ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ကမ္ဘောဒီးယားစခန်းနှစ်ခုကို ထိုင်းက F-16 တိုက်လေယာဉ်ဖြင့် တိုက်ခိုက်

Dawei Watch

July 24, 2025

နှစ်နိုင်ငံပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံတွင် အရပ်သားအချို့ သေဆုံးပြီးနောက် ထိုင်းလေတပ်က F-16 တိုက်လေယာဉ်များသုံးပြီး ကမ္ဘောဒီးယားစစ်အခြေစိုက် စခန်းနှစ်ခုအား တိုက်ခိုက်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ ကမ္ဘောဒီးယား ခြေမြန်တပ်ရင်း အမှတ် ၈ နှင် ၉ ၏ စစ်စခန်းများကို ထိုင်း F-16 တိုက်လေယာဉ်များဖြင့် ပစ်ခတ်ခဲ့ပြီး ပျက်စီးမှုများရှိကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ နယ်စပ်တစ်လျှောက်ကိုလည်း ထိုင်းလေတပ်က နောက်ထပ် F-16 တိုက်လေယာဉ် ခြောက်စင်းအထိ တပ်ဖြန့်ထားပြီးဖြစ်ကြောင်း ဖော်ပြသည်။ လက်ရှိတွင် ကမ္ဘောဒီးယားဘက်က ရော့ကတ်ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် နယ်စပ် စူရင်းခရိုင် ဖနုံဒွန်ရက်ဆေးရုံက လူနာအားလုံးကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပြီး ကတ်ချိုဝမ်ဆေးရုံတွင်လည်း လူနာများကို ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း‌ ဖော်ပြသည်။ ကမ္ဘောဒီးယားဘက်က ပစ်လိုက်သော ရော့ကတ်ဒုံးကျည်က ဖနုံဒွန်ရက်ဆေးရုံကိုလည်း ထိမှန်ခဲ့ပြီး လူနာအားလုံးကို […]

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် ပစ်ခတ်မှုစဖြစ်၊ ထိုင်းအရပ်သားနှစ်ဦးသေဆုံး

Dawei Watch

July 24, 2025

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ယနေ့ (ဇူလိုင် ၂၄) နံနက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်နေပြီး ထိုင်းအရပ်သား နှစ်ဦးသေဆုံးသွားကာ နယ်စပ်အနီးနေထိုင်သူများလည်း ဘေးလွတ်ရာ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။ ကမ္ဘောဒီးယားဘက်က BM-21 ရော့ကတ်ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ စီစက်ခရိုင်၊ စူရင်းခရိုင်နှင့် အခြားနယ်စပ်ခရိုင်များတွင် လူနေအိမ်များ၊ PTT ဓါတ်ဆီဆိုင်များနှင့် 7-Eleven စတိုးဆိုင်များ လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ထိုင်းဘက်ကထုတ်ပြန်ထားသည်။ လက်နက်ကြီးထိမှန်မှုကြောင့် ထိုင်းဘက်က ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံသောင်းချီကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ထိုင်းအရှေ့မြောက်ပိုင်းခရိုင်ဖြစ်သော စူရင်းခရိုင် ဖနုံဒွန်ရက်ဒေသရှိ နှစ်နိုင်ငံ အငြင်းပွားနေသော တမုံထွန်းဘုရားကျောင်းရှေ့တွင် ပစ်ခတ်သံများ ဆက်တိုက် ကြားခဲ့ရကြောင်း […]

စစ်ပွဲကာလ ယူကရိန်းတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ပထမဆုံးပေါ်ပေါက်

Dawei Watch

July 23, 2025

ရုရှား၏ ယူကရိန်းကျူးကျော်စစ် စတင်ပြီး ၃ နှစ်ခွဲကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်းစကီး၏ အစိုးရကို ပြည်သူများက ဆန့်ကျင်ဆန္ဒပြမှု ပေါ်ပေါက်လာသည်။ နိုင်ငံ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများကို ချိနဲ့စေသည့် သမ္မတဇလန်းစကီးအစိုးရ၏ ဆုံးဖြတ်ချက်ကို ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဇူလိုင်လ ၂၂ ရက် အင်္ဂါနေ့ ညပိုင်းက ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ရှိ သမ္မတရုံးအပြင်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတွင် အရပ်သားများနှင့် စစ်သားများပါ ပါဝင်ခဲ့သည်။ ယင်းမှာ ရုရှား၏ ကျူးကျော်စစ်ကို ကြံ့ကြံ့ခံစေနိုင်ခဲ့သည့် ယူကရိန်းအမျိုးသားစည်းလုံးညီညွတ်ရေး၏ အသိသာအကြီးမားဆုံး အက်ကွဲကြောင်းဖြစ်သည်ဟု The New York Times က ဖော်ပြသည်။ ယူကရိန်းနိုင်ငံ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများ၏ အမှီအခိုကင်းလွတ်လပ်မှုကို အားနည်းစေသည်ဟု ဝေဖန်သူများက ထောက်ပြလျက်ရှိသည့် ဥပဒေကြမ်းကို သမ္မတဇလန်းစကီးက ဇူလိုင်လ […]

ဂျပန်ဝန်ကြီးချုပ် နုတ်ထွက်မည်ဟု သတင်းထွက်

Dawei Watch

July 23, 2025

ဂျပန်ဝန်ကြီးချုပ် ရှိဂဲယုအိရှိဘာသည် ရာထူးမှ နုတ်ထွက်တော့မည့်အကြောင်း နောက်လအကုန်တွင် အသိပေးကြေညာမည်ဖြစ်ကြောင်း ဂျပန် သတင်းမီဒီယာများက ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် ဖော်ပြသည်။ တနင်္ဂနွေနေ့က ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အိရှိဘာ၏ အာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ညွန့်ပေါင်းမိတ်ဖက် Komeito ပါတီက နေရာအများစုတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဂျပန်သတင်းမီဒီယာများက ယင်းသို့ ဖော်ပြလာသည်။ အမေရိကန်သို့ ဂျပန်အော်တိုကားများ တင်သွင်းမှုနှင့် အခြားကုန်စည်များ တင်သွင်းမှုအပေါ် စည်းကြပ်ခွန် လျှော့ချပေးလိုက်သည့် ထရမ့်နှင့် ကုန်သွယ်ရေးသဘောတူညီချက် ရရှိပြီးနောက်တွင် ဝန်ကြီးချုပ်အီရှိဘာ နုတ်ထွက်မည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရေး ဆက်လက်ဆောင်ရွက်ရန် ၊ ကြီးထွားလာနေသည့် နိုင်ငံ့စီးပွားရေးပြဿနာကို ဖြေရှင်းရန် ရာထူးတွင် ဆက်ရှိနေဦးမည်ဟု ဂျပန်ဝန်ကြီးချုပ်အီရှိဘာက တနင်္ဂနွေနေ့က ရွေးကောက်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ […]

တရုတ်တွင် အနုပညာရှင်တစ်ဦးကို ပထမဆုံးအကြိမ် သေဒဏ်စီရင်

Dawei Watch

July 22, 2025

ချစ်သူမိန်းကလေးကို သတ်ဖြတ်မှုဖြင့် တရုတ်နိုင်ငံသား အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် Zhang Yiyang ကို သေဒဏ်စီရင်ခဲ့ကြောင်း တရားရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ CNA သတင်းတစ်ရပ်တွင် ယနေ့ ဖော်ပြသည်။ မိမိ၏ ချစ်သူမိန်းကလေးအား ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့သည်ဆိုပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းအား သေနတ်ပစ်အဖွဲ့ဖြင့် သေဒဏ်စီရင်ခဲ့ကြောင်း တရားရုံးက ဖော်ပြသည်။ ယင်းကြောင့် Zhang သည် သေဒဏ်စီရင်ခံရသည့် ပထမဆုံး တရုတ်အနုပညာရှင် ဖြစ်သည်။ တရုတ်အနုပညာကြယ်ပွင့် Zhang သည် The Soul Of The Dragon ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး I Only Care About People Who Care About Me နှင့် […]

ကုလလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ သုံးစွဲမှုကို ပြုပြင်ပြောင်းလဲရန် မလေးရှား တိုက်တွန်း

Dawei Watch

July 22, 2025

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ ဗီတိုအာဏာသုံးစွဲမှုနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မလေးရှားအစိုးရက အဆိုပြုလျက်ရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။ ဂါဇာအရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲအများစုဖြင့် အတည်ပြုခဲ့သော်လည်း ယင်းတို့အား အကောင်အထည်ဖော်မှုမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ ဗီတိုအာဏာအသုံးပြုမှုကြောင့် မကြာခဏ နှောင့်နှေးကြန့်ကြာနေရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဆိုသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံတွင် တရုတ် ၊ ပြင်သစ် ၊ ရုရှား ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ပြီး ယင်းအဖွဲ့များက ဗီတိုအာဏာအသုံးပြု၍ ပယ်ချခြင်းများ လုပ်ဆောင်နိုင်သည်။ “ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့တာတောင်မှ ကံမကောင်းစွာနဲ့ပဲ ဒီဗီတိုအာဏာကို သုံးခဲ့ကြတယ်။ ဒါကြောင့်ပဲ ဒီဗီတိုအာဏာအသုံးပြုတာကို […]

“ဂျပန်လူမျိုး ပထမ”ကြွေးကြော်သံနှင့်ပါတီ ရွေးကောက်ပွဲအနိုင်ရမှု မြင့်တက်လာ

Dawei Watch

July 21, 2025

ဇူလိုင်လ ၂၀ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ဂျပန်နိုင်ငံ၊ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် မဲအနိုင်ရမှုအများဆုံး ပါတီများထဲမှ တစ်ခုအဖြစ် “ဂျပန်လူမျိုး ပထမ” ကြွေးကြော်သံနှင့် လက်ယာစွန်းပါတီငယ်တစ်ခုဖြစ်သည့် Sanseito ပါတီက ထွက်ပေါ်လာခဲ့သည်။ Sanseito ပါတီသည် တနင်္ဂနွေနေ့ ရွေးကောက်ပွဲရလဒ်အရ အထက်လွှတ်တော်အတွက် နေရာ ၁၄ နေရာ အနိုင်ရခဲ့ပြီး အတိုက်အခံအင်အားစုများအနက် တတိယမြောက်မဲအများဆုံးအနိုင်ရသည့် ပါတီဖြစ်လာခဲ့သည်။ အထက်လွှတ်တော်အတွင်း စတုတ္ထမြောက်အင်အားအကြီးဆုံး ပါတီလည်း ဖြစ်လာခဲ့သည်။ Sanseito ပါတီသည် ရွှေ့ပြောင်းနေထိုင်သူများ၏ ‘တိတ်တဆိတ်ကျူးကျော်မှု’ဟု ခေါင်းစဉ်တပ် ဆန့်ကျင်သတိပေးမဲဆွယ်မှုများ၊ အခွန်လျှော့ချရေးနှင့် လူမှုဖူလုံရေးအသုံးစရိတ်ရရှိရေး ကတိကဝတ်များဖြင့် မဲဆန္ဒရှင်များ၏ ထောက်ခံမှု ရလာခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ပါတီသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးကိစ္စများ၊ ကမ္ဘာပေါ်ရှိ အထက်တန်းလွှာ လူတစ်စုအကြောင်း ဇာတ်လမ်းဆင် […]

ဆီးရီးယားတောင်ပိုင်း ဆူဝေဒါမြို့တွင် အခြေအနေ ပြန်လည်တည်ငြိမ်

Dawei Watch

July 20, 2025

ပြီးခဲ့သည့် အပတ်မှစ၍ ဘာသာရေးအရ ကွဲပြားသည့် လူနည်းစုလက်နက်ကိုင်အဖွဲ့များအကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ဆီးရီးယားနိုင်ငံတောင်ပိုင်း ဆူဝေဒါဒေသ၌ ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် အခြေအနေပြန်လည်တည်ငြိမ်လာပြီဖြစ်ကြောင်း မြို့ခံများ၏ ပြောဆိုချက်ကို ကိုးကား၍ ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ လူနည်းစုဒရူးဇ်လူမျိုးများ အများစုနေထိုင်ရာ ဆူဝေဒါမြို့မှ ၎င်းတို့၏ ရန်ဘက် ဘက်ဒူအင်လူနည်းစုဝင် တိုက်ခိုက်ရေးသမားများ ဆုတ်ခွာသွားခဲ့ပြီးနောက် မြို့အခြေအနေ ပြန်လည်တည်ငြိမ်လာကြောင်း သတင်းထွက်ပေါ်လာသည်။ ဆူဝေဒါမြို့တွင် ယနေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းမှစ၍ သေနတ်သံများ ထွက်ပေါ်လာခြင်း မရှိတော့ကြောင်း မြို့ခံတစ်ဦး၏ ပြောဆိုချက်ကို ရိုက်တာသတင်းတွင် ကိုးကားဖော်ပြထားသည်။ နောက်ထပ်ဒရူးဇ်လူနည်းစုဝင်တစ်ဦးကလည်း ဆူဝေဒါမြို့ နေရာအများစုတွင် အခြေအနေပြန်လည် တည်ငြိမ်လာပြီဖြစ်ကြောင်း ပြောသည်။ သို့သော် ရေနှင့် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆူဝေဒါမြို့ခံများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သွားဆရာဝန်တစ်ဦးက […]