ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ကန်နှင့် အီရန် အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်မည့်အရေး စိုးရိမ်မှုပိုမြင့်တက်

Dawei Watch

May 8, 2026

အီရန်စစ်ပွဲ အဆုံးသတ်နိုင်ရေး အမေရိကန်နှင့် အီရန်အကြား ယာယီသဘောတူညီချက်ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ပါကစ္စတန်အရာရှိများက ပြောကြားခဲ့ပြီး နာရီပိုင်းအကြာတွင် တကျော့ပြန်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အီရန်စစ်ပွဲအဆုံးသတ်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးရန် နီးကပ်နေပြီဟုဆို

Dawei Watch

May 7, 2026

အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နှင့် အီရန်အကြား စာမျက်နှာတစ်မျက်နှာပါ နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူနှစ်ဦးနှင့် အခြားသတင်းအရင်း အမြစ်နှစ်ခုက ပြောကြားကြောင်း အမေရိကန်အခြေစိုက် Axios သတင်းတွင် ဖော်ပြသည်။ ယင်းသို့ နီးစပ်နေပြီဖြစ်ကြောင်း အီရန်စစ်ပွဲ အဆုံးသတ်‌ရေး ကြိုးပမ်းရာတွင် ပါဝင်နေသည့် ပါကစ္စတန် သတင်းအရင်းအမြစ်တစ်ခုကလည်း ရိုက်တာသတင်းဌာနကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြောကြားခဲ့သည်။ “ဒီကိစ္စကို မကြာခင်မှာ အပြီးသတ်နိုင်တော့မှာပါ။ ကျွန်တော်တို့ သဘောတူညီမှုရဖို့ နီးစပ်နေပါပြီ” ဟု အဆိုပါ ပါကစ္စတန်သတင်းအရင်းအမြစ်က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ယင်းနားလည်မှုစာချွန်လွှာတွင် အီရန်အဏုမြူကိစ္စရပ်ဆိုင်ရာ အသေးစိတ်ဆွေးနွေးမှုများအတွက် အခြေခံမူဘောင်များ ချမှတ်နိုင်ရေးလည်း ပါဝင်ကြောင်း သိရသည်။ ယင်းနားလည်မှုစာချွန်လွှာပါ အဓိကအချက်များနှင့် ပတ်သက်၍ ၄၈ နာရီအတွင်း အီရန်ဘက်က တုံ့ပြန်လာရန် အမေရိကန်ဘက်က မျှော်လင့်ထားကြောင်း သိရသည်။ […]

အီရန်အပေါ် ထိုးစစ်ပြီးဆုံးပြီဟု မာကိုရူဘီယိုပြော

Dawei Watch

May 6, 2026

အမေရိကန်တပ်ဖွဲ့ဝင်များအနေဖြင့် အမိန့်ရပါက တိုက်ပွဲများကို ပြန်လည်စတင်ရန် အသင့်ရှိနေကြောင်း အမေရိကန် ထိပ်တန်းစစ်ဘက်အရာရှိတစ်ဦး၏ ပြောကြားချက်ထွက်ပေါ်လာပြီးနောက် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဟော်မုဇ်ရေလက်ကြားအတွင်း ကန်နှင့် အီရန် တိုက်ခိုက်မှုဖြစ်

Dawei Watch

May 5, 2026

ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်နှင့် အီရန်တို့အကြား မေလ ၄ရက်က တိုက်ခိုက်မှုအသစ်များ ဖြစ်ပွားသည်။ ဟော်မုဇ်ရေလက်ကြားကို အပြန်အလှန်ပိတ်ဆို့မှုများဖြင့် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် အမေရိကန်နှင့် အီရန်အကြား အဆိုပါ တိုက်ခိုက်မှုအသစ်များကြောင့် အီရန်စစ်ပွဲ အပစ်ရပ်သဘောတူညီချက်မှာ ပိုမိုအားနည်းလာသည်။ အီရန် ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားအတွင်း သောင်တင်ပိတ်မိနေသည့် သင်္ဘောများကို ဘေးအန္တရာယ်ကင်းစွာ လမ်းပြခေါ်ဆောင်ပေးမည့် လုပ်ငန်းစဉ်တစ်ရပ်ကို မေလ ၄ ရက်တွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ သမ္မတ ထရမ့်၏ အဆိုပါ ပြောကြားချက် ထွက်ပေါ်လာပြီးနောက် ဟော်မုဇ်ရေလက်ကြားအတွင်း အီရန်နှင့် အမေရိကန် အကြား ဒရုန်းများနှင့် ဒုံးကျည်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများ တနင်္လာနေ့တွင် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့ချိန်မှစ၍ လောင်စာဆီ ကုန်သွယ်မှုအတွက် […]

ဟော်မုဇ်ရေလက်ကြားအတွင်း ပိတ်မိသည့် သင်္ဘောများကို လမ်းပြခေါ်ဆောင်မည်ဟု ထရမ့်ပြော

Dawei Watch

May 4, 2026

ယခုလုပ်ငန်းစဉ်တွင် ပဲ့ထိန်းဒုံးတပ်ဆင်ထားသည့် စစ်သင်္ဘောများ၊ လေယာဉ်အစီးရေ ၁၀၀ ကျော်နှင့် စစ်သည်အင်အား ၁၅,၀၀၀ ပါဝင်မည်ဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ဆိုသည်။

မြောက်ကိုရီးယားတွင် ပြင်းထန်သော မိုးခေါင်ရေရှားမှုဒဏ် ခံစားနေရ

Dawei Watch

May 1, 2026

မြောက်ကိုရီးယားနိုင်ငံတွင် ယခုနှစ်အတွင်း ပုံမှန်မဟုတ်သည့် ပြင်းထန်သော မိုးခေါင်ရေရှားမှုနှင့် ရင်ဆိုင်နေရကြောင်း အစိုးရပိုင်မီဒီယာက ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ သီးနှံများပျက်စီးမှုမရှိစေရန် မြောက်ကိုရီးယားအစိုးရက ကြိုးပမ်းဆောင်ရွက်နေကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ သံတမန်ရေးအရ အထီးကျန်နေသည့် မြောက်ကိုရီးယားနိုင်ငံသည် အခြေခံအဆောက်အအုံနှင့် စီးပွားရေးအားနည်းမှုကြောင့် သဘာဝဘေးအန္တရာယ်များ၏ ဒဏ်ကို အခြားနိုင်ငံများထက် ပိုမိုပြင်းထန်စွာ ခံစားရလေ့ရှိသည်။ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဲလိဇဘက်ဆာလ်မွန်က စားနပ်ရိက္ခာပြတ်လပ်မှုသည် နိုင်ငံအတွက် အဓိကစိုးရိမ်ဖွယ်ရာ ဖြစ်နေပြီဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီလက ပြောကြားထားသည်။ “နိုင်ငံတဝန်း နေရာတော်တော်များများမှာ ပုံမှန်မဟုတ်တဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို ဆက်တိုက်ရင်ဆိုင်နေရပါတယ်။ ဒါဟာ အရင်နှစ်တွေတုန်းက ရှားရှားပါးပါး တွေ့ရလေ့ရှိတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်” ဟု မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ “ဒေသအသီးသီးက […]

အီရန်ဆိပ်ကမ်းများကို အမေရိကန်ပိတ်ဆို့ထားမှု လချီကြာနိုင်ဟု ထရမ့် ပြော

Dawei Watch

April 30, 2026

အီရန်ဆိပ်ကမ်းများကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားမှု လပေါင်းများစွာ ကြာမြင့်နိုင်သည်ဟု သမ္မတဒေါ်နယ်ထရမ့်က ဧပြီလ ၂၉ ရက်နေ့တွင် ပြောကြားလိုက်သည်။ ယင်းကြောင့် ရေနံဈေးနှုန်းများမှာ လေးနှစ်ကျော်ကာလအတွင်း အမြင့်ဆုံးအနေအထားသို့ ရုတ်ချည်းမြင့်တက်သွားခဲ့သည်။ အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားခြင်းက အီရန်ကို ဗုံးကြဲတိုက်ခိုက်ခြင်းထက် ပိုထိရောက်ကြောင်း သမ္မတထရမ့်က အင်္ဂါနေ့တွင် ရေနံလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် သမ္မတထရမ့်က ကမ္ဘာ့ရေနံဈေးကွက် တည်ငြိမ်စေရေး ကြိုးပမ်းမှုများကို ဆွေးနွေးခဲ့ကြောင်း အမည်မဖော်လိုသည့် အိမ်ဖြူတော်အရာရှိတစ်ဦးက ဆိုသည်။ လိုအပ်ပါက အီရန်ဆိပ်ကမ်းများအပေါ် အမေရိကန်ရေတပ်၏ လက်ရှိပိတ်ဆို့ထားမှုကို လပေါင်းများစွာ ဆက်လက်လုပ်ဆောင်သွားရန်လည်း သမ္မတထရမ့်က ဆွေးနွေးပြောကြားခဲ့ကြောင်း ၎င်းက ပြောသည်။ အမေရိကန်စားသုံးသူများအပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်စေမည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။ အီရန်ဆိပ်ကမ်းများကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားမှုနှင့် ပတ်သက်၍ […]

ကတ်စ်မဲရိုးရဲ့နေရာကို အစားဖြည့်နိုင်မယ့်သူ မန်ယူ ရှာတွေ့ဖို့ မလွယ်သေးဘူး လို့ ရွိုင်ကိန်းပြော

Dawei Watch

April 30, 2026

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ကတ်စ်မဲရိုးရဲ့နေရာကို အစားဖြည့်နိုင်မယ့်ကစားသမားမျိုး မန်ယူ ရှာတွေ့ဖို့က မလွယ်လောက်သေးဘူး လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ရွိုင်ကိန်း ဟာ ကတ်စ်မဲရိုး ကို တစ်နှစ်သက်တမ်းစာချုပ်မျိုး ထပ်ချုပ်ဖို့ မန်ယူကို တိုက်တွန်းလိုက်ပြီး တကယ်လို့ အဲဒီလို လုပ်နိုင်ခဲ့မယ်ဆိုရင် နောက်ထပ် အလားအလာရှိတဲ့ ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်ကို ထပ်မံခေါ်ယူကာ ကတ်စ်မဲရိုးနဲ့ တွဲဖက်ကစားခိုင်းရင်း တစ်ရာသီပြီးတော့မှပဲ ကတ်စ်မဲရိုးကို လက်လွှတ်လိုက်သင့်တယ်လို့ ရွိုင်ကိန်းက ပြောပါတယ်။ “ကတ်စ်မဲရိုး ကို စာချုပ်သစ် ထပ်ချုပ်ပေးပါလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ အဲ့ဒါပြီးရင်တော့ အလားအလာရှိတဲ့ ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက် ထပ်ရှာရပါမယ်။ လက်ရှိမှာ မန်ယူအတွက် ကစားသမားအင်အားတောင့်တင်းဖို့ လိုအပ်တာတွေ ရှိနေပါသေးတယ်။ ကတ်စ်မဲရိုးရဲ့အတွေ့အကြုံကို ကျွန်တော်တို့ အသုံးချရပါလိမ့်မယ်။ တကယ်လို့ ကွင်းလယ်ခံစစ် ကစားသမားသစ် ထပ်ခေါ်နိုင်ခဲ့ရင် ကတ်စ်မဲရိုးက သူ့နေရာ […]