ဆွီဒင်က မြန်မာကိုပေးနေသည့် အကူအညီများလျှော့ချပြီး ယူကရိန်းကို ပိုထောက်ပံ့မည်
Dawei Watch
September 12, 2025ဆွီဒင်က မြန်မာနိုင်ငံအတွက် ပေးအပ်နေသည့် အကူအညီများကို တဖြည်းဖြည်း ရပ်ဆိုင်းသွားတော့မည် ဖြစ်ကြောင်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ရေရှည်တွင် ဆွီဒင်အစိုးရက ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း Sweden Herald သတင်းတစ်ရပ်က ဖော်ပြသည်။ ဆွီဒင်အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက်မှာ ယူကရိန်းအတွက် ဆွီဒင်၏ အထောက်အပံ့များကို တိုးမြှင့်ပေးရန် ဦးစားပေးလာခြင်း၏ တစိတ်တပိုင်း ဖြစ်သည်။ “ယူကရိန်းဟာ ဥရောပရဲ့ ရှေ့တန်းအကျဆုံး ခံစစ်မျဉ်းဖြစ်တယ်။ ပြီးတော့ သူတို့(ယူကရိန်း)ဟာ သူတို့ရဲ့ လွတ်လပ်မှုကိုရော ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကိုပါ ကာကွယ်ပေးနေတာ ဖြစ်တယ်။ ဒါကြောင့် ဆွီဒင်အစိုးရရဲ့ အထောက်အပံ့တွေကို ပြန်လည်စီစဉ်တာက အရင်ကထက် ပိုအရေးပါလာတယ်” ဟု ဆွီဒင်အစိုးရ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး Benjamin Dousa က ဆိုသည်။ […]


