မူးယစ်ဆေးဝါးတိုက်ဖျက်ရန် ပျက်ကွက်သည့် နိုင်ငံစာရင်းတွင် ကန်အစိုးရက မြန်မာကိုထည့်သွင်း
Dawei Watch
September 19, 2025ပြီးခဲ့သည့်နှစ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကတိကဝတ်များကို လိုက်နာဆောင်ရွက်ရန် ‘သိသာထင်ရှားစွာ ပျက်ကွက်ခဲ့သည့်’ နိုင်ငံများစာရင်းတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံကို ယခုအပတ် တနင်္လာနေ့က ထည့်သွင်းလိုက်သည်။ ဗင်နီဇွဲလားမူးယစ်ဆေး သယ်ဆောင်လာသည်ဟု စွပ်စွဲခံရသည့် လှေတစ်စီးကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီးနောက် မကြာမီ အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ “ပြီးခဲ့သည့် ၁၂ လအတွင်း အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာ၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလားတို့သည် ၎င်းတို့၏ နိုင်ငံတကာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်များအောက်မှ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန် သိသိသာသာ ပျက်ကွက်ခဲ့သည်ဟု ကျွန်ုပ် ဤနေရာတွင် သတ်မှတ်လိုက်သည်” ဟု ကွန်ဂရက်လွှတ်တော်သို့ တနင်္လာနေ့က တင်သွင်းခဲ့သည့် စာထဲတွင် ထရမ့်က ရေးသားထားသည်။ အဆိုပါ နိုင်ငံများအတွက် အမေရိကန်အစိုးရ၏ ကူညီထောက်ပံ့ပေးမှုမှာ အမေရိကန်အကျိုးစီးပွားအတွက် အင်မတန်အရေးပါသည်ဟုလည်း […]


