ရွေးကောက်ပွဲအပြီး ဆန့်ကျင်ဆန္ဒပြသူများကို ဗင်နီဇွဲလားအစိုးရ ပြန်လွှတ်ပေး
Dawei Watch
December 27, 2025ဗင်နီဇွဲလားနိုင်ငံတွင် ဇူလိုင်လ ရွေးကောက်ပွဲအပြီး ဆန့်ကျင်ဆန္ဒပြစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၆၀ ဦးထက်မနည်းကို ဒီဇင်ဘာလ ၂၅ ရက်တွင် အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မာဒူရိုက တတိယအကြိမ်မြောက် သမ္မတသက်တမ်းအတွက် ထပ်မံအနိုင်ရရှိခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲမှာ မသမာမှုများရှိကြောင်း အတိုက်အခံများနှင့် နိုင်ငံတကာလေ့လာစောင့်ကြည့်သူများက ဝေဖန်ခဲ့ကြပြီး လူထုဆန္ဒပြပွဲများ အကြီးအကျယ် ပေါ်ပေါက်ခဲ့သည်။ ဆန္ဒပြသူများကို အာဏာပိုင်များက အပြင်းအထန် နှိမ်နင်းခဲ့ပြီး လူပေါင်း ၂,၄၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော်လည်း လက်ရှိအချိန်အထိ လူ ၂,၀၀၀ နီးပါးခန့်သာ ပြန်လည်လွတ်မြောက်သေးသည်။ ယခုကဲ့သို့ ပြန်လည်လွှတ်ပေးမှုများ ရှိနေသော်လည်း လူပေါင်းရာနှင့်ချီ အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။ ဗင်နီဇွဲလားအခြေစိုက် ဥပဒေဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခု ဖြစ်သည့် […]


