ဩစတြေးလျ – ပါပူဝါနယူးဂီနီ နှစ်နိုင်ငံ ကာကွယ်ရေးစာချုပ် လက်မှတ်ထိုး
Dawei Watch
October 6, 2025ဩစတြေးလျဝန်ကြီးချုပ်နှင့် ပါပူဝါနယူးဂီနီဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူစာချုပ်တစ်ရပ်ကို ယနေ့ အောက်တိုဘာလ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။ အဆိုပါ သဘောတူစာချုပ်က နှစ်နိုင်ငံစစ်တပ်အကြား မကြုံစဖူး ပေါင်းစည်းမှုကို ဖြစ်ပေါ်စေမည်ဟု ဝန်ကြီးချုပ်နှစ်ဦးစလုံးက ပြောသည်။ ယင်းစာချုပ်မှာ ၁၉၅၁ ခုနှစ်က အမေရိကန် ၊ နယူးဇီလန်နှင့် ဩစတြေးလျအကြား ချုပ်ဆိုခဲ့သည့် ကာကွယ်ရေးစာချုပ်အပြင် ဩစတြေးလျ၏ နောက်ထပ်တစ်ခုတည်းသော ကာကွယ်ရေး မဟာမိတ်စာချုပ် ဖြစ်သည်။ ဩစတြေးလျ၏ အနီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကိုလိုနီနိုင်ငံဟောင်းလည်း ဖြစ်ခဲ့သည့် ပါပူဝါနယူးဂီနီအတွက် ယင်းစာချုပ်မှာ ပထမဆုံးသော နှစ်နိုင်ငံ ကာကွယ်ရေးသဘောတူစာချုပ် ဖြစ်သည်။ နှစ်နိုင်ငံစလုံးမှ ပါလီမန်များက အတည်ပြုပြီးနောက်တွင် အဆိုပါ စာချုပ်မှာ စတင်အသက်ဝင်လာမည် ဖြစ်သည်။ မိမိ၏ အနီးဆုံး အိမ်နီးချင်းနိုင်ငံက မိမိ၏ မဟာမိတ်အသစ် […]


