ထရမ့်၏မဟာမိတ် အသတ်ခံရမှုအပေါ် လက်စားချေရန် လှုံ့ဆော်မှုများ ကြီးထွားလာနေ
Dawei Watch
September 12, 2025ထရမ့်၏ မဟာမိတ်ဖြစ်သည့် နာမည်ကြီး ကွန်ဆာဗေးတစ်တက်ကြွလှုပ်ရှားသူ Charlie Kirk သတ်ဖြတ်ခံရမှုအပေါ် ပြန်လက်စားချေတုံ့ပြန်ရန် လှုံ့ဆော်မှုများ အမေရိကန်လက်ယာစွန်း ဝါဒီများအကြား ကြီးထွားလာနေကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။ Charlie Kirk လုပ်ကြံခံရမှုမှာ အမေရိကန်လက်ယာယိမ်း အင်အားစုများအကြား ဒေါသလှိုင်းလုံးကြီးတစ်ခု မီးမွှေးပေးလိုက်ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ Charlie Kirk အား လုပ်ကြံသည့် သေနတ်သမားမှာ လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲ ဖြစ်သည်။ အကြမ်းဖက်မှုများ မြင့်တက်လာမည့်အရေး စိုးရိမ်မှုအကြား ၎င်းလုပ်ကြံခံရမှုမှာ နိုင်ငံရေးအရ အင်မတန်အရေးပါသည့် ကိစ္စတစ်ခုဖြစ်ပြီး ကွန်ဆာဗေးတစ်အင်အားစုများအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟု သမ္မတဒေါ်နယ်ထရမ့်အား ထောက်ခံသူများက ပုံဖော်ပြောဆိုလျက်ရှိသည်။ သမ္မတထရမ့်၏ “အမေရိကန်ကို တဖန် ကြီးကျယ်လာအောင် လုပ်ရေး” (Make America Great Again) […]


