ဝက်ဝံများ၏တိုက်ခိုက်မှု မြင့်တက်လာသဖြင့် ဂျပန်တွင် မုဆိုးများ ငှားရမ်းရန်စီစဉ်
Dawei Watch
November 1, 2025ဂျပန်နိုင်ငံတွင် ဝက်ဝံများက လူကိုတိုက်ခိုက်မှု သိသာစွာ မြင့်တက်လာပြီး ပြည်သူများအကြား စိုးရိမ်မှုကြီးထွားလာသဖြင့် မုဆိုးများကို ငှားရမ်း၍ ဝက်ဝံများကိုရှင်းလင်းသွားရန် ဂျပန်အစိုးရက စီစဉ်လျက်ရှိသည်။ လူနေရပ်ကွက်များအတွင်း လျှောက်သွားကာ လူကိုတိုက်ခိုက်သည့် ဝက်ဝံများအရေးကို ကိုင်တွယ်ရန် လိုင်စင်ရမုဆိုးများနှင့် အခြားဝန်ထမ်းများကို ငှားရမ်းရန် သီးသန့်ရန်ပုံငွေထားရှိမည်ဟု ဂျပန်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက အောက်တိုဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် ဝက်ဝံတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ရပြီး၊ လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ ယင်းမှာ စတင်မှတ်တမ်းကောက်ယူခဲ့သည့် ၂၀၀၀ ပြည့်နှစ်မှစ၍ နိုင်ငံအတွင်း စံချိန်တင်အများဆုံး ဝက်ဝံတိုက်ခိုက်ခံရမှု ဖြစ်သည်။ ဝက်ဝံများမှာ ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ကြီးလေးသော ခြိမ်းခြောက်မှုဖြစ်ဟု ဂျပန်အစိုးရကပြောဆိုသည်။ ဝက်ဝံများကို ရဲအရာရှိများက ၎င်းတို့၏ ရိုင်ဖယ်သေနတ်များဖြင့် […]


