ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ကမ္ဘာ့ပထမဆုံး အနမ်းသည် လွန်ခဲ့သည့် နှစ်သန်း ၂၀ ခန့်က စတင်ပေါ်ပေါက်ခဲ့ကြောင်းတွေ့ရှိ

Dawei Watch

November 19, 2025

ကမ္ဘာပေါ်တွင် သက်ရှိသတ္တဝါများ အနမ်းပေးသည့် အပြုအမူသည် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၂၀ ခန့်ကတည်းက စတင်ပေါ်ပေါက်ခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် လေ့လာမှုတစ်ရပ်က ဆိုသည်။ အနမ်းပေးခြင်းသည် လူသားချစ်သူများထံမှ စတင်ခဲ့ခြင်းမဟုတ်ဘဲ လွန်ခဲ့သည့် နှစ်သန်း ၂၀ ခန့်က မျောက်ဝံကြီးများ၏ ရှေးဦးဘိုးဘွားများထံမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတွေ့ရှိချက်က ဆိုသည်။ အနမ်းပေးခြင်းသည် ဆင့်ကဲဖြစ်စဉ်အရ ရှင်သန်မှုအတွက် သိသာထင်ရှားသည့် အကျိုးကျေးဇူး မရှိသည့်အပြင် ရောဂါ ပျံ့နှံ့မှုပါ ဖြစ်စေနိုင်သော်လည်း အနမ်းပေးခြင်း မည်သည့်အချိန်က စတင်ခဲ့သည်ကို အောက်စဖို့ဒ်တက္ကသိုလ်နှင့် ဖလော်ရီဒါနည်းပညာအင်စတီကျု(Florida Institute of Technology)မှ သုတေသီများက လေ့လာခဲ့ကြသည်။ လူသားများ၊ ချင်ပန်ဇီများ၊ ဘိုနိုဘိုများ၊ အော်ရန်ဂူတန်များနှင့် ဂေါ်ရီလာများအားလုံးသည် အနမ်းပေးလေ့ရှိကြပြီး အနမ်းပေးသည့် အလေ့အထသည် […]

ဩစတြေးလျ ကမ်းခြေအသုံးအဆောင်ကုမ္ပဏီ ‘Swim Shady’ အား Eminem တရားစွဲ

Dawei Watch

November 19, 2025

ကမ္ဘာကျော်အမေရိကန် Rap အဆိုတော် Eminem သည် ‘Swim Shady’အမည်ဖြင့် ဩစတြေးလျအခြေစိုက် ကမ်းခြေအသုံးအဆောင် ကုမ္ပဏီတစ်ခုကို တရားစွဲဆိုလိုက်သည်။ ‘Swim Shady’ဆိုသည့် ကုမ္ပဏီအမည်သည် Eminem ၏ မှတ်ပုံတင်ထားပြီး Rap အဆိုတော် နာမည်ပြောင် Slim Shady နှင့် အလွန်ဆင်တူသည့်အတွက် ယင်းသို့ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ ကုမ္ပဏီဘက်က Swim Shady ဆိုသည့်အမည်သုံးစွဲမှုကို ရုတ်သိမ်းရန် ယခုနှစ် စက်တင်ဘာလတွင် အဆိုတော် Eminem က အမေရိကန် မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်ရုံးသို့ လျှောက်လွှာတင်သွင်း တိုင်ကြားခဲ့သည်။ အမေရိကန်ဥပဒေအရ အဆိုပါတိုင်ကြားမှုနှင့် ပတ်သက်၍ ကုမ္ပဏီဘက်က နောက်အပတ်တွင် တုံ့ပြန်ဖြေရှင်းပေးရမည် ဖြစ်သည်။ ‘Swim Shady’ ဆိုသည့်အမည်သည် ဆစ်ဒနီမြို့အခြေစိုက် ယင်းကုမ္ပဏီနှင့် Eminem […]

ဗြိတိန်တွင် ခိုလှုံခွင့်လျှောက်ထားသူများ နှစ် ၂၀ ကြာမှ အမြဲတမ်းနေထိုင်ခွင့်ရမည်

Dawei Watch

November 18, 2025

ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားသူများအနေဖြင့် နိုင်ငံအတွင်း အနှစ် ၂၀ ကြာ နေထိုင်ပြီးမှသာ အမြဲတမ်းနေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၇ ရက်တွင် ကြေညာလိုက်သည်။ အမြဲတမ်းနေထိုင်ခွင့်ရရှိရန် စောင့်ဆိုင်းရမည့်အချိန်ကို လက်ရှိသတ်မှတ်ထားသည့် ၅ နှစ်မှ နှစ် ၂၀ အထိ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ယင်းအပြင် အာဏာပိုင်များအနေဖြင့် အမြဲတမ်းနေထိုင်ခွင့်ထုတ်ပေးရေး လုပ်ငန်းစရိတ်စကများ ကာမိစေရန် ခိုလှုံခွင့်လျှောက်ထားသူများ၏ တန်ဖိုးရှိပစ္စည်းများအား သိမ်းယူခွင့်ရှိလာပြီ ဖြစ်သည်။ အင်္ဂလိပ်ရေလက်ကြားကို လှေငယ်ဖြင့် ဖြတ်သန်းကာ ဝင်ရောက်လာသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား လေဘာပါတီအစိုးရက မထိန်းချုပ်နိုင်သည့်အပေါ် မကျေနပ်မှုများ ကြီးထွားလာချိန် အဆိုပါ လူဝင်မှုကြီးကြပ်ရေးမူဝါဒ အပြောင်းအလဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လက်ရှိဒိန်းမတ်အစိုးရ၏ ရွှေ့ပြောင်းနေထိုင်သူများအပေါ် တင်းကျပ်သည့် ချဥ်းကပ်မှုကို ဗြိတိန်အစိုးရက အတုယူကျင့်သုံးလာခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ အဆိုပါ […]

တရုတ်တွင် ရောက်နေသည့် နိုင်ငံသားများ လုံခြုံရေးသတိရှိရန် ဂျပန်အစိုးရ သတိပေး

Dawei Watch

November 18, 2025

တရုတ်နိုင်ငံရှိ ဂျပန်နိုင်ငံသားများ လုံခြုံရေးအရ ကြိုတင်ကာကွယ်မှုများ တိုးမြှင့်ကာ လူစည်ကားသည့် နေရာများကို မသွားလာကြရန် ဂျပန်အစိုးရက သတိပေးထုတ်ပြန်လိုက်သည်။ ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှု မြင့်တက်လာချိန် ဂျပန်အစိုးရ၏ အဆိုပါသတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မကြာသေးမီက ထွက်ပေါ်လာသည့် နှစ်နိုင်ငံသံတမန်ရေးတင်းမာမှုများကြောင့် ဂျပန်နှင့်ပတ်သက်၍ တရုတ်မီဒီယာများတွင် ဖော်ပြချက်များ ဆိုးရွားလာသည့်အတွက် နိုင်ငံသားများ၏ လုံခြုံရေးအစီအမံများအတွက် ထပ်မံတိုက်တွန်းလိုက်ရခြင်းဖြစ်ကြောင်း ဂျပန်အစိုးရက ဆိုသည်။ တရုတ်နိုင်ငံရှိ ဂျပန်သံရုံးကလည်း ၎င်း၏နိုင်ငံသားများအား ဒေသဓလေ့ထုံးတမ်းများကို လေးစားရန်နှင့် တရုတ်လူမျိုးများနှင့် ဆက်ဆံရာတွင် သတိထားရန် တနင်္လာနေ့က သတိပေးခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိ၏ ထိုင်ဝမ်အရေး မကြာသေးမီက ပြောဆိုချက်နှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်အကြား သံတမန်ဆက်ဆံရေးမြင့်တက်လျက် ရှိသည်။ ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ တိုက်ခိုက်ခြင်းက ဂျပန်၏ […]

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ မျက်ကွယ်သေဒဏ်ချမှတ်ခံရ

Dawei Watch

November 17, 2025

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်ရာဇဝတ်မှုဆိုင်ရာတရားရုံးဖြစ်သည့် International Crimes Tribunal က ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မျက်ကွယ်သေဒဏ်ချမှတ်လိုက်သည်။ ပြီးခဲ့သည့်နှစ်က ၎င်းအား ဖြုတ်ချနိုင်ခဲ့သည့် ကျောင်းသားဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းမှုအတွက် ရှိတ်ဟာဆီနာသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ကာ သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တရားလက်လွတ် သတ်ဖြတ်မှု ရာပေါင်းများစွာကို လှုံ့ဆော်ခဲ့ရာတွင် ရှိတ်ဟာဆီနာ၌ တာဝန်ရှိကြောင်း International Crimes Tribunal ၏ တရားသူကြီးသုံးဦးပါဝင်သည့် အဖွဲ့က ဆုံးဖြတ်ခဲ့သည်။ ယင်းသို့ သတ်ဖြတ်ခံခဲ့ရသူများ၏ မိသားစုဝင်အချို့က ရှိတ်ဟာဆီနာ၏ အပြစ်ဒဏ်ကို ကြေညာချိန်၌ တရားခွင်တစ်ခုလုံး လက်ခုပ်တီးခဲ့ကြကြောင်းCNN သတင်းတစ်ရပ်က ဖော်ပြသည်။ ၂၀၂၄ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားဆန္ဒပြပွဲများအတွင်း […]

IS အဖွဲ့က ဗြိတိန်နိုင်ငံသား ဂျီဟတ်ဝါဒီများကို လူသစ်စုဆောင်းရန် AI အသုံးပြုလာဟုဆို

Dawei Watch

November 17, 2025

ဗြိတိန်နိုင်ငံသား ဂျီဟတ်ဝါဒီများကို အဖွဲ့ဝင်အဖြစ် စုဆောင်းရန် IS အဖွဲ့က ဉာဏ်ရည်တုနည်းပညာ (AI) ကို ပထမဆုံး အကြိမ် အသုံးပြုလာကြောင်း ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် The Telegraph သတင်းတစ်ရပ်က ဖော်ပြသည်။ ယင်းကြောင့် ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီများအကြား စိုးရိမ်မှုမြင့်တက်နေကြောင်းလည်း ဖော်ပြသည်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းတွင် IS အဖွဲ့နှင့် အယ်လ်ကိုင်းဒါးအဖွဲ့နှစ်ခုစလုံး ပြန်လည်ကြီးထွားလာမည့် အရေး စိုးရိမ်မှုများရှိနေချိန် AI ကို ဝါဒဖြန့်လက်နက်အဖြစ် အသုံးပြုမှုကို MI5 နှင့် MI6 ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီများက စောင့်ကြည့်နေကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ “ယူကေနဲ့ ဥရောပကို ဦးတည်ပြီး အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ ပြည်ပအဖွဲ့အစည်းတွေက ဆက်လက်ကြိုးပမ်း နေပါတယ်” ဟု ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ MI5 […]

ထိုင်ဝမ်အရေး နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှု ဖြေလျှော့ရန် ဂျပန်သံတမန် တရုတ်သွားမည်

Dawei Watch

November 17, 2025

ထိုင်ဝမ်အရေးကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေမှု ပြေလည်စေရန် ဂျပန်အဆင့်မြင့်သံတမန်တစ်ဦး တရုတ်နိုင်ငံသို့ ယနေ့ (နိုဝင်ဘာ ၁၇) သွားရောက်မည်ဖြစ်ကြောင်း ဂျပန်မီဒီယာများက ဖော်ပြသည်။ ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိ၏ ထိုင်ဝမ်အရေး မကြာသေးမီက ပြောဆိုချက်နှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်အကြား သံတမန်ဆက်ဆံရေးမြင့်တက်လာလျက် ရှိသည်။ ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ တိုက်ခိုက်ခြင်းက ဂျပန်၏ ရှင်သန်ရပ်တည်ရေးကို ခြမ်းခြောက်မှုဖြစ်ပြီး ဂျပန်ဘက်က စစ်ရေးအရ တုံ့ပြန်မှုဖြစ်စေနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိက လွှတ်တော်တွင် ပြောကြားခဲ့သည်။ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးအစိုးရက ၎င်းတို့ ပိုင်နက်အဖြစ် ကြေညာထားသည်။ တရုတ်ပြည်မကြီးအစိုးရအပေါ် ရန်စမိမည်ကို စိုးရိမ်သဖြင့် ဂျပန်အစိုးရအရာရှိများသည် ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိကဲ့သို့ လူသိရှင်ကြား ပြောဆိုမှုမျိုးကို အချိန်ကြာမြင့်စွာ ရှောင်ရှားလာခဲ့သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှနှင့် သမုဒ္ဒရာဒေသဆိုင်ရာဗျူရို […]

BBC ကို ဒေါ်လာ ၅ ဘီလီယံအထိ တရားစွဲမည်ဟု ထရမ့်ပြော

Dawei Watch

November 15, 2025

အမေရိကန်ဒေါ်လာ ၁ ဘီလီယံမှ ၅ ဘီလီယံအကြားအထိ နစ်နာကြေးပေးဆောင်ရန် BBC အား တရားစွဲဆိုမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၁၄ ရက်က ပြောကြားသည်။ ထရမ့်၏ မိန့်ခွန်းကို မှားယွင်းစွာ တည်းဖြတ်ခဲ့မှုအတွက် ၎င်းတို့အနေဖြင့် တောင်းပန်သော်လည်း နစ်နာကြေးပေးဆောင်မည်မဟုတ်ဟု BBC ဘက်က ပြောဆိုခဲ့ပြီးနောက်တွင် သမ္မတထရမ့်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ သူတို့ (BBC) ကို ဒေါ်လာ ဘီလီယံ ၁ ဘီလီယံနဲ့ ၅ ဘီလီယံအကြားအထိ တရားစွဲမှာပါ။ နောက်အပတ်လောက်မှာ တရားစွဲမှာပါ။ ဒါကို လုပ်မှရမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ လိမ်လည်ခဲ့တယ်ဆိုတာကိုတောင် သူတို့ ဝန်ခံထားပြီးသားပါ” ဟု သမ္မတထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ BBC ဘက်က […]