ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဥရောပတိုက် ဒရုန်းကာကွယ်ရေးစနစ်တည်ဆောက်ရန် ဆွေးနွေး

Dawei Watch

October 2, 2025

ရုရှားဒရုန်းရန်မှ ဥရောပကို ကာကွယ်နိုင်ရန် တိုးမြှင့်လုပ်ဆောင်ရေးကို ဥရောပသမဂ္ဂ (EU) နိုင်ငံ့ခေါင်းဆောင်များက အောက်တိုဘာလ ၁ ရက်က သဘောတူထောက်ခံလိုက်သည်။ ဒိန်းမတ်နိုင်ငံ၊ မြို့တော် ကိုပင်ဟေဂင်တွင် ပြုလုပ်သည့် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးတွင် ယင်းသို့ သဘောတူထောက်ခံလိုက်ခြင်း ဖြစ်သည်။ ဥရောပတိုက်အတွက် ဒရုန်းကာကွယ်ရေးစနစ်တစ်ခု တည်ဆောက်မည့် အစီအစဉ်ကို ထောက်ခံကြောင်း ဥရောပသမဂ္ဂခေါင်းဆောင်များက အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။ ဒိန်းမတ် လေပိုင်နက်ထဲ ပြင်ပနိုင်ငံတစ်ခုက ဒရုန်းများ ကျူးကျော်ဝင်ရောက်မှုကြောင့် နိုင်ငံအတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေး၏ လုံခြုံရေးကို ဥရောပနိုင်ငံများမှ စေလွှတ်သည့် တပ်ဖွဲ့များ၊ ဒရုန်းဖျက်စနစ်များဖြင့် ပိုမိုတင်းကျပ်ထားခဲ့သည်။ အောက်တိုဘာလ ၃ ရက်အထိ ဒိန်းမတ်နိုင်ငံအတွင်း ဒရုန်းပျံသန်းမှုအားလုံးကို ပိတ်ပင်ထားခဲ့သည်။ နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mark […]

အာဖဂန်နစ္စတန်မှာ အင်တာနက် ပြန်ရ

Dawei Watch

October 2, 2025

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အစိုးရက အောက်တိုဘာလ ၁ ရက်နေ့က အင်တာနက် ပြန်ဖွင့်ပေးလိုက်သောကြောင့် နိုင်ငံသားများစွာ ဝမ်းသာအားရ လမ်းပေါ်ထွက်လာခဲ့ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှ စ၍ အင်တာနက်လိုင်းများ စတင်ပိတ်ပင်လိုက်မှုကြောင့် တာလီဘန်အစိုးရအပေါ် ကျယ်ကျယ်ပြန့်ပြန့် အပြစ်တင်ရှုတ်ချမှုများ ထွက်ပေါ်လာပြီးနောက် အင်တာနက် ပြန်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ ဆက်သွယ်ရေးလိုင်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသော်လည်း အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Netblocks က အင်တာနက်လိုင်းမှာ တစ်ဝက်တစ်ပျက်သာ ပြန်ရသေးသည်ဟု ပြောသည်။ တာလီဘန်ဝန်ကြီးချုပ်၏ အမိန့်အရ အင်တာနက်ပြန်ရလာခြင်း ဖြစ်ကြောင်း တာလီဘန်အစိုးရနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုကို ကိုးကား၍ BBC သတင်းတွင် ဖော်ပြသည်။ ၄၈ နာရီကြာ အင်တာနက်ပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ၊ လေယာဉ်ခရီးစဉ်များတွင် […]

အင်ဒိုနီးရှားတွင် ဘာသာရေးစာသင်ကျောင်း ပြိုကျ၊ လူ တစ်ရာနီးပါး ပျောက်ဆုံးနေ

Dawei Watch

October 1, 2025

အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်၊ ဆီဒိုအာဂျိုမြို့တွင် စက်တင်ဘာလ ၃၀ ရက်က အစ္စလာမ်ဘာသာရေး ကျောင်းဆောင်တစ်ခု ပြိုကျခဲ့ပြီး ပိတ်မိနေသည့် ကလေးငယ်များကို အပူတပြင်း ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။ အင်္ဂါနေ့ ညနေပိုင်းအထိ သေဆုံးရုပ်အလောင်း သုံးလောင်းကို တွေ့ရှိထားပြီး သေဆုံးသူ အရေအတွက် ထပ်တိုးလာဖွယ် ရှိကြောင်း အာဏာပိုင်များက ပြောသည်။ အခြားကလေးငယ် ၉၉ ဦးမှာ ဆေးရုံတင်ထားရပြီး အချို့မှာ ဒဏ်ရာ စိုးရိမ်ရကြောင်းလည်း အာဏာပိုင်များက ဆိုသည်။ ပျောက်ဆုံးနေသူ ဦးရေ အနည်းဆုံး ၉၁ ဦး ရှိပြီး ၎င်းတို့ကို အပူတပြင်း ရှာဖွေနေဆဲ ဖြစ်သည်။ ပြိုကျခဲ့သည့် အဆိုပါ ဘာသာရေးကျောင်းဆောင်၏ အပေါ်ထပ်မှာ ဆောက်လုပ်နေဆဲ အခြေအနေရှိပြီး အောက်ထပ်တွင် ကလေးများ ဝတ်ပြုဆုတောင်းနေစဉ် ပြိုကျခဲ့ခြင်း ဖြစ်သည်။ […]

ဖိလစ်ပိုင်တွင် ငလျင်ကြောင့် သေဆုံးသူ ၇၀ နီးပါးရှိလာ

Dawei Watch

October 1, 2025

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် စက်တင်ဘာလ ၃၀ ရက် ညက အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၆၉ ဦးအထိ ရှိလာပြီဖြစ်သည်။ မဂ္ဂနီကျုဒ် ၆ ဒသမ ၉ အဆင့်ရှိ အဆိုပါငလျင်သည် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ လူဦးရေ ကိုးသောင်းခန့်ရှိသည့် ဆီဘူးပြည်နယ်၊ ဘိုဂိုမြို့သည် ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ထိခိုက်ခံစားခဲ့ရသည့် မြို့ဖြစ်သည်။ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ဘိုဂိုမြို့တွင် အိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ နိုက်ကလပ်များ ပြိုကျကာ ပိတ်မိနေသူ အရေအတွက်ကို တိတိကျကျ မသိရသေးကြောင်း အာဏာပိုင်များက ပြောသည်။ ငလျင်ဒဏ်ကြောင့် သေဆုံးသူအားလုံး၏ ထက်ဝက်ခန့်မှာ ဘိုဂိုမြို့ခံများ ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။ ငလျင်၏ ဗဟိုချက်မှာ ဘိုဂို၏ […]

အမေရိကန်ဖက်ဒရယ်အစိုးရယန္တရား ရပ်ဆိုင်း

Dawei Watch

October 1, 2025

ဖက်ဒရယ်အစိုးရဘတ်ဂျက်ဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်က အချိန်မီ အတည်မပြုနိုင်သောကြောင့် အမေရိကန်ဖက်ဒရယ်အစိုးရယန္တရား စတင်ရပ်ဆိုင်းနေသည်။ ၇ နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဖက်ဒရယ်အစိုးရယန္တရားရပ်တန့်မှု ဖြစ်ပေါ်လာပြီး ထရမ့်အစိုးရအနေဖြင့် မရေရာမှုအသစ်များဖြင့် စတင်ရင်ဆိုင်နေရပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။ သတ်မှတ် နောက်ဆုံးရက်ဖြစ်သည့် ဗုဒ္ဓဟူးနေ့ ညသန်းခေါင်မတိုင်မီ ဖက်ဒရယ်အစိုးရဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုရန် သမ္မတဒေါ်နယ်ထရမ့်နှင့် ကွန်ဂရက်လွှတ်တော်က ကြိုးစားခဲ့သော်လည်း ဒီမိုကရက်ပါတီအမတ်များက မဲခွဲပယ်ချခဲ့သည်။ ဒီမိုကရက်ပါတီဘက်က ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ တောင်းဆိုချက်များကို သမ္မတဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလင်ကန်အမတ်များက မလိုက်လျောလျှင် ဖက်ဒရယ်အစိုးရယန္တရား ရပ်တန့်စေမည်ဟု ဒီမိုကရက်အမတ်များက ခြိမ်းခြောက်ထားသည်။ ယင်းသို့ ခြိမ်းခြောက်ထားသည့်အတိုင်း ဒီမိုကရက်အမတ်များက ရီပတ်ဘလင်ကန်ပါတီဘက်မှ တင်သွင်းလာသည့် ဖက်ဒရယ်အစိုးရရန်ပုံငွေဥပဒေကြမ်းကို ပယ်ချခဲ့ခြင်း ဖြစ်သည်။ ဖက်ဒရယ်အစိုးရယန္တရားရပ်ဆိုင်းမှုကြောင့် ဖက်ဒရယ်အစိုးရဝန်ထမ်းပေါင်း ၇၅၀,၀၀၀ ခန့် လစာမဲ့ နားနေခွင့် အပေးခံရနိုင်ကြောင်း ခန့်မှန်းထားသည်။ ဖက်ဒရယ်အစိုးရဝန်ထမ်းအချို့ ရာသက်ပန်အလုပ်ထုတ်ခံရနိုင်ကြောင်း […]

တာလီဘန်များက အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးကို အင်တာနက် ဖြတ်တောက်

Dawei Watch

September 30, 2025

အာဖဂန်နစ္စတန် တစ်နိုင်ငံလုံး ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အင်တာနက် သုံးမရတော့ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ကျင့်ဝတ်ပျက်ပြားမှုကို တိုက်ဖျက်ရန် အင်တာနက်အသုံးပြုမှုကို ပိတ်ပင်မည်ဟု တာလီဘန်အစိုးရက ကတိပြုကြေညာခဲ့ပြီးနောက် ယင်းသို့ နိုင်ငံအနှံ့ အင်တာနက်ပြတ်တောက်သွားခြင်း ဖြစ်သည်။ ယင်းကြောင့် ပိုမိုတင်းကျပ်ဖိနှိပ်လာသည့် တာလီဘန်အုပ်ချုပ်မှုအောက်မှ အာဖဂန်နစ္စတန်နိုင်ငံသား သန်းပေါင်းများစွာအတွက် ကမ္ဘာနှင့် အဆက်ပြတ်မည့်အရေး စိုးရိမ်မှုများ ကြီးထွားလာသည်။ တနင်္လာနေ့ညပိုင်းတွင် အာဖဂန်နစ္စတန်ရှိ ကွန်ရက်တော်တော်များ ပြတ်တောက်သွားခဲ့ကာ တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများပါ ထိခိုက်မှုရှိခဲ့ကြောင်း အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ Netblocks က ပြောသည်။ ယင်းကြောင့် လူဦးရေ ၄၃ သန်း နေထိုင်ရာ အာဖဂန်နစ္စတန်နိုင်ငံတွင် အင်တာနက်လုံးဝပြတ်တောက်မှု ဖြစ်ပွားနေကြောင်း Netblocks အဖွဲ့က ပြောသည်။ ပြည်တွင်းရှိ ၎င်းတို့၏ မိသားစုများထံ […]

အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်လာနိုင်ဟု ဗင်နီဇွဲလားဒုသမ္မတ ပြော

Dawei Watch

September 30, 2025

အမေရိကန်စစ်တပ်က နိုင်ငံကို တိုက်ခိုက်လာလျှင် သမ္မတအနေဖြင့် နိုင်ငံအရေးပေါ်အခြေအနေကြေညာရန် အသင့်ရှိ နေကြောင်း ဗင်နီဇွဲလားဒုတိယသမ္မတ Delcy Rodríguez က စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်လာလျှင် အင်မတန် ဆိုးရွားသည့် နောက်ဆက်တွဲများ ဖြစ်ပေါ်လာမည်ဟုလည်း သူမက သတိပေးပြောဆိုခဲ့သည်။ အာဏာရှင်ဆန်သည့် ဗင်နီဇွဲလားသမ္မတ Nicolás Maduro ၏ အနီးကပ်ဆုံး မဟာမိတ်များထဲတွင် ဗင်နီဇွဲလားဒုသမ္မတ Delcy Rodríguez လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ မကြာသေးမီက ကာရစ်ဘီယန်ပင်လယ်အတွင်း အမေရိကန်ရေတပ်ချထားမှုနှင့် ဗင်နီဇွဲလားလှေများကို မူးယစ်ဆေး သယ်ဆောင်သည်ဟု စွပ်စွဲကာ အမေရိကန်က ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ဗင်နီဇွဲလားအစိုးရအပေါ် ဖိအားများ ပိုမိုကျရောက်လာနေခဲ့သည်။ အဆိုပါ လှေများကို တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၇ […]

အဏုမြူလက်နက် ဘယ်တော့မှ မစွန့်ဟု ကုလညီလာခံတွင် မြောက်ကိုရီးယား တရားဝင်ပြော

Dawei Watch

September 30, 2025

နိုင်ငံ၏ အဏုမြူလက်နက်စီမံကိန်းကို ဘယ်တော့မှ စွန့်လွှတ်မည်မဟုတ်ကြောင်း မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kim Son Gyong က စက်တင်ဘာလ ၂၉ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားလိုက်သည်။ မြောက်ကိုရီးယားအား အဏုမြူလက်နက်စွန့်လွှတ်စေခြင်းမှာ ၎င်း၏ အချုပ်အခြာအာဏာနှင့် ဖြစ်တည်ခွင့်ကို စွန့်လွှတ်ရန် တောင်းဆိုသည်နှင့် ထပ်တူညီကြောင်း ၎င်းက ပြောဆိုခဲ့သည်။ မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kim Son Gyong သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လာသည့် မြောက်ကိုရီးယား ကိုယ်စားလှယ် ဖြစ်သည်။ “ဒီမိုကရက်တစ်ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံမှာ အဏုမြူလက်နက်ဖျက်သိမ်းဖို့ တွန်းအားပေးတာဟာ ဒီနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဖြစ်တည်ခွင့်ကို စွန့်လွှတ်ဖို့ ၊ ဒီနိုင်ငံရဲ့ အခြေခံဥပဒေကို ချိုးဖောက်ဖို့ တောင်းဆိုတာနဲ့ အတူတူပါပဲ” ဟု […]