ဂရင်းလန်းသို့ ဥရောပတပ်ဖွဲ့ဝင်များ စေလွှတ်
Dawei Watch
January 16, 2026ဒိန်းမတ်၏ စစ်ရေးလေ့ကျင့်မှုများကို ကူညီရန် ရည်ရွယ်သည့်အနေဖြင့် ဥရောပတပ်ဖွဲ့ဝင် အနည်းငယ်ကို ဂရင်းလန်းကျွန်းသို့ ဇန်နဝါရီလ ၁၅ ရက်နေ့က စေလွှတ်လိုက်သည်။ ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် အမေရိကန်၊ ဒိန်းမတ်နှင့် ဂရင်းလန်းတို့အကြား ဆွေးနွေးပွဲ မအောင်မြင်ခဲ့သည့်နောက် တစ်ရက်အကြာတွင် ယင်းသို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သိမ်းပိုက်လိုကြောင်း ပြောဆိုနေသည့် ဂရင်းလန်းကျွန်း၏ လုံခြုံရေးကို ကာကွယ်ရန် အတွက် နေတိုး (NATO) တပ်ဖွဲ့ဝင်များ ဂရင်းလန်းကျွန်းတွင် ပိုမိုများပြားစွာ ချထားနိုင်ရေး အစီအစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒိန်းမတ်ဘက်က ပြောဆိုထားသည်။ ဂရင်းလန်းကျွန်းတွင် တိုးမြှင့်ချထားရန် လျာထားသည့် နေတိုးတပ်ဖွဲ့ဝင် အရေအတွက် အတိအကျကိုမူ မသိရှိရသေးကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့က ပြောဆိုသည်။ “ဒါပေမဲ့ ၂၀၂၆ ခုနှစ်တစ်လျှောက်လုံးမှာ […]


