ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

အမေရိကန်တွင် ခိုလှုံခွင့်တောင်းသူများကို လက်ခံပေးရန် ကာရစ်ဘီယံကျွန်းနိုင်ငံနှစ်ခု သဘောတူ

Dawei Watch

January 7, 2026

အမေရိကန်ပြည်ထောင်စုတွင် ခိုလှုံခွင့်တောင်းခံထားသည့် နိုင်ငံခြားသားများကို ၎င်းတို့ နိုင်ငံ၌ စတင်လက်ခံထားရှိရန် သဘောတူကြောင်း ကာရစ်ဘီယံကျွန်းနိုင်ငံငယ်နှစ်ခုက ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။ ဒိုမီနီကာနိုင်ငံသို့ တတိယနိုင်ငံမှ ဒုက္ခသည်များ ပို့ဆောင်နိုင်ရေးအတွက် အမေရိကန်အစိုးရနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဒိုမီနီကာဝန်ကြီးချုပ် ရုစဗဲ့စကဲရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ယင်းသို့ လက်ခံထားရှိရာတွင် နိုင်ငံ့လုံခြုံရေး ထိခိုက်မည့်အရေး ဒိုမီနီကာအစိုးရ၏ စိုးရိမ်ချက်ကို အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက အသိအမှတ်ပြုလက်ခံကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ ဒိုမီနီကာနိုင်ငံမှ လက်ခံမည့်သူ အရေအတွက်နှင့် နေထိုင်ရေးအစီအစဉ်ကို အသေးစိတ် မသိရသေးပေ။ လူဦးရေ ၆၆,၀၀၀ ခန့်သာရှိပြီး အရင်းအမြစ်ကန့်သတ်ချက်များသည့် ဒိုမီနီကာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းလာသူအများစုကို လက်ခံနိုင်စွမ်း ရှိမည်မဟုတ်ကြောင်း The New York Times က ဖော်ပြသည်။ […]

ဂရင်းလန်းကို သိမ်းပိုက်ရေး နည်းလမ်းများ ထရမ့် ဆွေးနွေးနေဟု အိမ်ဖြူတော်ထုတ်ပြန်

Dawei Watch

January 7, 2026

ဥရောပနိုင်ငံများက ကန့်ကွက်နေသော်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် နည်းလမ်းများ ဆွေးနွေးနေကြောင်း အိမ်ဖြူတော်က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်သည်။ မဟာဗျူဟာမြောက် ဂရင်းလန်းကျွန်းကို သိမ်းပိုက်နိုင်ရေး အမေရိကန်စစ်တပ်ကို အသုံးပြုရန်အထိ ထရမ့်က စဉ်းစားနေကြောင်း အိမ်ဖြူတော်က ဆိုသည်။ အာတိတ်ဒေသရှိ “ရန်ဘက်နိုင်ငံများကို ဟန့်တားရန်” ဂရင်းလန်းကျွန်းကို ရယူရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် ဦးစားပေးလုပ်ငန်းအဖြစ် ထရမ့်က ရှုမြင်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်က ဆိုသည်။ “ဒီနိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်ပန်းတိုင် အောင်မြင်ဖို့ သမ္မတနဲ့အဖွဲ့က နည်းလမ်းပေါင်းစုံကို ဆွေးနွေးနေပါတယ်။ စစ်သေနာပတိချုပ်ရဲ့ အမိန့်အတိုင်း အမေရိကန်စစ်တပ်ကို အသုံးပြုဖို့ဆိုတာကလည်း ရွေးချယ်စရာ နည်းလမ်းတစ်ခုအဖြစ် အမြဲရှိနေပါတယ်” ဟု အိမ်ဖြူတော်က ထုတ်ပြန်သည်။ အမေရိကန် လက်အောက်သို့ မဝင်လိုကြောင်း ဂရင်းလန်းကျွန်းက အကြိမ်ကြိမ် […]

ထရမ့်၏ ခြိမ်းခြောက်မှုကြောင့် ဆန္ဒပြပွဲများကို နှိမ်နှင်းရန် အီရန်အစိုးရ အခက်တွေ့

Dawei Watch

January 6, 2026

လက်ရှိဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို နှိမ်နင်းရန် အီရန်ခေါင်းဆောင်များ၏ ကြိုးပမ်းမှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြားဝင်စွက်ဖက်မည့် ခြိမ်းခြောက်မှုကြောင့် ပိုမိုရှုပ်ထွေးခက်ခဲသွားကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ဖမ်းဆီးလိုက်ခြင်းသည် အီရန်ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်လျှင် ကြားဝင် စွက်ဖက်မည်ဆိုသည့် ထရမ့်၏ သတိပေးချက်ကို ပိုမိုလေးနက်သွားစေခဲ့ကြောင်း အီရန်အစိုးရအရာရှိများနှင့် နီးစပ်သူများက ဇန်နဝါရီလ ၅ ရက်တွင် ပြောသည်။ ဗင်နီဇွဲလားသမ္မတမာဒူရိုနှင့် ဇနီးအား အမေရိကန်အထူးတပ်ဖွဲ့က ဖမ်းဆီးကာ နယူးယောက်သို့ ခေါ်ဆောင် မသွားမီ တစ်ရက်အလို၌ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ဆန္ဒပြပွဲများနှင့် ပတ်သက်၍ သတိပေးချက်ထုတ်ခဲ့သည်။ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ လမ်းပေါ်ထွက် ဆန္ဒပြနေသူများကို အီရန်အစိုးရက သတ်ဖြတ်ပါက အမေရိကန်က “ကူညီကယ်တင်မည်” ဟု ထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ […]

အီလွန်မတ်စ်ပိုင် Grok AI ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

Dawei Watch

January 6, 2026

အမျိုးသမီးနှင့် ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ပုံဖျက်ဖန်တီးမှု (Sexualised deepfakes) များ ထုတ်လုပ်ပေးနေမှုကြောင့် အီလွန်မက်စ်၏ Grok AI နည်းပညာအပေါ် နိုင်ငံတကာ၏ ကန့်ကွက်ရှုတ်ချမှုများ ယနေ့ ဇန်နဝါရီလ ၅ ရက်တွင် ပိုမိုပြင်းထန်လာသည်။ ယင်းသို့ လိင်ပိုင်းဆိုင်ရာ ပုံဖျက်ဖန်တီးမှုများအတွက် ဥရောပသမဂ္ဂကလည်း Grok AI နည်းပညာကို အပြစ်တင်ရှုတ်ချလိုက်သည်။ ဗြိတိန်ကလည်း Grok AI အား ယင်းအတွက် စုံစမ်းစစ်ဆေးမည်ဟု သတိပေးလိုက်သည်။ မကြာသေးမီက Grok AI တွင် ‘ဓာတ်ပုံတည်းဖြတ်ပြုပြင်ပါ’ (edit image) ကို အသစ်ထည့်သွင်းလိုက်ပြီးနောက် အသုံးပြုသူအချို့က ‘သူမကို ဘီကီနီ ဝတ်ပေးပါ’ သို့မဟုတ် ‘သူမရဲ့ အဝတ်အစားများကို ဖယ်ရှားပါ’ စသည့် ညွှန်ကြားချက်များဖြင့် ဓာတ်ပုံများကို ပြုပြင်တည်းဖြတ်လာကြောင်း […]

ဗင်နီဇွဲလားပြီးနောက် ကိုလံဘီယာကိုလည်း စစ်ရေးအရအရေးယူရန်ရှိဟု ထရမ့်ဆို

Dawei Watch

January 5, 2026

ကိုလံဘီယာအစိုးရကို စစ်ရေးအရ အရေးယူရန် အစီအစဉ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၄ ရက်နေ့က ခြိမ်းခြောက်လိုက်သည်။ ယင်းသို့ လုပ်ဆောင်ရန်မှာ ၎င်းအဖို့ သဘောကျစရာပင်ဖြစ်ကြောင်း ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ “ကိုလံဘီယာကလည်း အခြေအနေတော်တော်ဆိုးနေပြီ။ ကိုကိန်းထုတ်ပြီး အမေရိကန်ကို ရောင်းရတာ ဝါသနာပါတဲ့ စိတ်မနှံ့တဲ့ လူတစ်ယောက်က ကိုလံဘီယာကို အုပ်ချုပ်နေတာပါ။ ဒီလူ ဒီလို သိပ်ကြာကြာ ဆက်လုပ်နေနိုင်တော့မှာ မဟုတ်ဘူး” ဟု ထရမ့်က Air Force One လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။ ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပတ်ထရိုအား ရည်ညွှန်း၍ ထရမ့်က ယင်းသို့ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ အမေရိကန်အနေဖြင့် ကိုလံဘီယာသို့ စစ်အင်အားသုံး တိုက်ခိုက်မည်လားဟု တိုက်ရိုက်မေးမြန်းမှုကို ထရမ့်က “ဒါက ကျွန်တော့်အဖို့ သဘောကျစရာ […]

ဗင်နီဇွဲလားသမ္မတကို အမေရိကန်တွင် တရားစွဲမည်ဟုဆို

Dawei Watch

January 3, 2026

ဗင်နီဇွဲလားသမ္မတ မာဒူရိုအား အမေရိကန်တွင် တရားစွဲဆိုရန် ဖမ်းဆီးလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးပြောဆိုခဲ့သည့် ဆီးနိတ်လွှတ်တော်ရီပတ်ဘလီကန်အမတ်တစ်ဦးက ပြောကြားသည်။ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရိုအား အမေရိကန်ပြည်ထောင်စုတွင် တရားစွဲဆိုရန် အမေရိကန်တပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူယီယို က အသိပေးခဲ့ကြောင်း ဆီးနိတ်လွှတ်တော် ရီပတ်ဘလင်ကန်အမတ် Mike Lee က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားပြောဆိုသည်။ “ဒီည ဖော်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဖမ်းဝရမ်းအတိုင်း ဆောင်ရွက်သူတွေကို ကာကွယ်ဖို့ဖြစ်ကြောင်း ကျွန်တော့်ကို အကြောင်းကြားပါတယ်” ဟု ၎င်းက ရေးသားထားသည်။ “ဒီလုပ်ဆောင်ချက်ဟာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ အရ အမေရိကန် ဝန်ထမ်းတွေကို အန္တရာယ်ကနေ ကာကွယ်ဖို့ သမ္မတမှာ ရှိတဲ့ ပင်ကိုယ်လုပ်ပိုင်ခွင့်အတွင်းမှာ ရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ […]

နိုင်ငံအတွင်း နိုင်ငံခြားတပ်ဖွဲ့များရှိနေမှုကို ခုခံတွန်းလှန်သွားမည်ဟု ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးပြော

Dawei Watch

January 3, 2026

နိုင်ငံတွင်း နိုင်ငံခြားတပ်ဖွဲ့များ ရှိနေမှုကို လက်မခံဘဲ အစွမ်းကုန် ခုခံတွန်းလှန်သွားမည်ဟု လိုပက်ဇ်က ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာပက်ဒရီနိုလိုပက်ဇ်က ယနေ့ ဇန်နဝါရီလ ၃ ရက်တွင် အခိုင်အမာ ပြောကြားလိုက်သည်။ အမေရိကန် တိုက်ခိုက်ရေးရဟတ်ယာဉ်များမှ ပစ်ခတ်သော ဒုံးကျည်များကြောင့် ဗင်နီဇွဲလားနိုင်ငံတစ်ဝှမ်းရှိ မြို့ပြဒေသများ ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းက ဆိုသည်။ “ဒီကျူးကျော်မှုဟာ ကျွန်တော်တို့နိုင်ငံ ကြုံခဲ့ရသမျှထဲမှာ အဆိုးဝါးဆုံး ခံပြင်းဒေါသကို ကိုယ်စားပြုတယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံအတွင်း သေဆုံး၊ ဒဏ်ရာရစာရင်းကို ပြုစုနေကြောင်း ၎င်းက ပြောသည်။ နိုင်ငံ့မြို့တော်ကာရာကတ်စ်ရှိ ဖော့တီယူနာ စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုကိုလည်း ၎င်းက အတည်ပြုသည်။ နိုင်ငံတွင်း နိုင်ငံခြားတပ်ဖွဲ့များ ရှိနေမှုကို လက်မခံဘဲ အစွမ်းကုန် ခုခံတွန်းလှန်သွားမည်ဟု ၎င်းက […]

ဗင်နီဇွဲလား သမ္မတအား နိုင်ငံပြည်ပသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီဟု ထရမ့်ပြော

Dawei Watch

January 3, 2026

ဗင်နီဇွဲလားသမ္မတ မာဒူရိုအား ဖမ်းဆီးကာ နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။ ယနေ့ နံနက်အစောပိုင်းတွင် ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်ကို အမေရိကန်က အကြီးအကျယ် တိုက်ခိုက်ပြီးနောက် ထရမ့်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။ “ဗင်နီဇွဲလားနိုင်ငံနဲ့ သူ့ရဲ့ခေါင်းဆောင် မာဒူရိုကို အမေရိကန်က အကြီးစားတိုက်ခိုက်မှုတစ်ခု အောင်မြင်စွာ လုပ်ဆောင်နိုင် ခဲ့ပါတယ်။ မာဒူရိုနဲ့ သူ့ဇနီးကိုလည်း ဖမ်းဆီးပြီး နိုင်ငံပြင်ပကို လေယာဉ်နဲ့ ခေါ်ဆောင်သွားပါပြီ” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ “ဒီစစ်ဆင်ရေးကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။ အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ကာရာကတ်စ်မြို့တွင် ပထမဆုံး […]