ရှီကျင့်ဖျင်နှင့်ဆွေးနွေးပွဲ အကြီးအကျယ်အောင်မြင်ဟု ထရမ့်ပြော
Dawei Watch
October 30, 2025၆ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့အကြား မျက်နှာချင်းဆိုင်ဆွေးနွေးပွဲကို ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့ရာ ယင်းဆွေးနွေးပွဲမှာ “ကြီးမားသည့် အောင်မြင်မှုတစ်ခု” ဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားလိုက်သည်။ ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံနှစ်ခုအကြား ကုန်သွယ်ရေးပြဿနာများကြောင့် လနှင့်ချီကြာ တင်းမာနေခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်စေရေး ခေါင်းဆောင်နှစ်ဦးအကြား အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ သမ္မတရှီနှင့် ၎င်းအကြား “အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်” သဘောတူညီမှုရရှိခဲ့ကြောင်း သမ္မတထရမ့်က ပြောသည်။ “ယူကရိန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့နှစ်ဦး ပူးပေါင်းလုပ်ဆောင်သွားမှာပါ။ ဘက်နှစ်ဘက်စလုံးက တိုက်ပွဲတွေထဲ ပိတ်မိနေတယ်ဆိုတာကို ကျွန်တော်တို့ သဘောတူကြပါတယ်။ တစ်ခါတလေတော့လည်း ဘက်နှစ်ဘက်ကို ဆက်တိုက်ခွင့်ပေးထားရမလိုပါပဲ။ ဒါပေမဲ့ ယူကရိန်းကိစ္စမှာတော့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ” […]


