၁၅ ရက်အတွင်း အဏုမြူသဘောတူညီချက်ပေးရန် အီရန်ကို ထရမ့် သတိပေး
Dawei Watch
February 20, 2026အီရန်အနေဖြင့် ၎င်း၏ အဏုမြူစီမံကိန်းနှင့် ပတ်သက်၍ ၁၀ ရက်မှ ၁၅ ရက်အတွင်း သဘောတူညီချက်တစ်ရပ် ရရှိအောင် ဆောင်ရွက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သတိပေးပြောဆိုလိုက်သည်။ ယင်းသို့ မလုပ်ဆောင်ပါက အင်မတန် ဆိုးရွားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ စစ်အင်အားတိုးချဲ့မှုများကြောင့်ပိုမိုကျယ်ပြန့်သည့် စစ်ပွဲတစ်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေစဉ် ထရမ့်က ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အမေရိကန်၏ တိုက်ခိုက်မှုကို ခံရပါက အရှေ့အလယ်ပိုင်းဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို လက်တုံ့ပြန်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အီရန်ဘက်က တုံ့ပြန်သည်။ ထိပ်တိုက်ရင်ဆိုင်တင်းမာမှုများကို အဆုံးသတ်ရန် အီရန်နှင့် ဆွေးနွေးမှုများ အဆင်ပြေချောမွေ့လျက် ရှိသော်လည်း အီရန်အနေဖြင့် ခိုင်မာလေးနက်သည့် သဘောတူညီချက်တစ်ရပ် ရရှိအောင် လုပ်ဆောင်ရမည်ဟု […]


