ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

BBC ကို ထရမ့် တရားစွဲ၊ ဒေါ်လာ ၁၀ ဘီလီယံ လျော်ကြေးတောင်း

Dawei Watch

December 16, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လန်ဒန်အခြေစိုက် BBC သတင်းဌာနကို အသရေဖျက်မှုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တရားစွဲဆိုလိုက်ကာ နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံ ပေးရန် တောင်းဆိုလိုက်သည်။ ယင်းမှာ မမှန်ကန်၊ မမျှတဟု ၎င်း ယူဆထားသည့် မီဒီယာများအပေါ် ထရမ့်၏ တိုက်ခိုက်မှုက နိုင်ငံတကာအဆင့်အထိ ရောက်လာခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည့် ထရမ့်၏ မိန့်ခွန်းကို BBC သတင်းဌာနက Panorama အစီအစဉ်တွင် တည်းဖြတ်ထုတ်လွှင့်မှုနှင့် ပတ်သက်၍ ယင်းသို့ တရားစွဲဆိုခြင်း ဖြစ်သည်။ BBC ၏ အဆိုပါ မိန့်ခွန်းတည်းဖြတ်မှုတွင် ၎င်းအား ထောက်ခံသူများကို လွှတ်တော်အဆောက်အအုံ The Capitol […]

ဖန်တနေးလ် မူးယစ်ဆေးကို လူအမြောက်အများ သေကြေပျက်စီးစေသည့် လက်နက်အဖြစ် ထရမ့် ကြေညာ

Dawei Watch

December 16, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဖန်တနေးလ်(Fentanyl)အား လူအမြောက်အမြား သေကြေပျက်စီးစေသည့် လက်နက်(WMD)အဖြစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကြေညာလိုက်သည်။ သမ္မတအမိန့်အာဏာကို လက်မှတ်ရေးထိုး၍ ၎င်းက ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။ ယင်းမှာ ဖန်တနေးလ်ကို တိုက်ဖျက်ရန်အတွက် အမေရိကန်အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို သိသာကြီးမားစွာ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဓာတုဗေဒနည်းဖြင့် ဖန်တီးထားကာ ဘိန်းနှင့် တူသော မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် ဖန်တနေးလ်ကြောင့် အမေရိကန်နိုင်ငံသား ထောင်ပေါင်းများစွာ နှစ်စဉ် သေဆုံးလျက် ရှိသည်။ အမေရိကန်အစိုးရက မူးယစ်ဆေးဝါးတစ်မျိုးကို လူအမြောက်အများ သေကြေပျက်စီးသည့် လက်နက်(WMD)အဖြစ် သတ်မှတ်ကြေညာခြင်းမျိုး ယခင်က မရှိခဲ့ဖူးပေ။ “တရားမဝင် ဖန်တနေးလ်က မူးယစ်ဆေးဝါးတစ်မျိုးဆိုတာထက် ဓာတုလက်နက်တစ်မျိုးနဲ့ ပိုနီးစပ်တယ်” ဟု သမ္မတထရမ့်၏ အမိန့်တွင် ပါရှိသည်။ သမ္မတထရမ့်၏ ကြေညာချက်က […]

တရုတ်၏ ရုတ်တရက် တိုက်ခိုက်မှုကို ထိုင်ဝမ် အလျင်အမြန် တုံ့ပြန်နိုင်စွမ်းရှိဟုဆို

Dawei Watch

December 16, 2025

တရုတ်ဘက်က မည်သည့် ရုတ်တရက် တိုက်ခိုက်မှုမျိုးကိုမဆို ထိုင်ဝမ်စစ်တပ်က အလျင်အမြန် တုံ့ပြန်နိုင်စွမ်းရှိကြောင်း ထိုင်ဝမ်ကာကွယ်ရေးဌာနက လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အထက်အမိန့်ကို စောင့်ဆိုင်းစရာမလိုဘဲ တပ်ဖွဲ့ယူနစ်အားလုံးကို ဗဟိုချုပ်ကိုင်မှုလျှော့ချထားသည့် ကွပ်ကဲမှုပုံစံဖြင့် တရုတ်၏ ရုတ်တရက် တိုက်ခိုက်မှုကို အလျင်အမြန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ထိုင်ဝမ်ကျွန်းအနီး တရုတ်၏ ပုံမှန်စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်ကို ရုတ်တရက် တိုက်ခိုက်သည့်အဆင့်သို့ အချိန်မရွေး ကူးပြောင်းနိုင်ကြောင်း ထိုင်ဝမ်ဘက်က ထပ်တလဲလဲ သတိပေးထားသည်။ ယင်းမှာ ထိုင်ဝမ်နှင့် ထိုင်ဝမ်ကို ထောက်ခံသည့် အပြည်ပြည်ဆိုင်ရာနိုင်ငံများကို အငိုက်ဖမ်းရန် တရုတ်စစ်တပ်က ရည်ရွယ်ကြောင်း ထိုင်ဝမ်က ဆိုသည်။ တရုတ်စစ်တပ်သည် ထိုင်ဝမ်ကျွန်းပတ်လည်တွင် နေ့စဉ်နီးပါး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။ ယင်းမှာ အမှန်တကယ် တိုက်ခိုက်မှုမလုပ်သော်လည်း ထိုင်ဝမ်တပ်ဖွဲ့များအနေဖြင့် ၎င်းတို့ကို […]

ထိုင်းရွေးကောက်ပွဲ ဖေဖော်ဝါရီ ၈ တွင် ကျင်းပမည်

Dawei Watch

December 15, 2025

ထိုင်းနိုင်ငံ၏ ဥပဒေပြု လွှတ်တော်အတွက် ရွေးကောက်ပွဲကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၁၁ ရက်က ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီးနောက် ရွေးကောက်ပွဲအသစ် ပြန်ကျင်းပမည့်နေ့ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ခြင်းဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၀၀ ဦးနှင့် ပါတီကိုယ်စားပြု ၁၀၀ ဦး စုစုပေါင်း အောက်လွှတ်တော်အမတ် ၅၀၀ နေရာအတွက် မဲပေးရွေးချယ်သွားမည်ဖြစ်သည်။ ပါတီတစ်ခုချင်းစီအတွက် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းကို သုံးဦးအထိ ရွေးချယ်တင်ပြနိုင်ကြောင်း ရွေးကော်က ကြေညာထားသည်။ ရွေးကောက်ပွဲရလဒ်ကို လာမည့် ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပြည်ပရောက်ထိုင်းနိုင်ငံသားများနှင့်အတူ အသက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအတွက် […]

ဩစတြေးလျ ဘွန်ဒိုင်းကမ်းခြေတိုက်ခိုက်မှု ကျူးလွန်သူမှာ သားအဖနှစ်ဦးဟု ရဲတပ်ဖွဲ့ပြော

Dawei Watch

December 15, 2025

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ဘွန်ဒိုင်းကမ်းခြေရှိ ဂျူးဘာသာရေးပွဲတစ်ခုတွင် လူ ၁၆ ဦးကို သတ်ဖြတ်ခဲ့သည့် သေနတ်သမားဟု စွပ်စွဲခံထားရသူနှစ်ဦးမှာ သားအဖနှစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၅ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ ဩစတြေးလျနိုင်ငံတွင် နှစ် ၃၀ နီးပါးအတွင်း အဆိုးရွားဆုံး သေနတ်ပစ်ခတ် အကြမ်းဖက်မှုဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိနေသည်။ ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် သေနတ်သမား အမျိုးသားသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏ ၂၄ နှစ်အရွယ် သားဖြစ်သူ သေနတ်သမားမှာ ဆေးရုံ၌ စိုးရိမ်ရအခြေအနေတွင် ရှိနေကြောင်း ရဲတပ်ဖွဲ့က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ယင်းပစ်ခတ်မှုသည် […]

ဘင်္ဂလားဒေ့ရှ်တွင် နောက်လရွေးကောက်ပွဲ ကျင်းပမည်

Dawei Watch

December 12, 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပါလီမန်ရွေးကောက်ပွဲကျင်းပမည် ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ဖော်ပြောကြားလိုက်သည်။ ပြီးခဲ့သည့်နှစ်က ကျောင်းသားဆန္ဒပြပွဲများနောက်ပိုင်း ပထမဆုံး ကျင်းပသည့် ပြည်လုံးကျွတ် ရွေးကောက်ပွဲဖြစ်သည်။ ကျောင်းသားဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာအစိုးရ ပြုတ်ကျသွားချိန်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုဘယ်ဆုရှင်မိုဟာမက်ယူနွတ်ဦးဆောင်သည့် ကြားကာလအစိုးရက အုပ်ချုပ်နေခြင်းဖြစ်သည်။ သို့သော် ယူနွတ်အစိုးရသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ နှေးကွေးခြင်းကြောင့် ဆန္ဒပြမှုအသစ်များနှင့် ရင်ဆိုင်လုံးပန်းနေရသည်။ ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည့် ဟာဆီနာ၏ ပါတီဘက်မှ ရွေးကောက်ပွဲကာလအတွင်း မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်နိုင်ကြောင်း သတိပေးချက်များလည်း ထွက်ပေါ်နေသည်။ ဘင်္ဂလားဒေ့ရှ်သမ္မတမိုဟာမက်ရှာဟာဘူဒင်ကလည်း ရွေးကောက်ပွဲအပြီးတွင် ၎င်း၏ သက်တမ်းတစ်ဝက်၌ ရာထူးမှ ဆင်းပေးမည်ဟု ပြောကြားထားသည်။ ယူနွတ်အစိုးရကြောင့် ၎င်း၏ ဂုဏ်သိက္ခာထိခိုက်ခဲ့ရသည်ဟု သမ္မတရှာဟာဘူဒင်က Reuters သတင်းဌာနကို ပြောကြားခဲ့သည်။ လာမည့် ရွေးကောက်ပွဲအတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူမဲဆန္ဒရှင်များ၏ […]

လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်လက်မှတ်ထိုး၊ ရက် ၆၀ အတွင်း ရွေးကောက်ပွဲလုပ်ရန် ညွှန်ကြား

Dawei Watch

December 12, 2025

ဥပဒေပြုလွှတ်တော်ကို ဖျက်သိမ်းရန် ထိုင်းဘုရင်က လက်မှတ်ထိုး အတည်ပြုလိုက်သည့် တော်ဝင်အမိန့်ကို ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံ၏ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဟု ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာပြီးနောက် ထိုင်းဘုရင်လက်မှတ်ထိုးရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ယနေ့ နံနက်ပိုင်းတွင် ထိုင်းဘုရင်က လွှတ်တော်ဖျက်သိမ်းရန် အတည်ပြုလိုက်ပြီး လာမည့် ၄၅ ရက်နှင့် ၆၀ ရက်ကြားတွင် ရွေးကောက်ပွဲ ကျင်းပရန် ညွှန်ကြားထားသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၆/၂၈ ကို ပြင်ဆင်သည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ထဲ မဲပေးဆုံးဖြတ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် တိုက်ရိုက်ခန့်ထားသော အထက်လွှတ်တော်အမတ်များ၏ သုံးပုံတစ်ပုံက ထောက်ခံရမည်ဟူသောအချက်အစား အထက်နှင့် အောက်လွှတ်တော်အမတ်များ၏ တစ်ဝက်ကျော်က […]

ဆိုရှယ်မီဒီယာပိတ်ပင်သည့် ဩစတြေးလျအစိုးရကို Reddit တရားစွဲ

Dawei Watch

December 12, 2025

အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား ဆိုရှယ်မီဒီယာပိတ်ပင်ထားသည့် ဩစတြေးလျအစိုးရကို Reddit ဆိုရှယ်မီဒီယာကုမ္ပဏီက ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။ အသက် ၁၆ နှစ်အောက် ကလေးများအတွက် ဩစတြေးလျအစိုးရက ပိတ်ပင်ထားသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများစာရင်းတွင် ၎င်းတို့အား ပယ်ဖျက်ပေးရန် Reddit ကုမ္ပဏီဘက် တောင်းဆိုကာ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ ဩစတြေးလျအစိုးရ၏ ပိတ်ပင်မှုမှာ နိုင်ငံရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ကုမ္ပဏီဘက်က ဆိုသည်။ Reddit ကုမ္ပဏီဘက်မှ ရှေ့နေများ၏ တရားရုံးတင်စာရွက်စာတမ်းတွင် ဩစတြေးလျအစိုးရ၏ အဆိုပါ ပိတ်ပင်မှုသည် နိုင်ငံရေးဆိုင်ရာ လွတ်လပ်စွာ ဆက်သွယ်ပြောဆိုမှုကို ပိတ်ပင်ချိုးဖောက်သောကြောင့် တရားမဝင်ကြောင်း ဖော်ပြထားသည်။ အဆိုပါ တရားစွဲဆိုမှုတွင် ဩစတြေးလျဓနသဟာယအဖွဲ့နှင့် ဆက်သွယ်ရေးဝန်ကြီး Anika Wells […]