ဗင်နီဇွဲလားကို အမေရိကန် တိုက်ခိုက် ၊ ဗင်နီဇွဲလားတပ်ဖွဲ့များ အသင့်ပြင်
Dawei Watch
January 3, 2026ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်က တိုက်ခိုက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ အစောပိုင်းတွင် ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ အမည်မဖော်လိုသူ အဆိုပါ အရာရှိက အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း ယင်းသတင်းတွင် ပါရှိသည်။ ယနေ့ နံနက်အစောပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်ကာရာကတ်စ်နှင့် အခြားဒေသများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ယင်းမှာ အမေရိကန်၏ “စစ်ရေးအရကျူးကျော်တိုက်ခိုက်မှု” ဖြစ်၍ လက်မခံနိုင်ကြောင်း ဗင်နီဇွဲလားအစိုးရက တုံ့ပြန်ထားသည်။ ဗင်နီဇွဲလားနိုင်ငံ၏ ပြည်နယ်သုံးခု တိုက်ခိုက်ခံရသဖြင့် သမ္မတမာဒူရိုက နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာကာ တပ်ဖွဲ့များကို အသင့်ပြင်ထားသည်။ ယနေ့ နံနက် ၂ နာရီခန့်မှစ၍ ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တစ်ခွင် ပေါက်ကွဲသံများ၊ လေယာဉ်များနှင့် မီးခိုးမည်းများကို မြင်တွေ့ရကြောင်း ရိုက်တာသတင်းဌာနက […]


