အီရန်ကို တိုက်ရန် ဗြိတိန်စစ်စခန်းများကို အမေရိကန် အသုံးပြုခွင့်ရ
Dawei Watch
March 2, 2026အီရန်၏ ဒုံးကျည်စခန်းများကို တိုက်ခိုက်ရာတွင် ဗြိတိန်စစ်စခန်းများကို အသုံးပြုခွင့်ပေးရန် အမေရိကန်အစိုးရ၏ တောင်းဆိုချက်ကို ၎င်းတို့ သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက မတ်လ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်နှင့် အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုများတွင် လက်ရှိအချိန်အထိ ဗြတိန်က ပါဝင်ပတ်သက်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။ သို့ရာတွင် လက်ရှိပဋိပက္ခတွင် အီရန်၏ လုပ်ရပ်က သွေးရူးသွေးတန်းဆန်ပြီး ဗြိတိန်နိုင်ငံသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနေကြောင်း ၎င်းက ဆိုသည်။ ယင်းကြောင့် ဗြိတိန်၏ စစ်စခန်းနှစ်ခုကို အမေရိကန်အား အသုံးပြုခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ဗြိတိန်ဝန်ကြီးချုပ်၏ အဆိုပါ ပြောကြားချက်ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ဆိုက်ပရပ်စ်ကျွန်းရှိ ဗြိတိန်၏ အက်ခရိုတီရီ လေတပ်စခန်းကို ဒရုန်းဟုသံသယရှိသည့် အရာတစ်ခုဖြင့် တိုက်ခိုက်မှုခံခဲ့ရကြောင်း The […]


