ထိုင်ဝမ်အရေး ဂျပန်ဝန်ကြီးချုပ်သစ်၏ မှတ်ချက်ကြောင့် ဂျပန်သံအမတ်ကို တရုတ်ဆင့်ခေါ်
Dawei Watch
November 14, 2025ထိုင်ဝမ်အရေး ဂျပန်ဝန်ကြီးချုပ်သစ်၏ မှတ်ချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကို ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ဆင့်ခေါ်ခဲ့ကြောင်း တရုတ်အစိုးရဘက်က ပြောကြားသည်။ ထိုင်ဝမ်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများပေါ်ပေါက်လာပါက စုပေါင်းကာကွယ်ရေးအနေဖြင့် ထိုင်ဝမ်ကို ဂျပန်တပ်ဖွဲ့များ စေလွှတ်ရန် ခွင့်ပြုသွားနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိသည် ပြီးခဲ့သည့် သီတင်းပတ်က ဂျပန်လွှတ်တော်တွင် ပြောကြားသည်။ “ထိုင်ဝမ်မှာ အရေးပေါ်အခြေအနေတစ်ရပ်ပေါ်လာပြီး စစ်သင်္ဘောတွေနဲ့ အင်အားသုံးတိုက်ခိုက်မှုတွေ ပါဝင်လာရင် ဘယ်လိုပဲစဥ်းစားစဥ်းစား အဲဒါက ဂျပန်နိုင်ငံရဲ့ ရပ်တည်မှုအပေါ် ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်” ဟု သူမက ပြောသည်။ နောက်ပိုင်းတွင် အဆိုပါမှတ်ချက်များမှာ စိတ်ကူးသက်သက် မှန်းဆပြောဆိုခြင်းသာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ လွှတ်တော်တွင် အလားတူမှတ်ချက်မျိုး ထပ်မံပြောဆိုခြင်းမှ ရှောင်ကြဉ်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။ သို့သော် အတိုက်အခံအမတ်တစ်ဦးကမူ သူမ၏ ပြောဆိုမှုကို […]


