အနိုင်ရပါက မြန်မာအလုပ်သမားရေးအဖွဲ့များကို နှိမ်နင်းမည်ဟု ထိုင်းဖတ်ဒီးပါတီက မဲဆွယ်
Dawei Watch
January 28, 2026ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သော Thai Pakdee Party (ထိုင်းဖတ်ဒီးပါတီ)က ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသော NGO အဖွဲ့များကို နှိမ်နင်းသွားမည်ဟု ပြောဆိုထားသော ရုပ်သံဖိုင်ဖြင့် မဲဆွယ်စည်းရုံးနေသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် Thai Pakdee Party ၏ Facebook စာမျက်နှာ၌ ထုတ်လွှင့်ခဲ့သော ရုပ်သံမှတ်တမ်းအရ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေး ကူညီပေးနေသော NGO အဖွဲ့များကို နှိမ်နင်းပေးမည်ဖြစ်ပြီး NGO ဥပဒေနှင့် ပတ်သက်၍ ပိုမိုတင်းကျပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့် မြန်မာအလုပ်သမား ကူညီရေးအဖွဲ့များ၊ အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး ကူညီဆောင်ရွက်ပေးနေသော NGO အဖွဲ့များကို နှိမ်နင်းပေးမည်ဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်သည်။ ပါတီ၏ မူဝါဒ (Policy) အရ မြန်မာနိုင်ငံသားများ […]


