ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်တွင် ရထားနှင့် ဘတ်စ်ကားတိုက်ပြီး အနည်းဆုံး လူ ခြောက်ဦး သေဆုံး

May 16, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မက်ကစမ်ရထားလမ်းမှတ်တိုင်အနီးတွင် ရထားနှင့် ဘတ်စ်ကားတိုက်မိပြီး အနည်းဆုံး လူ ခြောက်ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့သွားသော ရထားလမ်းပိုင်းတွင် ရထားနှင့် အများသုံးဘတ်စ်ကား တိုက်မိရာမှ မီးတောက်လောင်ခဲ့သည်။

ယင်းမတော်တဆမှုကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးသည်ဟု ထိုင်းအာဏာပိုင်များက ကနဦး ထုတ်ပြန်ထားပြီး သေဆုံးသူအရေအတွက်ကို ထပ်မံ အတည်ပြု ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။

ရထားတိုက်မှု ဖြစ်ရသော အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဆိုသည်။