ပိုလန်တွင် အမေရိကန်တပ်ဖွဲ့များ တိုးမြှင့်ချထားနိုင်ကြောင်း ထရမ့်ပြော
Dawei Watch
September 4, 2025ပိုလန်တွင် အမေရိကန်တပ်ဖွဲ့များကို တိုးမြှင့်ချထားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၃ ရက်နေ့တွင် ပြောဆိုလိုက်သည်။ ကွန်ဆာဗေးတစ် လက်ယာယိမ်း ပိုလန်သမ္မတ Karol Nawrocki နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်အတွင်း ထရမ့်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သည် ပိုလန်နှင့် အင်မတန် ခိုင်မာသည့် ဆက်ဆံရေးရှိကြောင်း ထရမ့်က ပြောကာ ပိုလန်၏ လုံခြုံရေးအတွက် ၎င်းက အာမခံပြောဆိုခဲ့သည်။ အမေရိကန်တပ်ဖွဲ့များကို ပိုလန်တွင် ဆက်လက်ထားရှိမည်လား ဆိုသည်နှင့် ပတ်သက်၍ မေးမြန်းမှုကို ထရမ့်က “သူတို့ ဆန္ဒရှိရင် ကျွန်တော်တို့ နောက်ထပ်တပ်ဖွဲ့တွေ ပိုချထားပေးမှာပါ” ဟု ဖြေကြားခဲ့သည်။ ၎င်းနှင့် ထရမ့်တို့အကြား ပိုလန်တွင် အမေရိကန်တပ်ဖွဲ့ အရေအတွက် တိုးမြှင့်ချထားရေးကို ဆွေးနွေးခဲ့ကြောင်း ထရမ့်နှင့် တွေ့ဆုံမှုအပြီးတွင် […]


