တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
July 26, 2025ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင် ၁၉ မှ ၂၅ ရက်အထိ ထိုင်း-ကမ္ဘောဒီးယား ပစ်ခတ်မှုဖြစ်၊ ထိုင်းဘက်တွင် သေဆုံးသူ ၁၆ ဦးအထိ ရှိလာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားရာကနေတဆင့် ဇူလိုင်လ ၂၄ ရက်နေ့မှာ နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုတွေ စဖြစ်လာခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဘက်က BM-21 ရော့ကတ်ဒုံးကျည်တွေနဲ့ ထိုင်းနယ်စပ်ခရိုင်တွေကို ဆက်တိုက်ပစ်ခတ်ခဲ့လို့ ထိုင်းဘက်မှ ကျောင်းသားတွေအပါအဝင် သေဆုံးသူ ၁၆ ဦးအထိ ရှိလာခဲ့တာပါ။ ဒုံးကျည်တွေက လူနေအိမ်တွေ၊ ဆေးရုံ၊ PTT ဓါတ်ဆီဆိုင်နဲ့ 7-Eleven စတိုးဆိုင်တွေကို ထိမှန်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ပိုများလာတာပါ။ နောက်ထပ် ဒဏ်ရာရရှိသူ ၄၆ ဦးအထိ ရှိလာပြီး […]


