အီရန်က အဏုမြူလက်နက်ပိုင်ဆိုင်သွားမည့်အရေး တရုတ်သမ္မတရှီကျင့်ဖျင့်ရော ၎င်းပါ မလိုလားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယနေ့ မေလ ၁၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးရန် ၎င်းတို့ နှစ်ဦးစလုံးက လိုလားကြောင်းလည်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အီရန်အရေးကို ဆွေးနွေးခဲ့ကြောင်း ပြောကြားရာတွင် ၎င်းက ယင်းသို့ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အခြားသူတွေအနေနဲ့ ဖြေရှင်းနိုင်စွမ်းမရှိတဲ့ ပြဿနာရပ်တော်တော်များများကို ကျွန်တော်တို့ ဖြေရှင်းနိုင်ခဲ့ပါတယ်” ဟုလည်း သမ္မတထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: Reuters







