တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖုန်းခေါ်ဆိုပြီးနောက် တင်းမာမှုလျှော့ချရန် ကမ္ဘောဒီးယားနှင့်ထိုင်း သဘောတူ
Dawei Watch
December 19, 2025တင်းမာမှုများကို လျှော့ချကာ အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ကမ္ဘောဒီးယားနှင့် ထိုင်းနှစ်နိုင်ငံစလုံးက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျားခွန်းက ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နှစ်နိုင်ငံစလုံးက နိုင်ငံခြားရေးဝန်ကြီးများ သီးခြားစီ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ဒီဇင်ဘာလ ၁၈ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပရတ်ဆိုခွန်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကေတူတို့နှင့် သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ကော့ကျားခွန်းက ဆိုသည်။ “ကမ္ဘောဒီးယားရော ထိုင်းဘက်ကပါ တင်းမာမှုတွေကို လျှော့ချဖို့နဲ့ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ကြပါတယ်” ဟု ကော့က ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် […]


