ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ကမ္ဘာ့ဖလားကို Monomax ရုပ်သံလိုင်းတွင် ပြသမည်

June 11, 2026

ထိုင်းစံတော်ချိန် မနက်ဖြန်(ဇွန် ၁၂)မနက် ၂ နာရီတွင် စတင်မည့် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို ထိုင်းရုပ်သံလိုင်းဖြစ်သော Monomax တွင် ပြသသွားမည်ဖြစ်သည်။

၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပွဲများ မစတင်မီ နာရီပိုင်းအလိုတွင် Jasmine International Plc (JAS) ကုမ္ပဏီက ရုပ်သံထုတ်လွှင့်ခွင့်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့ဖလား ဘောလုံးပွဲပေါင်း ၁၀၄ ပွဲကို Monomax ရုပ်သံလိုင်းနှင့် အက်ပလီကေးရှင်းတွင် ပြသသွားမည်ဖြစ်ပြီး ပုံမှန်လစဉ်ကြေးဖြင့် ဝယ်ယူထားသူများအားလုံး ကြည့်ရှုခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နောက်ထပ် ကမ္ဘာ့ဖလား ဖွင့်ပွဲများနှင့် ဗိုလ်လုပွဲစဉ်များ အပါအဝင် ပွဲစဉ် တစ်ဝက်ကိုလည်း အခမဲ့ ရုပ်သံလိုင်းများတွင် ပြသနိုင်ရေး ညှိနှိုင်းပြီးလျှင် ထုတ်ပြန်ပေးမည်ဟုဆိုသည်။

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို နိုင်ငံပေါင်း ၄၈ နိုင်ငံ၏ ဘောလုံးအသင်းများက ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို အိမ်ရှင်နိုင်ငံများဖြစ်သော မက္ကဆီကို၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် သုံးကြိမ် ကျင်းပမည်ဖြစ်သည်။

Ref: Bangkok Post, The Nation Thailand