ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဟောင်ကောင်တက်ကြွလှုပ်ရှားသူတစ်ဦးအား စင်္ကာပူပြည်ဝင်ခွင့် မပေး

Dawei Watch

September 29, 2025

ပြည်ပရောက် ဟောင်ကောင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို စင်္ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့် ငြင်းပယ်လိုက်ကြောင်း စင်္ကာပူအစိုးရက ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံအတွင်း အဆိုပါ ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ရှိနေခြင်းက စင်္ကာပူ၏ အမျိုးသားအကျိုးစီးပွားနှင့် မကိုက်ညီသောကြောင့် ယင်းသို့ ငြင်းပယ်ခြင်းဖြစ်သည်ဟု စင်္ကာပူပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ အဆိုပါ ဟောင်ကောင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Nathan Law သည် အမေရိကန်နိုင်ငံ ၊ ဆန်ဖရစ္စကိုမြို့မှ စင်္ကာပူနိုင်ငံ ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စနေနေ့က ဆိုက်ရောက်လာခြင်း ဖြစ်သည်။ လေဆိပ်တွင် ၎င်းအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက်တွင် စင်္ကာပူပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရကာ ဆန်ဖရစ္စကိုသို့ အစောဆုံး လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်လိုက်ကြောင်း CNA သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အမျိုးသားလုံခြုံရေးဥပဒေအရ Nathan Law အား ဖမ်းဆီးရန် ဟောင်ကောင်ရဲတပ်ဖွဲ့က […]

ဂါဇာအပစ်ရပ်ရေး ထရမ့်အဆိုပြုချက် အစ္စရေးက သဘောတူညီရန် နီးစပ်ဟုဆို

Dawei Watch

September 29, 2025

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး သမ္မတဒေါ်နယ်ထရမ့်၏ အဆိုပြုအစီအစဉ်ကို အစ္စရေးနှင့် အမေရိကန်အကြား သဘောတူညီမှုရရန် နီးစပ်နေပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုနှင့် အမေရိကန်အရာရှိများအကြား တွေ့ဆုံဆွေးနွေးပြီးနောက်တွင် သတင်းထွက်ပေါ်လာသည်။ ယင်းသို့ သဘောတူညီမှုရရန် နီးစပ်နေပြီဖြစ်ကြောင်းကို အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ အမေရိကန်အွန်လိုင်းသတင်းဌာန Axios မှ သတင်းထောက်တစ်ဦးက စက်တင်ဘာလ ၂၈ ရက်နေ့တွင် ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည်။ သို့သော် ဟားမတ်စ်ဘက်က သဘောတူညီချက်မရသေး၍ အဆိုပါ အပစ်ရပ်အစီအစဉ်မှာ ရှေ့ဆက်နိုင်မည် မဟုတ်ကြောင်း အဆိုပါ အမေရိကန်အဆင့်မြင့်အရာရှိက ဖြည့်စွက်ပြောဆိုကြောင်းလည်း အဆိုပါ သတင်းထောက်က ဖော်ပြသည်။ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုနှင့် တနင်္လာနေ့ တွေ့ဆုံမှုအတွင်း ၎င်း အဆိုပြုသည့် ဂါဇာအပစ်ရပ်ရေးအစီအစဉ်ကို အပြီးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။ ယနေ့ […]

ထရမ့်အမိန့် ဖီဆန်ရန် ကန်စစ်သားများကို တိုက်တွန်းသည့် ကိုလံဘီယာသမ္မတ ကန်ဗီဇာ ဖျက်သိမ်းခံရ

Dawei Watch

September 27, 2025

လက်ဝဲယိမ်း ကိုလံဘီယာသမ္မတ Gustavo Petro ၏ အမေရိကန်ဗီဇာကို ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနက စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်သည်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ပါလက်စတိုင်းထောက်ခံသည့် ဆန္ဒပြပွဲ၌ သမ္မတ Petro ၏ သွေးထိုးလှုံ့ဆော်သည့် လုပ်ရပ်များကြောင့် ယင်းသို့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။ “ဒီကနေ့ အစောပိုင်းမှာ ကိုလံဘီယာသမ္မတ Gustavo Petro ဟာ နယူးယောက်မြို့ရဲ့ လမ်းပေါ်မှာ ရပ်ပြီး အမေရိကန်စစ်သားတွေ အနေနဲ့ အထက်က အမိန့်တွေ မနာခံကြဖို့ တိုက်တွန်းခဲ့ပြီး အကြမ်းဖက်မှုဖြစ်လာအောင် လှုံ့ဆော်ခဲ့ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ ကိုလံဘီယာသမ္မတ Petro ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဗီဒီယိုတစ်ခု မျှဝေထားသည်ကို […]

ဘန်ကောက် ကားပါကင်တွင် ယာဉ် ၃၅ စီး မီးလောင်

Dawei Watch

September 27, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လူနေတိုက်ခန်းတွဲရှိ ကားပါကင်တွင် မီးလောင်မှုဖြစ်ခဲ့သဖြင့် ယာဉ် ၃၅ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၁ နာရီခွဲခန့်က ဘန်ကောက်မြို့ ရတ်ဘူရနနယ်မြေ စူစဝပ် ၁၇ လမ်း လူနေတိုက်ခန်းရှိ ကားပါကင်ထဲ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် တိုက်ခန်းနေ ပြည်သူများ ဘေးလွတ်ရာ အမြန်တိမ်းရှောင်နိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူမရှိဟု သိရသည်။ မီးလောင်မှုကို မီးသတ်သမားများက မိနစ် ၂၀ အတွင်း ထိန်းချုပ်နိုင်ခဲ့သော်လည်း ကားပါကင်ထဲ ရပ်ထားသော ကား ၃ စီး၊ ဆိုင်ကယ် ၂၉ စီး၊ စက်ဘီး ၃ စီး ပျက်စီးဆုံးရှုံးခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က […]

နေတိုးနှင့် EU က ရုရှားပေါ် အမှန်တကယ်စစ်ကြေညာထားပြီးဖြစ်ဟု ရုရှားက ကုလတွင် စွပ်စွဲ

Dawei Watch

September 26, 2025

နေတိုးနှင့် ဥရောပသမဂ္ဂ (EU) သည် ယူကရိန်းကို အသုံးချကာ ရုရှားအပေါ် စစ်ပွဲဆင်နွှဲနေကြောင်း ရုရှားနိုင်ငံခြားဝန်ကြီးက ကုလသမဂ္ဂတွင် စက်တင်ဘာလ ၂၅ ရက်က ပြောကြားလိုက်သည်။ ယူကရိန်းအနေဖြင့် ၎င်းတို့ ဆုံးရှုံးထားသည့် ပိုင်နက်အားလုံးကို ပြန်ယူနိုင်မည်ဟု ယူဆကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနှစ်ရက်အကြာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ၌ G-20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “နောက်ထပ်ရှင်းလင်းတဲ့ ဥပမာတစ်ခုကတော့ ယူကရိန်းမှာ ဖြစ်နေတဲ့ အကျပ်အတည်းဟာ အနောက်အုပ်စုရဲ့ လှုံ့ဆော် သွေးထိုးမှုကြောင့် ဖြစ်တယ်ဆိုတာပါပဲ။ နေတိုးနဲ့ ဥရောပသမဂ္ဂ (EU) ဟာ ကျွန်တော့်နိုင်ငံအပေါ် တကယ့်စစ်ပွဲတစ်ခု ကြေညာထားခဲ့ပြီးပါပြီ။ ဒီစစ်ပွဲမှာ သူတို့က တိုက်ရိုက်ပါဝင်နေကြတာပါ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov […]

ဆန္ဒပြပွဲများကြောင့် မဒါဂတ်စကားနိုင်ငံ မြို့တော်တွင် ညမထွက်ရအမိန့်ထုတ်

Dawei Watch

September 26, 2025

လျှပ်စစ်မီးနှင့် ရေ မကြာခဏပြတ်လပ်မှုများကြောင့် မာဒါဂတ်စကားနိုင်ငံ မြို့တော် အန်တနားနာရီဗိုတွင် စက်တင်ဘာလ ၂၅ ရက်က ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများ ပါဝင်လာပြီးနောက် ယင်းသို့ အမိန့်ထုတ်ထားခြင်း ဖြစ်ကြောင်း နိုင်ငံ့ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးက ဆိုသည်။ ဆန္ဒပြသူများက အစိုးရကို အပြစ်တင်ဝေဖန်ခဲ့ကြပြီး နိုင်ငံအနှံ့တွင် သန့်ရှင်းသည့် သောက်သုံးရေနှင့် လျှပ်စစ်မီး ပုံမှန်ရရှိရန် တောင်းဆိုခဲ့ကြသည်။ ကြာသပတေးနေ့က မြို့တော်အန်တနားနာရီဗိုတွင် လူငယ်အများစုပါဝင်သည့် ထောင်နှင့်ချီသော ဆန္ဒပြသူများကို လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ပစ်ခတ်ခဲ့သည်။ “ကံမကောင်းစွာနဲ့ပဲ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူများတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးဖို့ ကြိုးစားကြသူတွေလည်း ရှိနေတယ်” ဟု နိုင်ငံ့ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးက ကြာသပတေးနေ့က ပြောကြားခဲ့သည်။ ပြည်သူများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန် […]

အငြင်းပွားနယ်မြေဖြစ်သော အနောက်ဘက်ကမ်းကို အစ္စရေးအား သိမ်းခွင့်မပြုဟု ထရမ့်ပြော

Dawei Watch

September 26, 2025

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း အငြင်းပွားနယ်မြေဖြစ်သည့် အနောက်ဘက်ကမ်း (West Bank) ကို အစ္စရေးက သိမ်းပိုက်လိုက်တာမျိုး ခွင့်ပြုမည်မဟုတ်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လာသည့် အာရပ်နှင့် မွတ်စလင်အများစုနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ထရမ့်က ယင်းသို့ အာမခံပြောကြားလိုက်ခြင်း ဖြစ်သည်။ ယင်းမှာ အဆိုပါဧရိယာကို အစ္စရေးပိုင်နက်အတွင်း ထည့်သွင်းလိုသည့် လက်ယာစွန်းအစ္စရေး နိုင်ငံရေးသမားများ၏ လှုံ့ဆော်မှုများကို ထရမ့်က ငြင်းဆန်ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုသည် အနောက်ဘက်ကမ်း (West Bank) ကို သိမ်းပိုက်ရန် ၎င်း၏ လက်ယာယိမ်းမဟာမိတ်များထံမှ ဖိအားနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ယင်းအခြေအနေက အာရပ်ခေါင်းဆောင်များအကြား စိုးရိမ်မှုများ မြင့်တက်စေခဲ့ပြီး အဆိုပါ အာရပ်ခေါင်းဆောင်အချို့သည် […]

CI မှ ပတ်စပို့ ပြောင်းလျှောက်သူများကို ထိုင်းတွင်သာ အသုံးပြုခွင့်ရှိကြောင်း တံဆိပ်တုံးထုပြီး ထုတ်ပေး

Dawei Watch

September 25, 2025

ထိုင်းတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI စာအုပ်) ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများ နိုင်ငံကူး လက်မှတ် ပြောင်းလဲလျှောက်ထားရာတွင် ထိုင်းတစ်နိုင်ငံတည်းတွင် အသုံးပြုခွင့်ပြုဆိုသည့် တံဆိပ်တုံးထုကာ ထုတ်ပေး ကြောင်း ဗီဇာဝန်ဆောင်မှုလုပ်ကိုင်သူများနှင့်ကိုယ်တိုင်ကြုံရသူများထံမှ သိရသည်။ CI စာအုပ်မှာ ထိုင်းနိုင်ငံတွင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသားများကို ပြုလုပ်ပေးသည့် သက်သေခံလက်မှတ် တစ်ခုဖြစ်သည်။ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ပြောင်းလျှောက်ပြီးနောက် စက်တင်ဘာလ ၂၄ ရက်တွင် စာအုပ်ပြန်ရစဥ် Passport for Thailand only တံဆိပ်တုံး ထုထားသည်ကို တွေ့ရကြောင်း ကိုယ်တိုင်ကြုံရသည့် ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။ ဗီဇာနှင့် ပတ်စပို ဝန်ဆောင်မှုလုပ်ကိုင်နေသည့် လုပ်ငန်းများ၏ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း မဟာချိုင်ဒေသတွင် စာအုပ်ပြောင်းလျှောက်သူများတွင် ယင်းသို့ တံဆိပ်တုံးများ စထုပေးနေကြောင်း ဖော်ပြနေကြသည်ကို […]