ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သည့် သင်္ဘောတိုင်းကို တိုက်ခိုက်မည်ဟု အီရန်ဆို

March 3, 2026

ကမ္ဘာ့အရေးအပါဆုံး ရေနံတင်ပို့သည့် လမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားလိုက်ပြီဖြစ်၍ ဖြတ်သန်းရန် ကြိုးပမ်းသည့် မည်သည့်သင်္ဘောကိုမဆို ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက မတ်လ ၂ ရက်နေ့တွင် သတိပေးပြောကြားလိုက်သည်။

ယခုသတိပေးမှုမှာ ရေနံတင်ပို့ရေးလမ်းကြောင်းကို ပိတ်လိုက်ပြီဟု စနေနေ့တွင် အီရန်ဘက်က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာသည့် အပြတ်သားဆုံး သတိပေးချက် ဖြစ်သည်။

“ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပါပြီ။ ဘယ်သူပဲဖြစ်ဖြစ် ဖြတ်သန်းဖို့ ကြိုးစားမယ်ဆိုရင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ သူရဲကောင်းတွေနဲ့ ပုံမှန်ရေတပ်တို့က အဲဒီသင်္ဘောတွေကို မီးတောက်လောင်သွားအောင် တိုက်ခိုက်မှာပါ” ဟု တော်လှန်ရေးအစောင့်တပ်ဖွဲ့ စစ်ဦးစီးချုပ်၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် အီဘရာဟမ် ဂျဘာရီက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။

ယင်းကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု၏ ငါးပုံတစ်ပုံကို ရပ်တန့်သွားနိုင်ပြီး ရေနံစိမ်းဈေးနှုန်းများလည်း ရုတ်တရက် မြင့်တက်လာစေနိုင်သည့် အန္တရာယ်ရှိနေကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

အဆိုပါ ရေလက်ကြားသည် ကမ္ဘာ့အရေးအပါဆုံး ရေနံတင်ပို့သည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး ဆော်ဒီအာရေဗျ၊ အီရန်၊ အီရတ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုကဲ့သို့သော ရေနံထုတ်လုပ်သည့် ပင်လယ်ကွေ့နိုင်ငံများကို အိုမန်ပင်လယ်ကွေ့ ၊ အာရေဗီယန်ပင်လယ်တို့နှင့် ချိတ်ဆက်ပေးထားသည်။

Source: Reuters