ထိုင်းစစ်သားများ နယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ကမ္ဘောဒီးယားနှင့် အပစ်ရပ်ထားမှု ထိုင်းဘက်က ဆိုင်းငံ့
Dawei Watch
November 11, 2025နယ်စပ်ဒေသတွင် ထိုင်းစစ်သားများ မြေမြှုပ်မိုင်းထိပြီးနောက် ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်သဘောတူညီချက်ကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့က ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ကြေညာသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့က ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စီစကက်ဒေသတွင် ထိုင်းစစ်သားများ ကင်းလှည့်နေရင်း မြေမြှုပ်မိုင်းထိပြီး စစ်သားနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိထားသော စစ်သားများကို ရဟတ်ယာဉ်ဖြင့် ဥဘွန်းရတ်ချဌာနီရှိ ဆေးရုံများကို အရေးပေါ်ပို့ဆောင်ခဲ့ရသည်။ ယင်းဖြစ်ရပ်ဖြစ်ပြီးနောက် နာရီပိုင်းအကြာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက အာဆီယံတွင် လက်မှတ်ရေးထိုးခဲ့သော အပစ်ရပ်စာချုပ်နှင့် ပတ်သက်၍ လုပ်ဆောင်မှုအားလုံးကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း မဲဆောက်ခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲတွင် ကြေညာလိုက်ခြင်းဖြစ်သည်။ ယခင် နှစ်နိုင်ငံ ပဋိပက္ခကာလအတွင်းက ဖမ်းမိထားသော ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှဲပေးရန် စီစဉ်ထားမှုကိုလည်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က […]


