ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖွင့်ပွဲကို သုံးနေရာခွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား

June 11, 2026

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သမိုင်းတစ်လျှောက် မကြုံစဖူး ထူးခြားတဲ့ပုံစံနဲ့ စတင်တော့မှာပါ။ နိုင်ငံ ၃ ခုက ပူးတွဲအိမ်ရှင်ဖြစ်ခွင့်ရတာဖြစ်လို့ ဖွင့်ပွဲအခမ်းအနားကို တစ်နေရာတည်းမှာမဟုတ်ဘဲ ၃ နေရာ ခွဲပြီး ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ ဇွန်လ ၁၁ ရက် ကြာသပတေးနေ့၊ မက္ကဆီကိုစီးတီးမှာ ကစားမယ့် မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ရဲ့ အဖွင့်ပွဲစဉ်မတိုင်မီ ကမ္ဘာကျော်အဆိုတော် ရှာကီရာ နဲ့ ဘာနာဘွိုင်း တို့က ၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်းဖြစ်တဲ့ “Dai Dai” ကို ကမ္ဘာ့ဖလားဖွင့်ပွဲစင်မြင့်ထက်မှာ သီဆိုဖျော်ဖြေပြီး ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာစံတော်ချိန်အရ ဖွင့်ပွဲအခမ်းအနားဟာ ဇွန်လ ၁၂ ရက်၊ မနက် ၁ နာရီခွဲ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ဖွင့်ပွဲအဖြစ် ပူးတွဲအိမ်ရှင် မက္ကဆီကို နဲ့ အာဖရိကကိုယ်စားပြု တောင်အာဖရိက တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဇွန်လ ၁၂ ရက်၊ မနက် ၃ နာရီမှာ ပွဲစဉ်စတင်ကစားမှာဖြစ်ပါတယ်။

ဒုတိယမြောက် ဖွင့်ပွဲအခမ်းအနားကိုတော့ ဇွန်လ ၁၂ ရက် သောကြာနေ့မှာ ကျင်းပဖို့ ရှိနေပါတယ်။ ဒီနေ့မှာတော့ ဖွင့်ပွဲအခမ်းအနားတွေက အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါမှာ ကျင်းပမှာပါ။ မြန်မာစံတော်ချိန် ဇွန်လ ၁၃ ရက်နေ့ ဖြစ်ပါလိမ့်မယ်။ ဒီနေ့ ကျင်းပမယ့် မက္ကဆီကိုက ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကို မက္ကဆီကို ယဉ်ကျေးမှုကို အခြေခံထားတဲ့ တိုင်းရင်းသားရိုးရာ အကအလှ၊ ဂီတတွေနဲ့အတူ ခေတ်ပေါ်ဖျော်ဖြေရေးတွေကို အဓိကထားတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ရှာကီရာ၊ ဘာနာဘွိုင်း၊ အေလီဂျန်ဒရို ဖာနန်ဒက်ဇ်၊ ဘီလင်ဒါ၊ ဒန်နီ အိုးရှင်း၊ ဂျေ ဘော်လ်ဗင်၊ လီလာ ဒေါင်းစ်၊ လော့စ်အိန်ဂျလိစ် အေဇူးစ်၊ မာနာနဲ့ တိုင်လာ တို့က ဒီညမှာ ဖျော်ဖြေကြပါလိမ့်မယ်။