ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် စက်သုံးဆီဈေး စတက်၊ ဆီဆိုင်များတွင် တန်းစီဝယ်ယူနေ

March 3, 2026

ပုံစာ - ထိုင်းတောင်ပိုင်း ဆီဆိုင်များတွင် ပြည်သူများ တန်းစီ၍ ဆီဝယ်ယူနေကြစဉ်

ထိုင်းနိုင်ငံတွင် စက်သုံးဆီဈေးများ ယနေ့ နံနက်ပိုင်းမှစ၍ စတက်လာပြီဖြစ်ပြီး ပြည်သူများ ဆီဆိုင်များတွင် တန်းစီဝယ်ယူမှုများ ရှိလာကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ မတ်လ ၃ ရက် နံနက် ၅ နာရီမှစ၍ Shell ကုမ္ပဏီနှင့် Caltex ကုမ္ပဏီ၏ စက်သုံးဆီဆိုင်များတွင် ဆီဈေး စတင် မြင့်တက်သွားပြီဖြစ်သည်။

ဓါတ်ဆီ 91 နှင့် 95 များကို တစ်လီတာလျှင် ၁ ဒသမ ၅ စီတိုးမြှင့်လိုက်ပြီး ဒီဇယ်များကို တစ်လီတာလျှင် ၄ ဒသမ ၂ ဘတ်စီ တိုးမြှင့်လိုက်ကြောင်း သိရသည်။

Caltex ကုမ္ပဏီ (ကြယ်တလုံး) ဆီဆိုင်ကလည်း ယနေ့နံနက် ၁၁ နာရီမှစ၍ ဓါတ်ဆီ 91 နှင့် 95 ဈေးနှုန်းကို တစ်လီတာလျှင် ၀ ဒသမ ၉ ဘတ်စီ တိုးမြှင့်လိုက်ပြီး ဒီဇယ်ဈေးနှုန်းကို ၁ ဒသမ ၈ ဘတ် တိုးလိုက်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင် Shell ကုမ္မဏီ၏ ဆီဆိုင်များတွင် ဓါတ်ဆီ 91 တစ်လီတာလျှင် ၃၂ ဒသမ ၂၈ ဘတ်၊ 95 တစ်လီတာလျှင် ၃၂ ဒသမ ၈၅ ဘတ်နှင့် ဒီဇယ်တစ်လီတာလျှင် ၃၄ ဒသမ ၁၄ ဘတ်အထိ မြင့်တက်လာကြောင်း သတင်းများတွင် ဖော်ပြသည်။

သို့သော်လည်း အခြားကုမ္ပဏီများဖြစ်သော PTT ဆိုင်၊ PT ဆိုင်၊ Bangchak ဆိုင်များတွင်မူ ပြည်သူများ ဝန်ထုပ်ဝန်ပိုး ထပ်မဖြစ်စေရန် လက်ရှိဈေးနှုန်းများအတိုင်း ဆက်လက်ထားရှိထားမည်ဖြစ်ကြောင်း သတင်းတွင်ပါရှိသည်။

ထို့ကြောင့် ယင်းဆိုင်များတွင် နဂိုမူလဈေးများအတိုင်းသာ ဖြစ်နေမည်ဖြစ်ပြီး ဓါတ်ဆီ 91 နှင့် 95 တစ်လီတာလျှင် ဘတ် ၃၀‌ ကျော်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၉ ဘတ်ကျော် ဖြင့်ရောင်းချပေးနေသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်၍ အမေရိကန်အပါအဝင် အစ္စရေး-အီရန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တင်းမာနေချိန် ထိုင်းနိုင်ငံကလည်း လောင်စာဆီများကို ပြည်ပနိုင်ငံများသို့ ပြန်လည်တင်ပို့မှုကို ရပ်ဆိုင်းထားသည်။

စက်သုံးဆီဈေးနှုန်းများ စတင်မြင့်တက်လာမှုနှင့်အတူ ထိုင်းတောင်ပိုင်းက နေရာအချို့ရှိ ပြည်သူများကလည်း ဆီဆိုင်များတွင် တန်းစီဝယ်ယူမှုများအထိ မြင်တွေ့လာရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံထဲတွင် လောင်စာဆီ ၇ ဒသမ ၆၆ ဘီလီယံလီတာအထိ သိုလှောင်ထားပြီးဖြစ်သဖြင့် ယင်းပမာဏက နှစ်လတာ (ရက် ၆၀) အထိ ဖူလုံမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ပြောထားသည်။

Ref: The Nation Thailand, Amarin TV

ပုံစာ – ထိုင်းတောင်ပိုင်း ဆီဆိုင်များတွင် ပြည်သူများ တန်းစီ၍ ဆီဝယ်ယူနေကြစဉ်