ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဂီနီဘစ်ဆောနိုင်ငံတွင် စစ်တပ် အာဏာသိမ်း

Dawei Watch

November 27, 2025

အာဖရိကတိုက်၌ အာဏာသိမ်းမှု မကြာခဏဖြစ်ပွားလေ့ရှိသည့် ဂီနီဘစ်ဆောတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဖြစ်ကြောင်း စစ်ဘက်အရာရှိအုပ်စုတစ်စုက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကြေညာလိုက်သည်။ အငြင်းပွားဖွယ်ရာ သမ္မတရွေးကောက်ပွဲ မဲရလဒ် ကြေညာရန် တစ်ရက်အလိုတွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။ သမ္မတအူမာရို စစ်ဆိုကိုအမ်ဘာလိုအား ဖြုတ်ချလိုက်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း စစ်တပ်က နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။ နယ်စပ်များကို ပိတ်ကာ ညမထွက်ရအမိန့် ပြဋ္ဌာန်းမည် ဖြစ်ကြောင်းလည်း စစ်တပ်က ကြေညာခဲ့သည်။ ငြိမ်ဝမ်ပိပြားမှုပြန်လည်တည်ဆောက်ရေးအဆင့်မြင့်စစ်ဘက်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း စစ်တပ်က ကြေညာခဲ့သည်။ နောက်ထပ်အမိန့်ကြေညာချက် ထွက်ပေါ်လာခြင်းမရှိခင်အထိ စစ်တပ်က နိုင်ငံကို အုပ်ချုပ်သွားမည် ဖြစ်ကြောင်း ဆိုသည်။ Source: Reuters

ထိုင်းတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၄၆ ဦးအထိရှိလာ

Dawei Watch

November 26, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်များအပါအဝင် ခရိုင်အများအပြားတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၄၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးဌာန (DPPM) က ယနေ့ ထုတ်ပြန်သည်။ ထိုင်းတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရေကြီးမှုကြောင့် သေဆုံးသူ ၁၄ ဦး ရှိကြောင်း ဟတ်ယိုင်ဆေးရုံကြီးက ယနေ့ ထုတ်ပြန်ထားသည်။ ဖတ်ထလူခရိုင်တွင် ရုတ်တရက် ရေကြီးလာမှုကြောင့် သေဆုံးသူ လေးဦးရှိလာပြီး ၎င်းတို့အနက် အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဟင်းသီးဟင်းရွက်ခူးနေစဉ် ရေနှင့် မျောပါသေဆုံးခဲ့ကြောင်း ဖော်ပြသည်။ လက်ရှိတွင် ထိုင်းတောင်ပိုင်း ခရိုင်များဖြစ်သည့် စွန်ခရာ၊ ရာလ၊ ပတ်တနီ၊ နာရသီဝပ်၊ နခွန်စီထမရတ်၊ ဖတ်ထလူ၊ တရန်း၊ […]

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် လိင်တူလက်ထပ်မှုကို အသိအမှတ်ပြုရမည်ဟု တရားရုံးဆုံးဖြတ်

Dawei Watch

November 26, 2025

လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို ဥရောပသမဂ္ဂနိုင်ငံတိုင်းတွင် လေးစားအသိအမှတ်ပြုရမည်ဟု ဥရောပသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။ ဂျာမနီတွင် လက်ထပ်ထိမ်းမြားခဲ့သည့် ပိုလန်နိုင်ငံသား လိင်တူစုံတွဲတစ်တွဲအား အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည့် ပိုလန်အစိုးရအား အဆိုပါ တရားရုံးက အပြစ်တင်ဝေဖန်ခဲ့သည်။ ပိုလန်ဥပဒေအရ လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို ခွင့်မပြုသောကြောင့် ယင်းသို့ ငြင်းဆန်ရခြင်း ဖြစ်ကြောင်း ပိုလန်အစိုးရက ဆိုသည်။ ယင်းသို့ ငြင်းဆန်မှုမှာ ဥရောပသမဂ္ဂ၏ ဥပဒေနှင့် ဆန့်ကျင်ဘက် ဖြစ်ကြောင်း အဆိုပါ တရားရုံးက ဆိုသည်။ ယင်းမှာ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနေထိုင်ခွင့်အပြင် လူသားတစ်ယောက်၏ ပုဂ္ဂလိကဘဝနှင့် မိသားစုဘဝကို လေးစားအသိအမှတ်ပြုခံရခြင်းဟူသည့် အခြေခံအခွင့်အရေးကိုပါ ချိုးဖောက်ခံရရာ ရောက်ကြောင်း တရားရုံးက ဆိုသည်။ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ အများစုဖြစ်သော ပိုလန်နိုင်ငံတွင် LGBT များ၏ […]

ခွေးရူးပြန်ရောဂါ ထိန်းချုပ်ရန် ဂျာကာတာတွင် ကြောင်သားနှင့် ခွေးသား ပိတ်ပင်

Dawei Watch

November 26, 2025

အင်ဒိုနီးရှားမြို့တော် ဂျာကာတာတွင် ခွေးရူးပြန်ရောဂါကူးစက်မှုလျှော့ချရန် ကြောင်သား ၊ ခွေးသား ၊ လင်းနို့သား ရောင်းဝယ်မှုနှင့် စားသောက်မှုကို ပိတ်ပင်တားမြစ်လိုက်ကြောင်း မြို့တော်ဝန်က နိုဝင်ဘာလ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ယင်းမှာ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများအတွက် ကြီးမားသည့် အောင်ပွဲတစ်ရပ် ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။ အဆိုပါ ပိတ်ပင်တားမြစ်သည့်အမိန့်ကို ဂျာကာတာမြို့တော်ဝန်က တနင်္လာနေ့တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ ဂျာကာတာတွင် “ခွေးရူးပြန်ရောဂါ ကူးစက်စေနိုင်သော တိရစ္ဆာန်များ”ကို ရောင်းချခြင်းအား တားမြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။ ယင်းသို့ တားမြစ်သည့် အမိန့်ကို တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Dog Meat Free Indonesia အဖွဲ့က ကြိုဆိုခဲ့သည်။ အဆိုပါ တားမြစ်အမိန့်သည် “အင်ဒိုနီးရှားပြည်သူအားလုံးကို ကာကွယ်ရန် […]

ယူကရိန်းကို ဆက်လက်ထောက်ပံ့ရန် ဥရောပသမဂ္ဂ ကတိပြု

Dawei Watch

November 25, 2025

ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်းကို ဆက်လက်ကူညီပံ့ပေးသွားမည်ဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကတိပြုပြောကြားလိုက်သည်။ ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်အသစ် ရလာသည်ကိုလည်း ကြိုဆိုဂုဏ်ပြုကြောင်း ၎င်းက ပြောသည်။ “ဥရောပသမဂ္ဂအနေနဲ့ သမ္မတဇလန်းစကီး လိုအပ်တဲ့ သံတမန်ရေးရာ အထောက်အပံ့၊ စစ်ရေး အထောက်အပံ့၊ စီးပွားရေး အထောက်အပံ့အားလုံးကို ဆက်လက် ပေးအပ်ဖို့ သံန္နိဌာန်ချထားပါတယ်” ဟု ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa က ပြောသည်။ “ဒီလို အထောက်အပံ့ပေးတယ်ဆိုရာမှာ အထူးသဖြင့် ယူကရိန်းအတွက် ဘဏ္ဍာရေးအထောက်အပံ့ကို ဆိုလိုတာပါ” ဟု ၎င်းက ပြောဆိုသည်။ ယူကရိန်း၏ ဘဏ္ဍာရေးလိုအပ်ချက်များကို နောက်ထပ် ၂နှစ်အထိ ဖြည့်ဆည်းပေးရန် ပြီးခဲ့သည့်လက […]

တရုတ်သမ္မတရှီက ထရမ့်ကို ဖုန်းဆက်ရာတွင် ထိုင်ဝမ်နှင့်တရုတ် ပေါင်းစည်းရေး ထည့်သွင်းပြောဆို

Dawei Watch

November 25, 2025

ထိုင်ဝမ်ကို တရုတ်နှင့် ပြန်လည်ပေါင်းစည်းရေးမှာ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့ချိန်ခွင်လျာ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား နိုဝင်ဘာလ ၂၄ ရက်က ဖုန်းခေါ်ဆိုရာတွင် ပြောကြားလိုက်သည်။ တရုတ်က ထိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်လျှင် ဂျပန်ဘက်က စစ်ရေးအရ တုံ့ပြန်နိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနအဲ တာကအိချိ၏ ပြောဆိုမှုကြောင့် တရုတ်နှင့် ဂျပန်အကြား တင်းမာမှုမြင့်တက်နေချိန် တရုတ်သမ္မတရှီကျင့်ဖျင်၏ အဆိုပါ ပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တနင်္လာနေ့က ဖုန်းပြောဆိုမှုအတွင်း “တရုတ်နှင့် အမေရိကန်ပြည်ထောင်စုသည် တချိန်က ဖက်ဆစ်ဝါဒနှင့် စစ်ဝါဒကို ပုခုံးချင်းဖက် တိုက်ခိုက်ခဲ့ကြပြီး လက်ရှိတွင် ဒုတိယကမ္ဘာစစ်၏ ရလဒ်ကို ကာကွယ်စောင့်ရှောက်ရန် အတူလက်တွဲလုပ်ဆောင်သင့်ကြောင်း” တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ နိုင်ငံ့ခေါင်းဆောင်နှစ်ဦး ဖုန်းပြောဆိုခဲ့ကြကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက […]

ယူကရိန်းဘက်က နယ်မြေလက်လွှတ်ရေးအပေါ် ဇလန်းစကီး သတိပေး

Dawei Watch

November 25, 2025

ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းအရှေ့ပိုင်းနယ်မြေများကို တရားဝင်အသိအမှတ်ပြုပေးရန် ရုရှားသမ္မတပူတင်၏ တောင်းဆိုချက်မှာ အဓိကပြဿနာတစ်ခု ဖြစ်နေဆဲ ဖြစ်ကြောင်း ဂျီနီဗာဆွေးနွေးပွဲအပြီးတွင် ယူကရိန်းသမ္မတဇလန်းစကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။ ထရမ့်အစိုးရက ကနဦး အဆိုပြုထားသည့် အချက် ၂၈ ချက်ပါ ယူကရိန်းစစ်ရပ်စဲရေး အစီအစဉ် မူကြမ်းနှင့် ပတ်သက်၍ တနင်္ဂနွေနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အမေရိကန် ၊ ယူကရိန်းနှင့် ဥရောပကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ကနဦးအဆိုပြုထားသည့် ယူကရိန်းစစ်ရပ်စဲရေးအစီအစဉ်မူကြမ်းကို ပြင်ဆင်မွမ်းမံလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်နှင့် ယူကရိန်းက အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော် မည်သည့်အချက်များကို မွမ်းမံပြင်ဆင်လိုက်ကြောင်း အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်း မရှိပေ။ အဆိုပါ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် အရေးပါသည့် ခြေလှမ်းများကို ကြိုဆိုသော်လည်း ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းအရှေ့ပိုင်းနယ်မြေများကို တရားဝင်အသိအမှတ်ပြုပေးရန် ပူတင်၏ တောင်းဆိုချက်မှာ […]

မြန်မာနိုင်ငံသားများအတွက် ယာယီတရားဝင်နေထိုင်ခွင့် ကန်ရုတ်သိမ်း

Dawei Watch

November 25, 2025

မြန်မာနိုင်ငံသားများအတွက် ယာယီကာကွယ်ပေးထားသည့် အခြေအနေ (TPS) ကို အဆုံးသတ်မည် ဖြစ်ကြောင်း အမေရိကန်ပြည်တွင်းလုံခြုံရေးဌာန (DHS) က နိုဝင်ဘာလ ၂၄ ရက်က ဆိုသည်။ ယင်းကြောင့် အမေရိကန်ပြည်ထောင်စုတွင် ယာယီကာကွယ်ပေးထားသည့် အခြေအနေ (TPS) ဖြင့် လက်ရှိ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား ၄၀၀၀ နီးပါးမှာ နေထိုင်ခွင့်ရုပ်သိမ်း ခံရမည်ဖြစ်သည်။ မြန်မာအတွက် သတ်မှတ်ထားသော ယာယီကာကွယ်ပေးထားသည့်အခြေအနေ(TPS) သည် ယနေ့ အင်္ဂါနေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အခြေအနေကို သုံးသပ်ကာ အမေရိကန်အေဂျင်စီများကို တိုင်ပင်ဆွေးနွေးပြီးနောက်တွင် မြန်မာနိုင်ငံသည် ယာယီကာကွယ်ပေးထားသည့်အခြေအနေ(TPS)နှင့် ဆက်လက်ကိုက်ညီမှု မရှိတော့ကြောင်း အမေရိကန်အစိုးရ ပြည်တွင်းလုံခြုံရေးဝန်ကြီးက ဆုံးဖြတ်လိုက်သည်။ မြန်မာနိုင်ငံသားများအတွက် ယာယီကာကွယ်ပေးထားသည့် အခြေအနေ(TPS)ကို ရပ်စဲမှုသည် ရက်ပေါင်း ၆၀ အတွင်း အသက်ဝင်လာမည် […]