ယူကရိန်းတွင် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန် နေတိုးအဖွဲ့ကို ပိုလန်တောင်းဆို
Dawei Watch
September 16, 2025ဥရောပကို ရုရှား၏ တိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရေး နေတိုးအဖွဲ့က ယူကရိန်းလေပိုင်နက်တွင် လေယာဉ်မပျံသန်းရဇုန် (No-fly zone) သတ်မှတ်ရန် ပိုလန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ကြောင်း The Washington Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယခင်အပတ်က နိုင်ငံလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ရုရှားဒရုန်းများကို ပိုလန်က ပစ်ချခဲ့ပြီးနောက်တွင် ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ပြောဆိုတိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ယင်းသို့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန်အစီအစဉ်ကို ယမန်နှစ်က သမ္မတဘိုင်ဒန်လက်ထက် အမေရိကန်အစိုးရနှင့် ဆွေးနွေးခဲ့ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski က ဂျာမန်သတင်းဌာန Frankfurter Allgemeiner ကို ပြောကြားခဲ့သည်။ သို့သော် ယင်းအစီအစဉ်ကို ပိုလန်နိုင်ငံတစ်ခုတည်းနှင့် အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း ၊ အခြားဥရောပမဟာမိတ်နိုင်ငံများ၏ အထောက်အပံ့ကို […]


