ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် နိုင်ငံအရေးပေါ်အခြေအနေကြေညာ

Dawei Watch

November 6, 2025

ယခုနှစ်အတွင်း နိုင်ငံတွင် လူအသေအပျောက်အများဆုံး ဖြစ်စေခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ကယ်လ်မက်ဂီကြောင့် ဖိလစ်ပိုင်တွင် သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် နိုင်ငံ့အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ မုန်တိုင်းနောက်ဆက်တွဲ သဘာဝဘေးကူညီကယ်ဆယ်ရေး အရေးပေါ်ရန်ပုံငွေများကို အဆောတလျင် ထုတ်ပေးနိုင်ရန်နှင့် စားနပ်ရိက္ခာသိုလှောင်ကာ ကုန်ဈေးနှုန်းအဆမတန် တင်ရောင်းမှုများကို တားဆီးရန် ရည်ရွယ်ကြောင်း ဆိုသည်။ မုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူ ၁၁၄ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၁၃၀ နီးပါး ပျောက်ဆုံးနေဆဲ အခြေအနေတွင် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ သေဆုံးသူအများစုမှာ မုန်တိုင်းနောက်ဆက်တွဲ ရုတ်တရက် ရေကြီးလာမှုကြောင့် ရေနစ်သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ပျောက်ဆုံးနေသူအများစုမှာ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် နိုင်ငံ့အလယ်ပိုင်း ဆီဘူးပြည်နယ်မှ ဒေသခံများ ဖြစ်ကြသည်။ အဆိုပါ မုန်တိုင်းသည် ဗုဒ္ဓဟူးနေ့တွင် […]

လူငယ်များ သေကြောင်းကြံရန် တွန်းအားပေးမှုဖြင့် Tik Tok ကို ပြင်သစ်အာဏာပိုင်များ စစ်ဆေး

Dawei Watch

November 5, 2025

သုံးစွဲသူ လူငယ်များအား မိမိကိုယ်မိမိ အဆုံးစီရင်ရန် တွန်းပို့နေသည့် အန္တရာယ်များနှင့် ဆက်စပ်၍ Tik Tok ကုမ္ပဏီနှင့် ၎င်း၏ လူမှုကွန်ရက်ပလက်ဖောင်းအယ်လ်ဂိုရစ်သမ်များကို ပြင်သစ်တရားရေးအာဏာပိုင်များက စုံစမ်းစစ်ဆေးမှု စတင်လိုက်ပြီ ဖြစ်သည်။ သုံးစွဲသူလူငယ်များ၏ အသက်အန္တရာယ်ထိခိုက်စေမှုနှင့် ပတ်သက်၍ Tik Tok ကုမ္ပဏီတွင် တာဝန်ကင်းမကင်းဆိုသည့်အပေါ် ပြင်သစ်ပါလီမန်ကော်မတီ၏ တောင်းဆိုချက်အရ ယင်းသို့ စုံစမ်းစစ်ဆေးရခြင်းဖြစ်ကြောင်း ပါရီအစိုးရရှေ့နေချုပ်က ဆိုသည်။ Tik Tok ၏ အကြောင်းအရာ စိစစ်ထိန်းချုပ်မှုမလုံလောက်ခြင်း ၊ အရွယ်မရောက်သေးသူများကပါ အလွယ်တကူ ဝင်ရောက်သုံးစွဲနိုင်ခြင်း ၊ မိမိကိုယ်ကို အဆုံးစီရင်ရန် တွန်းအားပေးနိုင်သည့် ရှုပ်ထွေးသည့် အယ်လ်ဂိုရစ်သမ်တို့ကို ပြင်သစ်ပါလီမန်ကော်မတီ၏ အစီရင်ခံစာတွင် ထောက်ပြထားသည်။ ယင်းနှင့် ပတ်သက်၍ Tik Tok ကုမ္ပဏီဘက်က တစုံတရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးကြောင်း […]

ယူကေတွင် ဆေးလိပ်ထက် Vape သုံးစွဲသူ ပိုများလာ

Dawei Watch

November 5, 2025

နိုင်ငံအတွင်း အသက် ၁၆ နှစ်အထက် အရွယ်ရောက်ပြီးသူများအကြား ဆေးလိပ်သောက်သူအရေအတွက်ထက် အီးစီးကရက် ခေါ် Vape သုံးစွဲသူ အရေအတွက်က ပိုများလာကြောင်း ယူကေအစိုးရက ထုတ်ပြန်လိုက်သည်။ ယင်းမှာ ယူကေတွင် ဆေးလိပ်သောက်သူ အရေအတွက်ထက် vape သုံးစွဲသူအရေအတွက်က ပထမဆုံးအကြိမ် ကျော်တက်လာခြင်း ဖြစ်သည်။ စစ်တမ်းအရ ၂၀၂၄ ခုနှစ်အတွင်း ယူကေတွင် အရွယ်ရောက်ပြီးသူ ၅ ဒသမ ၄ သန်းခန့်သည် Vape သုံးစွဲမှုကို နေ့စဉ် သို့မဟုတ ရံဖန်ရံခါ ပြုလုပ်လျက်ရှိပြီး အရွယ်ရောက်ပြီးသား ဆေးလိပ်သောက်သူအရေအတွက်မှာ ၄ ဒသမ ၉ သန်းသာ ရှိကြောင်း သိရသည်။ Vape နေ့စဉ်သုံးစွဲမှုကို အသက် ၂၅ နှစ်မှ ၄၉ နှစ်အကြား အရွယ်အပိုင်းအခြား၌ အများဆုံး […]

မော်လ်ဒိုက်တွင် လူငယ်များ ဆေးရွက်ကြီးသုံးစွဲမှု ပိတ်ပင်

Dawei Watch

November 4, 2025

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နှင့် နောက်ပိုင်းတွင် မွေးဖွားသည့် နိုင်ငံသား လူငယ်အားလုံးကို ဆေးရွက်ကြီး သုံးစွဲခွင့် တားမြစ်လိုက်ကြောင်း မော်လဒိုက်အစိုးရက နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။ ထို့ကြောင့် မော်လ်ဒိုက်နိုင်ငံသည် ကမ္ဘာပေါ်တွင် ယင်းသို့ တားမြစ်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာသည်။ လူငယ်မျိုးဆက်များအကြား ဆေးရွက်ကြီးသုံးစွဲခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်းတို့သည် ဥပဒေနှင့် ဆန်ကျင့်သော လုပ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း မော်လ်ဒိုက်ကျန်းမာရေးဝန်ကြီးဌာန၏ စနေနေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါ တားမြစ်ချက်က လူငယ်များကို ဆေးရွက်ကြီး၏ ဆိုးကျိုးများမှ ကာကွယ်ရန်အတွက် အစိုးရ၏ ခိုင်မာသော ကတိကဝတ်ကို ထင်ဟပ်ပြသကြောင်း ဝန်ကြီးဌာနက ဆိုသည်။ မော်လ်ဒိုက်နိုင်ငံ ဆေးရွက်ကြီးထိန်းချုပ်ရေးဘုတ်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ Ahmed Afaal က ယမန်နှစ်က နိုင်ငံအတွင်း […]

ဆီးရီးယားသမ္မတ အိမ်ဖြူတော် သွားမည်

Dawei Watch

November 3, 2025

သမ္မတအာမက်အယ်ရှာရာသည် ယခု နိုဝင်ဘာလအတွင်း အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်သို့ သွားရောက်ကာ ဆီးရီးယားနိုင်ငံ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ဆွေနွေးသွားမည် ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂ ရက်နေ့က ပြောဆိုလိုက်သည်။ ဆီးရီးယားသမ္မတအာမက်အယ်လ်ရှာရာသည် အိမ်ဖြူတော်သို့ နိုဝင်ဘာလ ၁၀ ရက်ဝန်းကျင်တွင် လာရောက်လည်ပတ်မည်ဟု အမေရိကန်အရာရှိတစ်ဦးကလည်း ဆိုသည်။ “ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းရေး ၊ အမေရိကန်နဲ့ ဆီးရီးယားအကြား ဆက်ဆံရေးအခန်းသစ် ဖွင့်လှစ်ရေးတို့အပါအဝင် ကိစ္စရပ်တော်တော်များများကို ဆွေးနွေးသွားမှာပါ။ နှစ်နိုင်ငံအကြား အင်မတန်ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေးကို ကျွန်တော်တို့ တည်ဆောက်ချင်ပါတယ်” ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အာမက်အယ်လ်ရှီဘာနီက ဖြည့်စွက်ပြောသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ယခင်က မည်သည့်ဆီးရီးယားသမ္မတကမျှ ဝါရှင်တန်သို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ဖူးခြင်း မရှိကြောင်း သိရသည်။ ဆီးရီးယားသမ္မတအာမက်အယ်လ်ရှာရာသည် ယခုနှစ် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ ၊ […]

ဝက်ဝံများ၏တိုက်ခိုက်မှု မြင့်တက်လာသဖြင့် ဂျပန်တွင် မုဆိုးများ ငှားရမ်းရန်စီစဉ်

Dawei Watch

November 1, 2025

ဂျပန်နိုင်ငံတွင် ဝက်ဝံများက လူကိုတိုက်ခိုက်မှု သိသာစွာ မြင့်တက်လာပြီး ပြည်သူများအကြား စိုးရိမ်မှုကြီးထွားလာသဖြင့် မုဆိုးများကို ငှားရမ်း၍ ဝက်ဝံများကိုရှင်းလင်းသွားရန် ဂျပန်အစိုးရက စီစဉ်လျက်ရှိသည်။ လူနေရပ်ကွက်များအတွင်း လျှောက်သွားကာ လူကိုတိုက်ခိုက်သည့် ဝက်ဝံများအရေးကို ကိုင်တွယ်ရန် လိုင်စင်ရမုဆိုးများနှင့် အခြားဝန်ထမ်းများကို ငှားရမ်းရန် သီးသန့်ရန်ပုံငွေထားရှိမည်ဟု ဂျပန်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက အောက်တိုဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် ဝက်ဝံတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ရပြီး၊ လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ ယင်းမှာ စတင်မှတ်တမ်းကောက်ယူခဲ့သည့် ၂၀၀၀ ပြည့်နှစ်မှစ၍ နိုင်ငံအတွင်း စံချိန်တင်အများဆုံး ဝက်ဝံတိုက်ခိုက်ခံရမှု ဖြစ်သည်။ ဝက်ဝံများမှာ ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ကြီးလေးသော ခြိမ်းခြောက်မှုဖြစ်ဟု ဂျပန်အစိုးရကပြောဆိုသည်။ ဝက်ဝံများကို ရဲအရာရှိများက ၎င်းတို့၏ ရိုင်ဖယ်သေနတ်များဖြင့် […]

တရုတ်၏ ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’ ကို မလိုလားကြောင်း ထိုင်ဝမ်သမ္မတပြော

Dawei Watch

October 31, 2025

ထိုင်ဝမ်က တရုတ်၏ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ကို မလိုလားကြောင်း သမ္မတလိုင်ချင်းထယ်က ယနေ့ အောက်တိုဘာလ ၃၁ ရက်တွင် ပြောကြားလိုက်သည်။ ထိုင်ဝမ်၏ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပြီး မိမိကိုယ်မိမိ ခုခံကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားရမည် ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းထယ်က ဆိုသည်။ ယင်းမှာ ထိုင်ဝမ်ကျွန်းကို ၎င်းတို့၏ ထိန်းချုပ်မှုအောက် ရောက်ရှိစေရေးအတွက် တရုတ်၏ အင်တိုက်အားတိုက် တွန်းအားပေးလာမှုကို ထိုင်ဝမ်ဘက်က ပယ်ချလိုက်ခြင်းဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ ထိုင်ဝမ်အရေးတွင် စစ်အင်အားသုံးမှုကို “လုံးဝ” ပယ်ချမည် မဟုတ်ကြောင်း တရုတ်နိုင်ငံက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။ ယင်းမှာ တရုတ်ပြည်မကြီးလက်အောက် ရောက်လာပါက ထိုင်ဝမ်ကို သဘောထားပျော့ပျောင်းစွာ အုပ်ချုပ်မည်ဟု ကတိပြု ပြောဆိုရေးသားနေသည့် တရုတ်ပြည်မကြီးအစိုးရပိုင်မီဒီယာများရှိ ဆောင်းပါးများထက် ပိုမိုတင်းမာသော […]

လူကြိုက်များသော ဟွန်ထိုင်းရှူဆေးဘူးအပါအဝင် လိုင်စင်မဲ့ရှူဆေးဘူး နှစ်သန်းကျော်ကို ထိုင်း FDA သိမ်း

Dawei Watch

October 31, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နာမည်ကြီး လူကြိုက်များသော ဟွန်ထိုင်း ရှူဆေးဘူးအပါအဝင် လိုင်စင်မဲ့ ရှူဆေး ဘူးများကို ထုတ်လုပ်နေသော စက်ရုံများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ရှူဆေးဘူး နှစ်သန်းကျော်ကို သိမ်းဆည်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၃၀ ရက်က ဘန်ကောက်နှင့် စမွတ်စခွန်ရှိ လိုင်စင်မဲ့ တိုင်းရင်းဆေးထုတ်လုပ်သော နေရာနှင့် သိမ်းဆည်း ထားသော နေရာ လေးခုကို ထိုင်း အစားအသောက်နှင့် ဆေးဝါးကွက်ကဲမှုဌာန (FDA) နှင့် CIB ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေးချိန် လိုင်စင်မဲ့ ရှူဆေးဘူးများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ တွေ့ရှိခဲ့သော လိုင်စင်မဲ့ ရှူဆေးဘူးများတွင် နာမည်ကြီး ဟွန်ထိုင်းတံဆိပ် အစိမ်းရောင် ရှူဆေးဘူးလည်း ပါဝင်နေပြီး နောက်ထပ် အမျိုးအစားအစုံ အစိမ်းရောင် ရှူဆေးဘူး၊ ပရုပ်ဆီများအားလုံး […]