အရှေ့တီမော အာဆီယံအဖွဲ့ဝင် ဖြစ်ပြီ
Dawei Watch
October 26, 2025အာရှ၏ အသက်အငယ်ဆုံးနိုင်ငံဖြစ်သည့် အရှေ့တီမောသည် ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်သို့ တရားဝင်ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ယနေ့ တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့၌ ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အရှေ့တီမော၏ အာဆီယံအဖွဲ့ဝင်ဖြစ်မှုကို တရားဝင်အတည်ပြုလိုက်ခြင်း ဖြစ်သည်။ အရှေ့တီမောအလံကို စင်မြင့်ပေါ်သို့ တင်လိုက်ချိန်၌ လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ ယင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ နီးပါးခန့်ကတည်းက ချမှတ်ထားသည့် မျှော်မှန်းချက်တစ်ရပ်ကို အရှေ့တီမောခေါင်းဆောင်များ အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြထားသည်။ အရှေ့တီမောသည် လူဦးရေ ၁ ဒသမ ၄ သန်းသာ ရှိပြီး အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခု ဖြစ်သည်။ အာဆီယံအဖွဲ့ထဲ […]


