ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်စစ်သားများ ဖိလစ်ပိုင်သွားမည်
Dawei Watch
September 25, 2025ဂျပန်နှင့် ဖိလစ်ပိုင်အကြား အရေးကြီးကာကွယ်ရေး သဘောတူစာချုပ်တစ်ခု ယခုလတွင် စတင်အသက်ဝင်လာခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်စစ်သားများ ဖိလစ်ပိုင်မြေပေါ်သို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။ Reciprocal Access Agreement (RAA) ဆိုသည့် ယင်းကာကွယ်ရေးစာချုပ်အရ ဂျပန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုလွယ်ကူချောမွေ့လာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ အဆိုပါ စာချုပ်အရ ဂျပန်သည် အင်ဒို-ပစိတ်ဖိတ်ဒေသအတွင်း လုံခြုံရေးဆိုင်ရာ အရေးကြီးမိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာသည်ဟုလည်း ကျွမ်းကျင်သူများက ဆိုကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ကာကွယ်ရေးသဘောတူစာချုပ်ကို ပြီးခဲ့သည့်နှစ်က ဖိလစ်ပိုင်နိုင်ငံ ၊ မြို့တော်မနီလာတွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro Jnr နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko […]


