာရစ်

September 7, 2026

မန်ယူနည်းပြ မိုက်ကယ်ကာရစ်က အဲဗာတန်နဲ့ မန်ယူတို့ရဲ့ ပွဲမှာ နှစ်ဂိုးစီ သရေရလဒ်ကို ရယူနိုင်ခဲ့ပေမဲ့ ရှုံးပွဲကြုံလိုက်သလိုပဲ ခံစားမိတယ်လို့ ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။

မန်ယူဟာ အဲဗာတန်ကို နာကျင်အချိန်ပိုဆီ ရောက်တဲ့အထိ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားခဲ့ပေမဲ့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်ဖြစ်တဲ့ ၉၀+၆ မိနစ်အပိုင်းအခြားမှာ ချေပဂိုးပြန်ပေးလိုက်ရလို့ နှစ်ဂိုးစီသရေရလဒ်နဲ့ပဲ ကျေနပ်လိုက်ရတာဖြစ်ပါတယ်။

မန်ယူဟာ ကစားပုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေ များလွန်းခဲ့သလို နည်းပြ ကာရစ်ရဲ့ ဗျူဟာ အခင်းအကျင်းကလည်း ပွဲကစားချိန် နောက်ဆုံးမိနစ်ကို ရောက်တဲ့အထိ လိုအပ်ချက်တွေ များလွန်းနေခဲ့တယ်လို့ မီဒီယာတွေက ဝေဖန်ထောက်ပြထားပါတယ်။

“ပွဲရလဒ်က သရေဆိုပေမယ့် ရှုံးပွဲတစ်ပွဲလိုပါပဲ။ စိတ်ခံစားချက်ကတော့ တကယ့်ကို အဆင်မပြေဖြစ်နေတာပါ။ ပွဲတွေကို အနိုင်ရချင်ရင် ကျွန်တော်တို့ ဂိုးပေးနေရတာတွေကို ပြုပြင်နိုင်ဖို့ လိုအပ်နေပါပြီ။ ဒီပွဲမှာ ကျွန်တော်တို့ အနိုင်ရသင့်တယ်၊ ဒါကတော့ ငြင်းနေစရာ မလိုတဲ့အချက်ပါပဲ” လို့ နည်းပြ ကာရစ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

အသင်းရဲ့ ခံစစ်ပေါက်ထွက်ပြီး ဂိုးတွေ အမြဲတမ်းပေးနေရတာကို မဖြစ်မနေ ပြင်ဆင်သွားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

“ပွဲကို စနစ်တကျနဲ့ အဆုံးမသတ်နိုင်ခဲ့တာက ကျွန်တော်တို့ရဲ့ အမှားလို့ပဲ ယူဆမိပါတယ်။ ပြိုင်ဘက်အသင်း သွင်းယူခဲ့တဲ့ ဂိုးနှစ်ဂိုးကလည်း တကယ့်ကို အဆင့်အတန်းမြင့်မားတယ်ဆိုရင်တောင် ကျွန်တော်တို့ဘက်က ဒီထက် ပိုကောင်းဖို့လိုအပ်နေခဲ့တာကိုတော့ဖုံးကွယ်ထားလို့ မရပါဘူး” လို့ နည်းပြ ကာရစ်က ပြောဆိုပါတယ်။