ထိုင်း နာမည်ကြီးရှူဆေးဘူးတွင် ဘက်တီးရီးယားနှင့် မှိုများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေ
Dawei Watch
October 28, 2025ထိုင်းနိုင်ငံအတွင်း လူသုံးများသော နာမည်ကြီး အစိမ်းရောင်ရှူဆေးဘူးတစ်မျိုး(ဟွန်ထိုင်း)သည် ဘက်တီးရီးယားနှင့် မှိုများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေပြီး သတ်မှတ်စံချိန်မပြည့်မီသဖြင့် သုံးစွဲမှု ရပ်တန့်ကြရန် ထိုင်း FDA က သတိပေးချက် ထုတ်ပြန်လိုက်သည်။ ယခုစံချိန်စံညွှန်းနှင့် မညီသော ရှူဆေးဘူးမှာ ဖော်မြူလာ ၂ အမျိုးအစား Herbal Mixed Balm Thai Eagle Brand ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဘန်ကောက်မြို့ ချာတူးချက်ဈေးက ဝယ်ယူထားသော ဟွန်ထိုင်းရှူဆေးဘူးကို အကြိမ်ကြိမ်စစ်ဆေးပြီးနောက် သတ်မှတ်စံချိန်စံညွှန်းများနှင့် မညီကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြည်သူများ သတိပြုကြရန် FDA သတိပေးချက် ထုတ်ပြန်လိုက်သည်။ ဓါတ်ခွဲခန်းထဲ စစ်ဆေးမှုများအရ ရှူဆေးဘူးတွင် သတ်မှတ်ပမာဏထက် ပိုလွန်နေသော ဘက်တီးရီးယားအရေအတွက်၊ တဆေးနှင့် မှိုများအရေအတွက်နှင့် Clostridium အမျိုးအစား ဘက်တီးရီးယားကိုလည်း တွေ့ရှိရကြောင်း […]


