ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ကမ္ဘာပေါ်တွင် ခြင်မရှိသည့် ဒေသတစ်ခုဖြစ်သော အိုက်စလန်တွင် ခြင် ၃ ကောင်စတင်တွေ့ရှိ

Dawei Watch

October 22, 2025

ယခုနှစ် နွေဦးရာသီတွင် စံချိန်တင်အပူချိန်မြင့်တက်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် ကမ္ဘာ့မြောက်ဖျားပိုင်းရှိ အိုက်စလန်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ခြင်သုံးကောင်ကို စတင်တွေ့ရှိခဲ့ရသည်။ ကမ္ဘာပေါ်တွင် ခြင်ကင်းစင်သည့် နေရာနှစ်ခုအနက်မှ တစ်ခုဖြစ်သည့် အိုက်စလန်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ခြင်များကို တွေ့ရှိရခြင်းသည် အံ့အားသင့်စရာ အပြောင်းအလဲ တစ်ရပ်ဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။ သိပ္ပံအမည် Culiseta annulata အမျိုးအစား ခြင်ထီးတစ်ကောင်နှင့် ခြင်မနှစ်ကောင်ကို အိုက်စလန်နိုင်ငံ၏ မြို့တော်ရေချ်ဂျာဗစ်မှ မြောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာတွင် တွေ့ရှိခဲ့ရသည်။ ယခုတွေ့ရှိမှုသည် အိုက်စလန်၏ သဘာဝပတ်ဝန်းကျင်တွင် ခြင်များ ရှိနေကြောင်း ပထမဆုံး မှတ်တမ်းဖြစ်သည်။ သို့သော် လွန်ခဲ့သောနှစ်များစွာက အိုက်စလန်နိုင်ငံ ကက်ဖလာဗစ်လေဆိပ်၌ ခြင်တစ်ကောင်ကို တစ်ခါ တွေ့ရှိဖူးကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယခု တွေ့ရှိမှုသည် […]

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်မှာ မဟုတ်ဟု ထရမ့် ပြော

Dawei Watch

October 21, 2025

တရုတ်က ထိုင်ဝမ်ကို ကျူး‌ကျော်မှာ မဟုတ်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၂၀ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ၎င်းအကြား ဆက်ဆံရေးကို ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးသဘောတူညီချက်ကို ယခုလနှောင်းပိုင်းတွင် အပြီးသတ်ချုပ်ဆိုနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်မည့်အရေး စိုးရိမ်မှုများနှင့် ပတ်သက်၍ ထရမ့်က “တရုတ်နဲ့ ကျွန်တော်တို့အကြား ဆက်ဆံရေး အဆင်ပြေနေမယ်လို့ ထင်ပါတယ်။ တရုတ်က အဲဒါကို လုပ်ချင်မှာ မဟုတ်ဘူး” ဟု ပြောဆိုခဲ့သည်။ တနင်္လာနေ့က အိမ်ဖြူတော်တွင် ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese နှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြားရာ၌ ထရမ့်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ […]

မြန်မာပြည် အပစ်ရပ်ရေး ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

Dawei Watch

October 21, 2025

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲကြရန် အောက်တိုဘာလ ၁၉ ရက်က မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။ ဗာတီကန်စီးတီး ၊ စိန့်ပီတာရင်ပြင်၌ ပြုလုပ်သည့် ကမ္ဘာ့သာသနာပြု တနင်္ဂနွေနေ့ (World Mission Sunday) ဆုတောင်းပွဲအပြီးတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးခဲ့ရာ၌ မြန်မာနိုင်ငံအတွက် ယင်းသို့ တောင်းဆိုမေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ပေါ်လာသည့် သတင်းများမှာ “စိတ်မချမ်းမြေ့စရာ” အဖြစ် ပုပ်ရဟန်းမင်းကြီးက သုံးနှုန်းပြောဆိုခဲ့သည်။ အရပ်သားပြည်သူများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများအပေါ် ဝမ်းနည်းပူဆွေးရကြောင်း ၎င်းက ပြောကြားခဲ့သည်။ အကြမ်းဖက်မှုနှင့် ဒုက္ခဆင်းရဲများကြောင့် ခံစားနေရသူအားလုံးနှင့် နီးနီးကပ်ကပ် အတူရှိနေပါကြောင်း ၎င်းက ဖော်ပြခဲ့သည်။ “ချက်ချင်းအကျိုးသက်ရောက်နိုင်မယ့် အပစ်အခတ်ရပ်စဲရေးကို […]

သမ္မတပရာဘိုဝို သက်တမ်းတစ်နှစ်ပြည့်နေ့တွင် အင်ဒိုနီးရှား ကျောင်းသားများဆန္ဒပြ

Dawei Watch

October 21, 2025

အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျာကာတာတွင် အောက်တိုဘာလ ၂၀ ရက်က ကျောင်းသား ရာနှင့်ချီပြီး သမ္မတပရာဘိုဝိုဆူဘီယန်တို အစိုးရကို ဆန့်ကျင်ဆန္ဒပြကြသည်။ သမ္မတပရာဘိုဝိုဆူဘီယန်တို သက်တမ်းတစ်နှစ်ပြည့်သည့်နေ့တွင် ယင်းသို့ ဆန္ဒပြကြခြင်း ဖြစ်သည်။ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် နိုင်ငံတဝှမ်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်လအကြာတွင် ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အင်ဒိုနီးရှားကျောင်းသားဆန္ဒပြပွဲ ဖြစ်သည်။ အဝါရောင်နှင့် အပြာရောင် ဂျာကင်များ ဝတ်ဆင်ထားသည့် ကျောင်းသား ၃၀၀ ခန့်က သမ္မတပရာဘိုဝို၏ အစိုးရအဖွဲ့ တနင်္လာနေ့က အစည်းအဝေးပြုလုပ်နေချိန်တွင် သမ္မတအိမ်တော်အနီး စုဝေးဆန္ဒပြခဲ့ကြသည်။ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံတဝှမ်း ကျောင်းသားဦးဆောင်သည့် ဆန္ဒပြပွဲများတုန်းကထက် ယခုတစ်ကြိမ်တွင် ဆန္ဒပြသူအရေအတွက် များစွာ ပိုလျော့နည်းသည်။ ဩဂုတ်လက နိုင်ငံအနှံ့ ဆန္ဒပြပွဲများတွင် အစိုးရ၏ မူဝါဒများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်ထူးခံဖြစ်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ […]

ဟောင်ကောင်တွင် ကုန်တင်လေယာဉ် ပြေးလမ်းချော်ပြီး ဝန်ထမ်းနှစ်ဦးသေဆုံး

Dawei Watch

October 20, 2025

ဒူဘိုင်းမှ ပျံသန်းလာသည့် ကုန်တင်လေယာဉ်တစ်စင်း ဟောင်ကောင်လေဆိပ်တွင် ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက်အစောပိုင်း၌ ဆင်းသက်စဉ် ပြေးလမ်းမှ ချော်ထွက်ကာ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦး သေဆုံးခဲ့သည်။ အဆိုပါ ဘိုးအင်း ၇၄၇ ကုန်တင်လေယာဉ်သည် လုံခြုံရေးကင်းလှည့်ယာဉ်ကို ဝင်တိုက်မိကာ လေယာဉ်ရော လုံခြုံရေးကင်းလှည့်ယာဉ်ပါ ပင်လယ်ထဲ ပြုတ်ကျခဲ့ပြီး လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။ ယင်းမှာ ၂၅ နှစ်ကျော်ကာလအတွင်း ဟောင်ကောင်တွင် အဆိုးရွားဆုံး လေယာဉ်မတော်တဆမှုတစ်ခု ဖြစ်သည်။ လေယာဉ်ပေါ်ရှိ လေယာဉ်ဝန်ထမ်းလေးယောက်စလုံးမှာ အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့သော်လည်း လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦးမှာ ရေထဲမှာ ဆယ်ယူလိုက်စဉ်ကတည်းက အသက်မရှူတော့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ လေဆိပ်ဝန်ထမ်းတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးကြောင်း အတည်ပြုခဲ့ပြီး နောက်တစ်ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့သည်။ မတော်တဆဖြစ်ပွားခဲ့သည့် […]

လေကြောင်း တိုက်ခိုက်ပြီးနောက် ဂါဇာတွင် အပစ်ရပ်ရေး ပြန်စနေပြီဟု အစ္စရေး ပြော

Dawei Watch

October 20, 2025

ဂါဇာတွင် အောက်တိုဘာလ ၁၉ ရက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အပစ်ရပ်သဘောတူညီချက်ကို ပြန်လည် စတင်အကောင်အထည်ဖော်နေပြီဟု အစ္စရေးက ဆိုသည်။ အစ္စရေးက တနင်္ဂနွေနေ့တွင် ဂါဇာ၌ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အပစ်ရပ်သဘောတူညီချက်ကို ဟားမတ်စ်အဖွဲ့က ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲကာ ဂါဇာသို့ အကူအညီများ ပေးပို့မှုကို ရပ်ဆိုင်းကြောင်း အစ္စရေးဘက်က ကြေညာပြီးနောက်တွင် ယင်းသို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အစ္စရေး၏ အဆိုပါ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၄၄ ဦး သေဆုံးခဲ့ရကြောင်း BBC သတင်းတွင် ဖော်ပြသည်။ တနင်္ဂနွေနေ့က ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့တွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်နက်ငယ်၊ တင့်ကား ဖျက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် […]

ကမ္ဘောဒီးယားမှ ပြန်ပို့လိုက်သည့် နိုင်ငံသားများကို တောင်ကိုရီးယား အာဏာပိုင်များ ဖမ်းဆီးထား

Dawei Watch

October 18, 2025

အွန်လိုင်းငွေလိမ်စင်တာများတွင် ပါဝင်ပတ်သက်မှု သံသယဖြင့် ကမ္ဘောဒီးယား အာဏာပိုင်များက ဖမ်းဆီးထိန်သိမ်းကာ နိုင်ငံပြန်ပို့လိုက်သည့် တောင်ကိုရီးယားနိုင်ငံသား ၆၄ ဦးကို တောင်ကိုရီးယား အစိုးရကလည်း ဖမ်းဆီးစစ်ဆေးနေပြီဖြစ်သည်။ အဆိုပါနိုင်ငံသားများကို ကမ္ဘောဒီးယားက ယနေ့ အောက်တိုဘာလ ၁၈ ရက်တွင် မိခင်နိုင်ငံသို့ ပြန်ပို့လိုက်ခြင်းဖြစ်ပြီး တောင်ကိုရီးယားအာဏာပိုင်များကလည်း ရာဇဝတ်မှု စွဲချက်များဖြင့် စုံစမ်းစစ်ဆေးရန် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ အဆိုပါ တောင်ကိုရီးယားနိုင်ငံသား ၆၄ ဦးမှာ ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် ပါဝင်ပတ်သက်နေကြောင်း၊ ငွေလိမ်စင်တာများတွင် မိမိဆန္ဒအလျောက် ပါဝင်ပတ်သက်ခဲ့ကြသူများရော၊ မိမိဆန္ဒနှင့် ဆန့်ကျင်၍ ပါဝင်ပတ်သက်ခဲ့ရသူများပါ ပါဝင်ကြောင်း တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး Wi Sung-lac က ပြောသည်။ ၎င်းတို့ကို မိခင်နိုင်ငံသို့ ပြန်လွှဲပြောင်းပေးရန် သဘောတူညီမှုသည် “အွန်လိုင်းငွေလိမ်မှုများကို နှိမ်နှင်းရာတွင် တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ကောင်းမွန်သော […]

လက်ရှိထိန်းချုပ်နယ်မြေအတိုင်း ယူကရိန်းစစ်ကို ရပ်တန့်ရန် ထရမ့်ပြော

Dawei Watch

October 18, 2025

ယူကရိန်းစစ်ပွဲကို လက်ရှိတိုက်ပွဲထိန်းချုပ်နယ်မြေအတိုင်း လက်ခံပြီး ရပ်တန့်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၇ ရက်နေ့က ပြောကြားလိုက်သည်။ သောကြာနေ့က အိမ်ဖြူတော်တွင် ယူကရိန်းသမ္မတဇလန်းစကီးနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်တွင် ထရမ့်က လူမှုကွန်ရက်ပေါ်တွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နာရီများစွာ ကြာမြင့်ခဲ့သည့် အဆိုပါ အိမ်ဖြူတော်တွေ့ဆုံမှုအတွင်း သမ္မတထရမ့်နှင့် သမ္မတဇလန်းစကီးတို့အကြား ယူကရိန်းစစ်ပွဲ၏ အနာဂတ်နှင့် ပတ်သက်၍ သဘောထားကွဲလွဲခဲ့ကြကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ဆွေးနွေးပွဲမှာ တဲ့တိုးပြောဆိုမှုများနှင့် တင်းမာမှု ရှိခဲ့ပြီး ရံဖန်ရံခါ စိတ်ကသိကအောက်ဖြစ်စရာများ ကြုံခဲ့ရသည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ကြောင်း နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ CNN က ဖော်ပြသည်။ လက်ရှိအချိန်တွင် ယူကရိန်းအနေဖြင့် ၎င်းတို့ တောင်းဆိုထားသည့် ရုရှားအတွင်းပိုင်းအထိ ပစ်ခတ်နိုင်သည့် တိုမာဟော့ခ်တာဝေးပစ်မစ်ဆိုင်းဒုံးများကို […]