မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ် လုပ်ငန်းများနှင့်ပတ်သက်၍ Starlink ကို ကန်လွှတ်တော် စတင်စစ်ဆေး
Dawei Watch
October 14, 2025မြန်မာနိုင်ငံရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု စင်တာများသို့ အင်တာနက်ဝန်ဆောင်မှုပေးရာတွင် အီလွန်မတ်၏ Starlink ဂြိုဟ်တုလုပ်ငန်းက ပါဝင်ပတ်သက်နေမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုစတင်နေပြီ ဖြစ်ကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်ရှိ ဒီမိုကရက်နှင့် ရီပတ်ဘလင်ကန် နှစ်ပါတီပူးပေါင်းကော်မတီတစ်ရပ်က ကြေညာလိုက်သည်။ မြန်မာနိုင်ငံရှိ အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာများမှာ ကမ္ဘာတဝှမ်းရှိ ပစ်မှတ်ထားခံရသူများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်ရယူနေသည်ဟုဆိုသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာများကို နှိမ်နှင်းခဲ့သည့်အချိန်ဝန်းကျင်၌ပင် အဆိုပါ စင်တာများ၏ ခေါင်မိုးများပေါ်တွင် Starlink ဂြိုဟ်တုအင်တာနက်စလောင်း အများအပြား စတင်နေရာယူလာသည်ကို AFP သတင်းဌာနက စုံစမ်းတွေ့ရှိခဲ့သည်။ ယင်းနောက်တွင် အီလွန်မတ်၏ Starlink ဂြိုဟ်တုလုပ်ငန်းအပေါ် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှု စတင်လာခြင်း ဖြစ်သည်။ Starlink သည် သုံးလအတွင်းမှာပင် စစ်ဘေးသင့်မြန်မာနိုင်ငံ၏ အကြီးမားဆုံး အင်တာနက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်လာခဲ့ကြောင်း အာရှဒေသဆိုင်ရာ […]


