ဂါဇာတွင် အပစ်ရပ်ပြီး အကျဉ်းသားများ ပြန်လွှတ်ပေးရန် အစ္စရေးနှင့် ဟားမတ်စ် သဘောတူ
Dawei Watch
October 9, 2025ဂါဇာတွင် တိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်းပြီး ဓားစာခံနှင့် အကျဉ်းသားအချို့ကို ပြန်လွှတ်ပေးရန် အစ္စရေးနှင့် ဟားမတ်စ်နှစ်ဘက်စလုံးက သဘောတူလိုက်ပြီ ဖြစ်သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အဆိုပြုသည့် ဂါဇာငြိမ်းချမ်းရေးအစီအစဉ်အရ ယင်းသို့ ဆောင်ရွက်ရန် သဘောတူလိုက်ခြင်း ဖြစ်သည်။ အဆိုပါ သဘောတူညီချက်မှာ အချိန် ၂ နှစ် ကြာမြင့်နေပြီဖြစ်သော ဂါဇာစစ်ပွဲနှင့် ပတ်သက်၍ လပေါင်းများစွာအတွင်း အကြီးမားဆုံးသော အပြုသဘောဆောင်ရလဒ် ဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြသည်။ “ဒီသဘောတူညီချက်အရ ဓားစာခံတွေအားလုံးကို ပြန်လွှတ်ပေးတော့မယ်။ အစ္စရေးကလည်း သူတို့ သဘောတူထားတဲ့ နယ်နိမိတ်မျဉ်းဆီ သူတို့ရဲ့ တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းပေးတော့မယ်။ ဒါတွေဟာ ခိုင်မာ ၊ တည်တံ့ပြီး ထာဝရငြိမ်းချမ်းရေးဆီ ဦးတည်တဲ့ ပထမဆုံး ခြေလှမ်းတွေ ဖြစ်တယ်” ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် […]


