ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကတ်စ်မဲရိုးရဲ့နေရာကို အစားဖြည့်နိုင်မယ့်သူ မန်ယူ ရှာတွေ့ဖို့ မလွယ်သေးဘူး လို့ ရွိုင်ကိန်းပြော

April 30, 2026

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ကတ်စ်မဲရိုးရဲ့နေရာကို အစားဖြည့်နိုင်မယ့်ကစားသမားမျိုး မန်ယူ ရှာတွေ့ဖို့က မလွယ်လောက်သေးဘူး လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ရွိုင်ကိန်း ဟာ ကတ်စ်မဲရိုး ကို တစ်နှစ်သက်တမ်းစာချုပ်မျိုး ထပ်ချုပ်ဖို့ မန်ယူကို တိုက်တွန်းလိုက်ပြီး တကယ်လို့ အဲဒီလို လုပ်နိုင်ခဲ့မယ်ဆိုရင် နောက်ထပ် အလားအလာရှိတဲ့ ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်ကို ထပ်မံခေါ်ယူကာ ကတ်စ်မဲရိုးနဲ့ တွဲဖက်ကစားခိုင်းရင်း တစ်ရာသီပြီးတော့မှပဲ ကတ်စ်မဲရိုးကို လက်လွှတ်လိုက်သင့်တယ်လို့ ရွိုင်ကိန်းက ပြောပါတယ်။

“ကတ်စ်မဲရိုး ကို စာချုပ်သစ် ထပ်ချုပ်ပေးပါလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ အဲ့ဒါပြီးရင်တော့ အလားအလာရှိတဲ့ ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက် ထပ်ရှာရပါမယ်။ လက်ရှိမှာ မန်ယူအတွက် ကစားသမားအင်အားတောင့်တင်းဖို့ လိုအပ်တာတွေ ရှိနေပါသေးတယ်။ ကတ်စ်မဲရိုးရဲ့အတွေ့အကြုံကို ကျွန်တော်တို့ အသုံးချရပါလိမ့်မယ်။ တကယ်လို့ ကွင်းလယ်ခံစစ် ကစားသမားသစ် ထပ်ခေါ်နိုင်ခဲ့ရင် ကတ်စ်မဲရိုးက သူ့နေရာ အစားဝင်မယ့်သူကို ရှေ့ဆောင်လမ်းပြအဖြစ် အကောင်းဆုံး ဆွဲခေါ်ပေးသွားပါလိမ့်မယ်။ မန်ယူဆီမှာ ကတ်စ်မဲရိုး နောက်ထပ်တစ်နှစ်လောက် ထပ်ရှိနေဖို့ ထိုက်တန်တယ်ဆိုတာကို မန်ယူပရိသတ်တွေလည်း သိနေပြီးသားပါ”လို့ ရွိုင်ကိန်းက ပြောသွားခဲ့ပါတယ်။

ကတ်စ်မဲရိုးဟာ လက်ရှိဘောလုံးရာသီပြီးဆုံးရင် မန်ယူနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကလည်း ကတ်စ်မဲရိုးကို စာချုပ်သစ်ချုပ်ဆိုမယ့်အခြေအနေ မရှိတော့တာကြောင့် လမ်းခွဲရတော့မှာပဲဖြစ်ပါတယ်။