ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်ဝမ်အနေဖြင့် လွတ်လပ်ရေးမကြေညာရန် ထရမ့် သတိပေး

May 16, 2026

ဓာတ်ပုံ - Trump warns Taiwan on declaring independence after China visit - The Japan Times

ထိုင်ဝမ်အနေဖြင့် လွတ်လပ်ရေး တရားဝင်ကြေညာခြင်း မပြုရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၁၅ ရက်နေ့တွင် သတိပေးပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံတွင် သောကြာနေ့က ထုတ်လွှင့်ခဲ့သည့် Fox News နှင့် အင်တာဗျူးတစ်ခုတွင် သမ္မတထရမ့်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အင်တာဗျူး၌ ထိုင်ဝမ်အရေးအပေါ် အမေရိကန်၏ မူဝါဒ ပြောင်းလဲသွားခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် သမ္မတထရမ့်က “ဘာမှ ပြောင်းလဲခြင်း မရှိပါ” ဟု ဖြေကြားခဲ့သည်။

သို့ရာတွင် ထိုင်ဝမ်က လွတ်လပ်ရေး ကြေညာမည့်အရေးကို ၎င်းအနေဖြင့် ကန့်ကွက်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။

ထိုင်ဝမ်ကျွန်း တိုက်ခိုက်ခံရပါက အမေရိကန်က ဝင်ရောက်ကာကွယ်ပေးရန် လိုမလိုဆိုသည့်အချက်အပေါ် မေးခွန်းထုတ်လိုသည့်သဘောမျိုးလည်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။

“ကျွန်တော့်အနေနဲ့ တစ်ယောက်ယောက်က လွတ်လပ်ရေး ထကြေညာလိုက်တာမျိုး မမြင်ချင်ပါဘူး။ ပြီးတော့ သိတဲ့အတိုင်းပဲ ကျွန်တော်တို့မှာ စစ်ပွဲတစ်ခု ဆင်နွှဲဖို့အတွက် မိုင်ပေါင်း ၉,၅၀၀ အထိ ခရီးထွက်ရမှာ။ ကျွန်တော်ကတော့ အဲဒီလိုမျိုး မဖြစ်ချင်ဘူး” ဟု ပြောကြားခဲ့သည်။

“သူတို့ကို တင်းမာမှုတွေ လျှော့ချစေချင်တယ်။ တရုတ်အနေနဲ့လည်း တင်းမာမှုတွေ လျှော့ချစေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဘေကျင်းမြို့မှ ထွက်ခွာလာပြီးနောက် အမေရိကန်သမ္မတစီးတော်ယာဉ် Air Force One လေယာဉ်ပေါ်၌ သမ္မတထရမ့်က သတင်းထောက်များကို ပြောကြားခဲ့ရာတွင် အမေရိကန်က ကျောထောက်နောက်ခံပေးထားသည့်အတွက် လွတ်လပ်ရေးကြေညာတာမျိုး တစ်ယောက်ယောက်က လုပ်လာမှာကို မလိုလားကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ပြုလုပ်သည့် ထိပ်သီးအစည်းအဝေး၌ ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပဋိပက္ခအထိ ဦးတည်သွားစေနိုင်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ၎င်းအား သတိပေးခဲ့ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က၏ အထက်ပါ သတိပေးပြောကြားချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Source: The Japan Times

No related posts found.