ယူကရိန်းစစ် အဆုံးသတ်ရေး ဆွေးနွေးရန် ပူတင်နှင့် ဟန်ဂေရီတွင်တွေ့မည်ဟု ထရမ့်ပြော
Dawei Watch
October 17, 2025ယူကရိန်းစစ် အဆုံးသတ်ရေး ဆွေးနွေးရန် လာမည့်ရက်သတ္တပတ်နှစ်ပတ်ခန့် အတောအတွင်း ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဟန်ဂေရီတွင် တွေ့ဆုံသွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၆ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ကြာသပတေးနေ့တွင် ပူတင်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ထရမ့်က ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ပူတင်နှင့် ဖုန်းပြောဆိုမှုမှာ အကျိုးဖြစ်ထွန်းမှုရှိကြောင်းလည်း ထရမ့်က ပြောသည်။ သမ္မတထရမ့်သည် ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ယူကရိန်းသမ္မတဇလန်းစကီးနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံသွားရန် ရှိသည်။ လက်ရှိအချိန်တွင် ယူကရိန်းနှင့် ရုရှားအကြား အပြန်အလှန် အကြီးအကျယ် တိုက်ခိုက်နေကြပြီး နေတိုးအဖွဲ့မှာလည်း ရုရှား၏ လေကြောင်းကျူးကျော်မှုတွေကို တုံ့ပြန်ရန် ရုန်းကန်နေရသည်။ အဆိုပါ နောက်ခံအခြေအနေများအကြားတွင် ယူကရိန်းသမ္မတအနေဖြင့် အမေရိကန်ထံမှ စစ်ရေးအထောက်အပံ့ပိုမိုရရှိရေး တွန်းအားပေးတောင်းဆိုရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူတော်တွင် ယနေ့ […]


