အစ္စလာမာဘတ်က အသေခံဗုံးခွဲမှုအတွက် အာဖဂန်ကို ပါကစ္စတန် စွပ်စွဲအပြစ်တင်
Dawei Watch
November 14, 2025ပါကစ္စတန်နိုင်ငံ ၊ မြို့တော်အစ္စလာမာဘတ်၌ ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်မှုအတွက် အာဖဂန်နစ္စတန်နိုင်ငံသားများကို ပါကစ္စတန်အစိုးရက နိုဝင်ဘာလ ၁၃ ရက်တွင် စွပ်စွဲအပြစ်တင်လိုက်သည်။ အင်္ဂါနေ့က အစ္စလာမာဘတ်မြို့ ၊ ခရိုင်တရားရုံးအပြင်ဘက်၌ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သူမှာ အာဖဂန်နစ္စတန်နိုင်ငံမှဖြစ်ကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက အထက်လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။ “အစ္စလာမာဘတ်က ဖောက်ခွဲတိုက်ခိုက်မှုမှာ ကျူးလွန်သူတွေကို ကျွန်တော်တို့ ခြေရာခံမိပါပြီ။ အသေခံ ဗုံးခွဲသမားဟာ အာဖဂန်နစ္စတန်ကပါ” ဟု ၎င်းက သက်သေအထောက်အထား တစ်စုံတစ်ရာ မပေးဘဲ ပြောကြားခဲ့သည်။ ပါကစ္စတန်အစိုးရအနေဖြင့် အာဖဂန်နစ္စတန်နှင့် ပတ်သက်၍ မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို မေးမြန်းသောအခါ “ဘာလုပ်ရမယ်ဆိုတာကို အစိုးရအဆင့်မှာ ဆုံးဖြတ်သွားမှာပါ” ဟု အဆိုပါ ဝန်ကြီးက သတင်းထောက်များကို ပြောကြားခဲ့သည်။ အင်္ဂါနေ့က တိုက်ခိုက်မှုသည် အစ္စလာမာဘတ်မြို့၌ သုံးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ပြန်လည်ပေါ်ပေါက်လာသည့် […]


